03

42 3 0
                                    

မန်နေဂျာအမက ကတိအတိုင်း သူ့ကို သွားခွင့်ပေးသည့်အပြင် နေထိုင်ဖို့ပါ စီစဉ်ပေးသည်။ သို့သော်လည်း မိုးသွင်မှာ နေမကောင်းဖြစ်နေ၍ အိမ်မပြောင်းဖြစ်သေးပေ။ ထို့ကြောင့် CCTV အခန်းထဲသွားကာ စက်နေကို တွေ့လ်ိုတွေ့ငြားလိုက်ကြည့်မိသေးသော်လည်း ဘာအရိပ်အယောင်မှ မတွေ့ပေ။
ဒီလူ တကယ်ကြီးမလာတော့တာလား..။
CCTV ကိုကြည့်ရင်း ငြီးငြူမိသည်။
တစ်ပတ်ရှိပြီ စောင့်ကြည့်နေတာကို မလာဘူး။
အစကတော့ ဒီလူ့ကိုတွေ့ရမယ်ဆို အိမ်မပြောင်းဘဲ နေတော့မလို့။ ဒီလူ့ကို သူတော်တော်လေး သဘောကျမိသွားလို့လေ။
အိမ်ပြောင်းတာပဲကောင်းပါတယ်။
ဒီကနေထွက်သွားရမယ်ဆိုတော့လည်း စိတ်က နည်းနည်းလွမ်းချင်သလိုပင်။ တကယ်ဆိုဒီနေရာက သူ့ဘ၀တစ်လျှောက်လုံး အမှတ်တရတေရှိတဲ့နေရာ မလား။ သူကောင်းကောင်းမမှတ်မိတော့သော လူသားတစ်ဦးလည်း ရှိခဲ့ဖူးသည်။ ဘ၀ပေးအခြေနေအရ အသုံးတော်ခံအဖြစ် ယခင်က အလုပ်လုပ်နေကြသော အမျိုးသမီးများသည်လည်း သူ့ကို စောင့်ရှောက်ပေးခဲ့ကြဖူးသည်။ ငယ်စဉ်တုန်းကတော့ clubမှ ၀န်ထမ်းများက မိုးသွင်ကိုဆို သဲသဲလှုပ်ကြသော်လည်း မေမေမရှိတော့သည့်အချိန်တွင်တော့ ပြောင်းလဲသွားကြသည်။
မိုးသွင်သည် ဤclubတစ်ခုလုံးတွင် အခွင့်ထူးခံဟူသော အမည်ကို ပိုင်ဆိုင်လာရသည်နှင့်အမျှ မိုးသွင်ဘေးနားကလူတေက တရွေ့ရွေ့ထွက်ခွာသွားကြသည်။ ထို့ကြောင့် သူ့တွင်ဒီနေရာနှင့်ပက်သတ်၍ တမ်းတစရာ အမှတ်တရများသာရှိသည်။
နှုတ်ဆက်ရတော့မယ်...။
မိုးသွင်က ညှိုးနွမ်းနေသော စိတ်တို့ကို ပြန်လည်တက်ကြွလာစေရန်အတွက် ဈေး၀ယ်ထွက်ရန်ပြင်လိုက်သည်။ သူသွားတတ်တာဆိုလို့ အဲ့ဒီ super marketပဲရှိသည်။
ရွှေ့ပြောင်းဖို့ အိတ်တေ၀ယ်ရမှာဘဲ...။
Club နှင့် အနည်းငယ် ကွာဝေးသည့် Super Marketသို့ လာခဲ့သည်။ ဘတ်စ်ကားစီး၍ရသော်လည်း လမ်းလျှောက်ရသည်ကို ပိုသဘောကျသဖြင့် လမ်းသာလျှောက်လာခဲ့သည်။
သူ၏ ဆံနွယ်တို့သည် စည်းမထားသဖြင့် လေထဲတွင် အနည်းငယ် လူးလွန့်နေသည်။
ဒီဆံပင်တေကိုလည်း ညှပ်ပစ်ရမယ်...။
ဟိုလူ့လို လူကောင်ကြီးအောင်လည်း Gym ဆော့ရမယ်။
အပြင်မှာ ယောကျားလေးလို ပြောင်းနေလိုက်ရင် clubက လူတေလည်း သိမှာမဟုတ်တော့လို့ စကားလည်း ပြောလို့ ရလောက်ပြီလား။
ပြီးတော့ အတုတေလည်း တပ်စရာမလိုတော့ဘူး..
