34

19 0 0
                                    

"သွင် "
ဆိုင်ထဲသို့၀င်လိုက်သည်နှင့် ၀မ်းသာအား ခေါ်လိုက်သော မေကြီး။
မိုးသွင်ကတော့ မျက်နှာပူလွန်း၍ မေကြီးကို ကောင်းကောင်းမျက်နှာချင်းမဆိုင်ရဲ။
"ကြည့်ပါဦး ပါးလေးတေဖောင်းလာလိုက်တာ "
" တောင်းပန်ပါတယ်"
"ဪ သွင်က ဘာလုပ်ထားလို့ တောင်းပန်ရမှာလဲ  ဒီကိုကြည့်ပါဦးတော် ဒီက အမေက လွမ်းလို့ပါ "
မိုးသွင်က မေကြီးကို တောင်းပန်တိုလျှိုးစွာကြည့်လိုက်သည်။
" သွင်က အမှားလုပ်ထားတာမရှိလို့ ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ရဲစရာမရှိဘူး"
"ဒါပေမယ့် မေကြီးတို့ကို အဆက်အသွယ်မလုပ်ဘဲ စိတ်ပူစေခဲ့မိတယ် "
" မောင်စက်နေက အစကတည်းက အသိပေးထားပါတယ် မေကြီးက မောင်စက်နေနဲ့သွင်လေးအတူရှိတယ်ဆိုတာ သိပါတယ်"
ထိုစကားကြောင့် မိုးသွင်ရောမိုးယံပါ မေကြီးကို အံ့ဩသလိုကြည့်လိုက်သည်။
"‌ဒါဆို မေကြီးက အစကတည်းက သိတယ်ပေါ့ "
"အင်း.. "
" မောင်စက်နေက လူကောင်းလေးပါ သွင့်ကို သူကာကွယ်စောင့်ရှောက်ပေးနိုင်မယ်ဆိုတာ မေကြီးယုံကြည်တယ်"
"ဪ သွင်ရောက်နေတာလား "
အပြင်မှပြန်လာသော ဆရာကလည်း မိုးသွင်ကိုတွေ့လိုက်ရတော့ ၀မ်းသာဟန်လေးပြသည်။
" ထိုင်ကြလေ ‌မတ်တပ်ရပ်ကြီးတေနဲ့ ဘာလုပ်နေကြတာလဲ"
" မေ့နေတာ ၀မ်းသာလွန်းပြီး"
မကြီးက မိုးသွင်ကို အနောက်သို့ဆွဲခေါ်လာပြီး ပန်းစည်းသော စားပွဲဝိုင်းတွင် ထိုင်စေလိုက်သည်။
"ဖေကြီးနဲ့မေကြီးကလည်း သားကိုတောင်မပြောပြကြဘူး မိုးသွင်က ကိုစက်နေနဲ့ရှိနေတာကို သားမှာတော့ စိတ်ပူလိုက်ရတာ ဘယ်ပျောက်သွားပြီလဲလို့"
" အခုလည်းတွေ့နေရပြီမလား"
"တွေ့တော့တွေ့ရပေမယ့်ဗျာ
...
ဒါနဲ့ ကိုစက်နေက မေကြီးတို့နဲ့ ဘယ်အချိန်က အဆက်သွယ်ရသွားတာလဲ "
"မောင်စက်နေက ဘယ်သူ့ကိုမှမပြောပါနဲ့ပြောလို့
သွင် ဆေးရုံကဆင်းပြီးသွားတော့ ရောက်လာတယ် မိုးသွင်အကြောင်းတေကို သိသမျှအကုန်ပြောပေးပါတဲ့"
"အဲ့ဒါနဲ့ပြောလိုက်ရောလား "
"မပြောရင်မပြန်ဘူးဆိုပြီး ဆိုင်ရှေ့မှာ ရပ်စောင့်နေလို့ ပြီးတော့ စက်နေရိုင်းက ငယ်ငယ်ကလည်း သွင်နဲ့သိခဲ့ဖူးတဲ့သူဆိုတော့ ‌အကုန်ပြောပြလိုက်တာ "
"ရိုင်းကလား.. "
" အင်း သွင်ကတော့ ငယ်သေးလို့ မမှတ်မိတာနေမယ် အဲ့တုန်းကဆို သွင် ဘယ်နှစ်နှစ်လောက်လဲ လေးနှစ်လောက်များလားပဲ"
"ဟုတ်လောက်မယ်"
"အဲ့တုန်းကတော့ မောင်မင်းဓနဦးနဲ့လည်း တော်တော်လေးကို ခင်တွယ်ခဲ့ကြတာ