ဟား..ဟား...ပျော်စရာကြီး..။
ဒါပေမယ့် မေမေ့စကားကို နားထောင်ရမယ်။
အာ နောက်မှပဲတွေးတော့မယ်။ ထွက်သွားရရင်ကို ပျော်စရာပဲ။
ကိုယ့်ဘာသာတွေးရင်း အူမြူးကာ ခုန်ပေါက်သွားနေမိသည်။ ဒါက လွတ်လပ်မှုဆိုတာပဲ ထင်ပါရဲ့။
ကိုယ့်အတွေးနှင့်ကိုယ်မို့ သူ့နောက်တွင် ဖြေးနှေးစွာလိုက်ပါလာသော  ဇိမ်ခံကားတစ်စီးကိုတော့ သူသတိမထားမိခဲ့ပေ။
.
.
"၄၈၅၀၀ကျပါတယ်ရှင့်... "
ကောင်တာမှ အမျိုးသမီး၏ စကားကြောင့် မိုးသွင် ပိုက်ဆံထုတ်လိုက်သည်။ သို့သော် အိတ်ထဲတွင် ပိုက်ဆံ ၄၀၀၀၀သာ ပါလာသည်။
၅၀၀၀၀ယူလာတာမဟုတ်ဘူးလား..။
ပိုက်ဆံအိတ်ကို သဲသဲမဲမဲရှာနေသော်လည်း ထွက်မလာတော့ပေ။
" နောက်မှာ လူတေရှိသေးတယ် ပိုက်ဆံမလောက်ရင်လည်း ဖယ်တော့.."
ရင်းနှီးနေသော ခပ်မာမာလေသံ။
ဒီလူ...။
လူတေဒီလောက်ရှင်းနေတာကို။ ‌ငွေရှင်းတဲ့သူဆိုလို့ သူတို့နှစ်ယောက်ပဲရှိတာကို သပ်သပ်ရန်လာစနေသလိုပဲ။ အခုလိုတွေ့တာကလည်း တိုက်ဆိုင်မှုဘဲလား။ ဒီလူက ဒီနားပဲနေတာလား။
စက်နေရိုင်းက တစ်ဖက်ကောင်တာတွင် သွားလိုက်ပြီး ပိုက်ဆံရှင်းကာ ထွက်သွားသည်။
ဒုတိယတကြိမ်တွေ့တာဆိုတော့ ရေစက်ပါလို့ထင်တယ်။ သူ့ဆီက ပိုက်ဆံချေးရမယ်။
မိုးသွင်က စက်နေ၏ရှေ့တွင်ရပ်လိုက်ကာ စာအုပ်နှင့် ဘော့ပင်ကို ယူလိုက်ပြီး
/ပိုက်ဆံချေးပါလား../
"ငါ့ကို သိလို့လား... "
အာ...ဒီလူကတော့။
/ဟိုတနေ့က ကလပ်မှာနမ်းခဲ့တဲ့သူလေ.../
နမ်းတဲ့အကြောင်းကို မပြောရဲရအောင် မိုးသွင်အပျိုဖြန်းလေးမှမဟုတ်တာ။ ပြီးတော့ ိဟုနေ့က ဒီလူ ဘယ်သူ့ကို တမ်းတသွားတာလဲ။
"အဲ့ဒါက အဲ့ညမှာပဲပြီးသွားပြီ.. "
/မပြီးသေးဘူး... Bonusမပေးရသေးဘူး ကိုယ်သင်းနံ့ကိုငှားထားရတာ../
" မင်းမပြောရဲတာ မရှိတော့ဘူးလား.."
/မရှိဘူး../
" ဘယ်လောက်လဲ..."
/8500/
"အဲ့လောက်ဈေးပေါလား.. "
/ပေးစရာရှိတာပေး/
ထိုလူက ပိုက်ဆံ 10000တန်ပေးပြီးထွက်သွားသည်။
ဟာ ဒီလူ ပိုက်ဆံပိုတာယူမသွားဘူးလား...။
နောက်တစ်ခေါက်တွေ့မှပဲ ပေးတော့မယ်။
နောက်တစ်ခေါက်တွေ့ရောတွေ့ဦးမှာလား။
.
.
တစ်ပတ်ခန့်ကြာပြီးနောက်..
မိုးသွင်တစ်ယောက် အိမ်ပြောင်းရွှေ့ပြီးတော့ ဆံပင်ညှပ်သွားရန်အတွက် ပြင်လိုက်သည်။ တိုက်ခန်းမှာ တစ်ယောက်စာအတွက် ကျယ်လွန်းပါသည်။
" အလုပ်မလုပ်လည်း အဲ့တိုက်ခန်းမှာ အိမ်ငှားလေး တစ်ယောက်နှစ်ယောက်လောက် ခေါ်တင်ပြီးတော့ ပိုက်ဆံရှာပေါ့..."
မန်နေဂျာအမ၏ စကားဖြစ်သည်။
ယောကျားလေးခေါ်တင်ရမှာလား။
မိန်းကလေးခေါ်တင်ရမှာလား။
ဆံပင်ညှပ်ပြီးသွားလို့ ယောကျားလေးဖြစ်သွားရင် ယောကျားလေးပဲခေါ်တင်လို့ရပြီ။
အာ..ဆံပင်ညှပ်သွားပါမယ်ဆိုမှ မိုးကရွာလာပြီ။
မတတ်နိုင်ဘူး သွားရမှာဘဲ။
မိုးသွင်က ထီးကလေးဆောင်းကာ အနီးနားရှိ ဆံပင်ညှပ်ဆိုင်ဆီသို့ လာခဲ့သည်။
"ကြိုဆိုပါတယ်... "
"ညီမလေး ဘာလုပ်ချင်တာပါလဲ... "
ဆိုင်မှ အမျိုးသားတစ်ဦးက ဆီးကြိုမေးသည်။
မိုးသွင်က ဖုန်းဖြင့် စာရိုက်ပြလိုက်သည်။ ပြီးနောက် FBကရှာထားသောပုံကိုပြလိုက်သည်။
/ဆံပင်ညှပ်ချင်တာ/
"အရှည်ကြီးကို ညှပ်မှာလား "
မိုးသွင်ကခေါင်းငြိမ့်ပြလိုက်သည်။
"ကြိုဆိုပါတယ်... "
ထပ်မံပေါ်ထွက်လာသော ကြိုဆိုတဲ့အသံကြောင့် နောက်လှည့်ကြည့်လိုက်ချိန်တွင် သူ့ရဲ့လူကြီး စက်နေ။ အာ...ဆံပင်ညှပ်လို့ ရပါ့မလား။ ခေါင်းပဲလျှော်တော့မယ်။ မိုးသွင်က စာရိုက်ပြလိုက်သည်။
/ခေါင်းပဲလျှော်တော့မယ်/
"ဟုတ်ကဲ့ ကောင်းပါပြီဗျ ကြွပါ.. "
/ခနလေးနေမှလျှော်လို့ရလား အပူထဲကလာတာဆိုတော့../
" ဗျာ ရပါတယ်.."
မဆီလျော်သော အကြောင်းပြချက်ကြောင့် ၀န်ထမ်းလေးမှာ အူကြောင်ကြောင်။
အပြင်မှာ မိုးတေရွာနေသည်မို့လေ။
ဧည့်သည်စောင့်ဆိုင်းသည့်နေရာတွင် ထိုင်လိုက်ပြီး စက်နေရိုင်းဆံပင်ညှပ်တာကိုကြည့်နေလိုက်သည်။ မသိမသာဓာတ်ပုံခိုးရိုက်ဖို့လည်း သူမမေ့ပေ။ ပြီးနောက် ချက်ချင်းပင် wallpaper တင်လိုက်သည်။ ဘေးတိုက်ကကြည့်လည်း အရမ်းချောတာပဲ။ စက်နေရိုင်း ဆံပင်ညှပ်၍ ပိုက်ဆံရှင်းပြီးမှ ခေါင်းလျှော်လိုက်သည်။
ဒီဆိုင်ကို လာတာဆိုတော့ ဒီနားကပဲနေမယ်။
ဆံပင်မညှပ်တာပဲကောင်းပါတယ်။
ခေါင်းလျှော်ပြီး တိုက်ခန်းနှင့်မလှမ်းမကမ်းရှိ ကုန်စုံဆိုင်တွင် လိုအပ်တာလေး၀င်၀ယ်ရင်း အိမ်ခြံတိုက်ခန်း ငှားရမ်းအကျိုးဆောင် ဟူသော စာတမ်းကြောင့် တိုက်ခန်းငှားလိုကြောင်း အကျိုးအကြောင်းပြောပြလိုက်သည်။
ပွဲစားအဒေါ်ကြီးကလည်း ချိုချိုသာသာပင် ပြန်ပြောလာသည်။
သတိထားရမှာက ပွဲစားတို့ ကုန်သည်တို့ပဲ။
နှုတ်ချိုတိုင်းအထင်မကြီးနဲ့။
ဒါက 100%ကောင်းပါတယ်ဆို အဲ့ဒါက 60%က အပေါ်ယံသကာလောင်းထားတာတေ။
သူ့ကို စာသင်ပေးခဲ့သော ဆရာ၏ စကားကို ပြန်ကြားယောင်မိသည်။
ဆရာ ဘယ်တေများရောက်နေပါလိမ့်။
တကယ်ကိုပဲ ဆရာ့ကို မေ့နေခဲ့တာပဲ။
" အပြုံးချိုတဲ့ ကိုအေးကိုရဲ့ ချဉ်ပေါင်းလေးလှည်းလာပါပြီဗျာ..."