ညီအစ်ကိုရင်းတေကျနေတာပဲ အဲ့ဒါတေကြောင်လည်း ကလျာက မကျေနပ်တာလေ ကောင်းသူက မေချစ်ကိုပဲ ချစ်တာဆိုပြီး အထင်လွဲနေတာ ကောင်းသူဆုံးသွားတော့ သူ့သားနဲ့မိုးသွင်ကို လုံး၀အတွေ့မခံတော့တာ "
"ကိုကို့မေမေကလား "
"အင်း "
"မေချစ်ကလည်း အဲ့ဒါကြောင့် ကလျာ့ကိုအမြဲအားနာနေတာ သူကိုယ်၀န်ရတုန်းကလည်း ကောင်းသူကပဲကူညီပေးခဲ့ပြီး သွင်နေမကောင်းတော့ သွင့်ကို ဆေးခန်းလိုက်ပို့ပေးပြီး အပြန်မှာ ကားမှောက်ပြီး ဆုံးသွားတာ ကလျာ စိတ်နာမယ်ဆိုလည်း နာလောက်ပါတယ်"
"ကဲပါ မေကြီးရယ် အရင်အကြောင်းတေအစပြန်ဖော်မနေပါနဲ့ အခုလည်းအကုန်အသားကျသွားပြီပဲ
ကလေးကို အလကားသပ်သပ် ၀မ်းနည်းရအောင် သွင် ညစာစားသွားမယ်မလား"
မိုးသွင်က ပြုံးပြလိုက်ရင်း
"ဟုတ် သွင်ရော ကူညီပေးမယ်လေ"
"ဪ အရင်ကတော့ အချက်အပြုပ်ကို သေမတတ်ကြောက်ပြီး အခုတော့ ချက်တတ်နေပြီပေါ့ "
"မဟုတ်ပါဘူး သွင်က ဆေးကြောတာ ကူညီပေးမယ်ပြောတာပါ "
"ဟုတ်ပါပြီ ဒါဆို ဆိုင်စောစောသိမ်းလိုက်တော့ ဖေကြီးရေ အတူတူ ဟင်းချက်ရအောင် "
မေကြီးစကားကို ဆရာက လက်ခံပြီး ဆိုင်ကို သိမ်းလိုက်သည်။
"မေကြီး "
"ဟေ.. "
" ဟိုလေ သွင်က ယောကျားလေးတစ်ယောက်ကို သဘောကျတာ မေကြီးစိတ်ထဲ ဘယ်လိုမှမခံစားရဘူးလား မနှစ်မြို့တာမျိုး"
"မရှိပါဘူးတော် ကျုပ်တို့ရဲ့သွင်လေးက အမြဲနှစ်လိုဖွယ်လေးပါ"
မေကြီး၏ စကားကြောင့် မိုးသွင်က မိုးယံကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ရင်း
"တကယ်လို့ မိုးယံကရော အမျိုးသားတစ်ယောက်ကို ချစ်ခင်စုံမက်မိမယ်ဆိုရင်ရော "
မိုးသွင်၏မေးခွန်းကြောင့် မေကြီး၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ မိုးယံကလည်း ကြက်သွန်နီများကို နွှာနေရင်းမှ လှမ်းကြည့်နေသည်။
မေကြီးက မိုးယံဆီသို့ လှမ်းကြည့်လိုက်ပြီး
" မိုးယံက မေးခိုင်းတာလား"
" သားက ဘာလို့မေးခိုင်းရမှာလဲ"
မိုးယံကပြောပြောဆိုဆို မေကြီးနှင့်အကြည့်လွှဲလိုက်သည်။
"မေကြီးကို ကြည့်စမ်း သားငယ် "
မေကြီး၏ စကားသံကြောင့် မိုးယံ၏အကြည့်တို့က မေကြီးဆီပြန်ရောက်လာသည်။
"မေကြီးဟာ ကိုယ့်သားက ဘယ်လိုလူပါဆိုတာ မသိရလောက်အောင် နမူမဲ့နမာမဲ့နေတဲ့သူလားဆိုတာ "
"ဒါဆို မေကြီး သိနေခဲ့တာလား"
"အင်း ပြီးတော့ မေကြီးပြောချင်တာ သားဟာ Gayပါဆိုတဲ့အကြောင်းအရာပေါ်မှာ သိမ်ငယ်နေဖို့မလိုသလို အဲ့ဒါကို လူမသိအောင်လည်း အတင်းကြီးဖုံးကွယ်စရာမလိုဘူး
သားအပေါင်းအသင်းတေက အဲ့ဒါကိုသဘောမကျလို့ မပေါင်းချင်ဘူးဆိုရင်လည်း သူတို့ကို ပြန်နားလည်ပေးရမယ် သားအနေနဲ့ ဘာလို့လက်မခံပေးတာလဲဆိုပြီး စိတ်ထဲမှာ အောင့်သက်နေတာမျိုး မရှိစေချင်ဘူး သားက Gayပါဆိုတာကို ပြုပြင်လို့မရသလိုပဲ သူတို့က Gay တေကို သဘောမကျတာကိုလည်း ပြုပြင်ချင်လို့မရဘူး ဒါက ကိုယ့်လွတ်လပ်ခွင့်ပဲ မေကြီးကလည်း သားကို လွတ်လပ်ခွင့်အပြည့်အ၀ပေးထားတယ် သားက အိမ်ကို ချွေးမပဲခေါ်လာလာ သားမက်ပဲခေါ်လာလာ မေကြီးနဲ့ ဖေကြီးက သဘောတူကြည်ဖြူတယ်"
မေကြီးစကားကြောင့် မိုးယံ၏မျက်၀န်းတို့တွင် မျက်ရည်များ ဝေ့လာခဲ့သည်။
မိုးယံက ဝေ့တက်လာသော မျက်ရည်စများကို သုတ်ရင်းပြောလာသည်။ သို့သော် မျက်ရည်စများက သုတ်လေကျလေဖြစ်လာသည်။
" သား ငိုတာမဟုတ်ဘူးနော် ကြက်..ကြက်..ကြက်သွန်နီကြောင့် မျက်ရည်ကျလာတာ"
" ရှက်ရမ်းရမ်းနေတာ"
"မရှက်ပါဘူး "
"ဟုတ်တယ် မိုးယံက မရှက်တတ်ပါဘူး "
"သွင် ငါဆွဲထိုးမှာနော် "
"ငါက အလုပ်ဖြုတ်ခိုင်းလိုက်မယ် မင်းကို "
" ငါလည်း အဲ့မှာ အလုပ်မလုပ်ချင်တော့ပါဘူး"
"မေကြီး တကယ်တော့လေ ဒေစီပန်းစည်း.. "
"မိုးသွင် တိတ်တော့နော် "
ထို့နောက်တွင်တော့ မီးဖိုခန်းထဲတွင် လူသုံးဦး၏ စနောက်ရယ်မောသံများနှင့် ပြည့်နှက်သွားပြီး ကျန်လူတစ်ဦး၏ မျက်နှာတွင်တော့ အပြုံးများဝေဆာနေ‌ေတာ့သည်။
.
.
" ဒါက ဘယ်လဲ"
ခြံပေါက်၀တွင် အပြင်သို့ထွက်ဟန်ပြင်နေချိန်တွင် မေမေ့အသံကြောင့် သူ၏လှုပ်ရှားမှုတို့ ရပ်တန့်ကုန်သည်။ သွင့်ကို တွေ့ချင်မြင်ချင်စိတ်တေက ထိန်းမရသောကြောင့် ခိုးထွက်ရန် ဟန်ပြင်နေခြင်းဖြစ်သည်။
" ခြံတံခါး မပိတ်ရသေးဘူးလားလို့"
" ဉာဏ်မများနဲ့ ပြန်၀င် ၀င်းဇော်ပိတ်လိမ့်မယ်"
" အပြင်မှာ ခန့်သီဟတို့နဲ့ ချိန်းထားလို့"
"မရဘူး "
"မေမေ "
"ငါ့ကို ဈေးလာမဆစ်နဲ့ "
"မေမေသိလား သားတဇွတ်ထိုးထွက်သွားလို့ရတယ်ဆိုတာကို "
"အဲ့ဒါဆို ငါလည်း မိုးသွင်ကို မင်းနဲ့ဝေးအောင်လုပ်နိုင်တယ်ဆိုတာလည်း မင်းသိမှာပေါ့ "
"မေမေ. "
" ပြန်၀င်"
" ခနလေး ငခန့်ကို ထွက်တွေ့လိုက်ဦးမယ် သူကားနဲ့ ရှေ့မှာစောင့်နေလို့"
"ငါရော လိုက်မယ် "
" အမေက ဘာလိုက်လုပ်မှာလဲ"
" ငါလည်း ခန့်သီဟနဲ့တွေ့ချင်လို့ပေါ့"
"အမေက အဟုတ်ဗျာ "
စက်နေရိုင်း ဘာမှပြောမနေတော့ဘဲ ခြံရှေ့မှ ခန့်သီဟ၏ကားဆီသို့ သွားလိုက်သည်။ မေမေကလည်း သူနှင့် ထပ်ချပ်မကွာ လိုက်လာသည်။
"မသွားရတော့ဘူးလား "
"ဒီမှာ တွေ့တဲ့အတိုင်းပဲ ဘုရင်မက အကျဉ်းချထားတယ် "