ချဉ်ပေါင်းသည်အသံကြောင့် မိုးသွင်၏ မျက်၀န်းတို့သည် တောက်ပသွားသည်။ ပစ္စည်း၀ယ်ထားသော အထုပ်ကတစ်ဖက် ထီးကတစ်ဖက်နှင့် ချဉ်ပေါင်းသည်ဆီပြေးပြန်သည်။
သူလိုချင်တဲ့အသီးကို လက်ညှိုးထိုး၍ ထည့်ခိုင်းလိုက်ပြီး ပိုက်ဆံပေးလိုက်သည်။
အာ...ပိုက်ဆံ 1500ပြန်မပေးလိုက်ရဘူး အဲ့လူကို နောက်တစ်ခေါက်ထပ်တွေ့လောက်မှာပါ။
သူ့စိတ်ကူးနှင့်သူ ပြုံးလိုက်မိသည်။
သူ့အပြုံးနှင့် ထပ်တူကျနေသည့် အပြုံးတစ်ပွင့်ကိုတော့ သူမမြင်ခဲ့ပေ။
တိုက်ခန်းရှေ့အရောက်တွင် အထုပ်အပိုးများနှင့်မို့ တံခါးဖွင့်ဖို့မလွယ်ကူပေ။ အောက်ချထားဖို့ကလည်း စားစရာတေကသာများသည်။ ထိုအချိန်သူ့ဘေးနားလာရပ်သော လူအရိပ်နှင့်အတူ သူ့လက်ထဲမှ အထုပ်ကို ဆွဲယူလိုက်သော သူ။
အိပ်မက်ဟုပင် ထင်သွားစေသည့်သူ။
ဒါနဲ့ဆို သူနဲ့အနီးကပ်ယှဉ်ရပ်ရသည်မှာ သုံးကြိမ်မြောက်။ သူ့ထက်ခေါင်းတစ်လုံးစာပိုမြင့်သော သူကို မော့ကြည့်ရတဲ့ခံစားချက်က တကယ်ကိုကောင်းသည်။
" အိမ်ငှားမယ်ဆိုတာ ဒီတိုက်ခန်းလား.."
မိုးသွင်က ခေါင်းငြိမ့်ပြလိုက်သည်။
"အိမ်ငှားနေမလို့ ဈေးက ညှိနှိုင်းလို့ပြောတယ် "
ယခုမှ ပွဲစားဆီကပြန်လာတာကို သတင်းကလည်း မြန်တာပဲ ။ မသိရင် ဒီလူက ငါလုပ်တာတေကြိုသိနေသလိုမျိုးကြီး။
တိုက်ခန်းတံခါးကိုဖွင့်ပြီး မိုးသွင်က ဦးစွာ၀င်လိုက်သည်။ စက်နေရိုင်းက အထုပ်များကို စားပွဲပေါ်တင်ပေးပြီး အခန်းကို အကဲခတ်ကြည့်သည်။ ဒီတိုက်ခန်းကရော မင်းဓနဦး ပေးထားတာပဲလား။
/လစာက ဘယ်လောက်ပေးချင်လဲ/
"မင်းက ဘယ်လောက်မှန်းထားလဲ... "
/တစ်လကို တစ်သိန်းနဲ့ ../
"ဘယ်နှစ်ယောက်နေရမှာလဲ "
/အခုကတော့ တစ်ယောက်ပဲရှိသေးတာ အခန်းက အ‌ေရှ့ခန်းနဲ့ မီးဖိုခန်းရယ် အိပ်ခန်းကလည်းသုံးခန်းကန့်ထားတာဆိုတော့ နောက်တစ်ယောက်လောက်ထပ်ခေါ်မလို့/
"နောက်တစ်ယောက်အတွက်ရော ငါပေးမယ် ထပ်မခေါ်နဲ့တော့ နှစ်ခန်းလုံး ငါသုံးမယ် "
/အင်း../
" အခုက စနေလို့ရလား.."
/အင်း.../
စက်နေရိုင်းက ပိုက်ဆံထုတ်ပေးလာသည်။
" ဘယ်အခန်းမှာနေရမှာလဲ"
မိုးသွင်က အခန်းနှစ်ခန်းကို ညွှန်ပြလိုက်သည်။
"ရေချိုးခန်းနဲ့ တွဲလျက်အခန်းလိုချင်တယ် "
မိုးသွင်က ခေါင်းခါပြီး ငြင်းလိုက်သည်။ စက်နေရိုင်းက ဘာမှမပြောတော့ဘဲ သူနေရမည့်အခန်းထဲ၀င်လိုက်ပြီး တံခါးပိတ်ကာ အိပ်ယာပေါ်လှဲချလိုက်သည်။
အခန်းငှားတာတောင် ယောကျားလေးတေကို ငှားမှာတဲ့လား ဘယ်လိုမိန်းကလေးမျိုးလဲ..။
First Step to love 💕
(Only Imagination)


LoveWhere stories live. Discover now