စက်နေရိုင်းက မိမိဘေးတွင်ရှိနေသော မေမေ့ကို မေးငေါ့ပြရင်း ပြောလိုက်သည်။
"အင်း နေ့လည်က မိုးသွင်နဲ့တွေ့တယ်
သူကိုယ်၀န်ဆောင်ဖို့အကြောင်း မေးလာတယ် "
ခန့်သီဟက အန်တီ့ကိုပါသိစေချင်၍ ပြောလိုက်သည်။ အန်တီကလည်း စိတ်၀င်စားဟန်ပြနေသည်မို့။
" မင်းသူ့ကို ဘာပြန်ပြောလိုက်လဲ"
"မင်းနဲ့တိုင်ပင်ကြည့်ဦးလို့ ပြောထားတယ် ပြီးတော့ အဲ့လိုကိစ္စမျိုးတေက အသက်အန္တရာယ်ထိရှိနိုင်တာမို့ သူ့ကို စဉ်းစားခိုင်းလိုက်တယ်"
"အင်း ငါလည်းသူ့ကို အဲ့လိုမလုပ်ခိုင်းချင်ပါဘူး
ငါကိုယ်တိုင်ကလည်း ကလေးမချစ်တတ်ဘူး
ဘေးပယောဂတေများနေလို့သာ "
စက်နေရိုင်းက မေမေ့ကို တစ်ချက်ကြည့်ရင်းပြောလိုက်သည်မို့ မေမေက သိပ်သဘောကျဟန်မရ။
မှန်တာပြောတာပဲကို။
"အခုတလော သူ့ကို နည်းနည်းလောက် ဂရုစိုက်ပေးပါဦး "
"မင်း မေရှားကိုတော့ ဖွင့်ပြောသင့်တယ်လို့ထင်တယ် သူလည်း သူ့မောင်လေးကို တွေ့ချင်မှာပေါ့ "
"အဲ့လို အမစိတ်ရှိမှတော့ သွင်က ဓားထိုးခံရမှာလည်းမဟုတ်ဘူး ပြီးတော့ မေရှားက သွင့်ကို အိမ်တွင်းအကြမ်းဖက်မှုတေလုပ်မှာစိုးရတယ် "
" အခုတော့ သူလည်း နည်းနည်းငြိမ်နေပါပြီ
ဖေဖေ့ဆီမှာလည်း ကုထုံးတေမှန်မှန်လာလုပ်နေတာဆိုတော့ သွင့်အပေါ် အရင်လိုလုပ်မှာ မဟုတ်တော့ပါဘူး"
" ဘာပဲဖြစ်ဖြစ် ခွင့်မလွှတ်နိုင်ဘူး
သူတို့သားအမိကြောင့် သွင်က ကလပ်မှာ အနှိမ်ခံဘ၀နဲ့လည်း နေရတယ် စကားလည်းမပြောရ အပြင်လည်းမထွက်ရနဲ့ ဘယ်လောက်တောင် မွန်းကြပ်ပြီး အထီးကျန်ခဲ့ရမလဲ"
" သူ့အမေဖောက်ပြန်တာကျ ထည့်ပြောဦးလေ ခင် မမှားဘူး ဘယ်သူက အငယ်အနှောင်းနဲ့ရတဲ့ကလေးကို အမွေတေအကုန်ပေးချင်မှာလဲ"
" ဘယ်သူကရော ငယ်အနှောင်းရဲ့ သားအဖြစ်နဲ့ မွေးလာချင်မှာလဲ"
" အဲ့ဒါ သူ့ကံလေ သူလက်ခံရမှာပေါ့"
"အဲ့ဒါဆို သားမွေးပြီး သားမက်ရတဲ့ကံကိုကျ မေမေဘာလို့ လက်မခံနိုင်ရတာလဲ "
" အဲ့ဒါက သဘာ၀မှ မကျတာ"
"ဘာက သဘာ၀ မကျတာလဲ "
"ယောကျားလေးဆိုတာ.. "
"ပြောပါဦး "
စက်နေရိုင်းက မေမေ့စကားကို ခပ်တည်တည်ပင် ၀င်ထောက်လိုက်သည်။
"ကြည့်ဦး မရခင်ကတည်းက သူ့လူကိုထိတော့ စွာလိုက်တာ ကတ်ကတ်ကို လန်နေရောပဲ "
" အမေ့သားမက်လောင်းက အေးအေးဆေးဆေးသမား တော်ကြာ ယောက္ခမက နိုင်တိုင်းကျယ်မှာဆိုးလို့ သားက ကြိုတင်ကာကွယ်ထားရတာ"
"ဘယ်သူက သဘောတူတယ်ပြောရသေးလို့လဲ "
" မေမေပြောခဲ့တာလေ တစ်လပြီးသွားရင် သဘောတူပေးမယ်လို့"
" အဲ့ဒါအရင်က"
" မသိဘူး သားက လက်ထပ်မယ့် ရက်တောင်ရွေးပြီးသွားပြီ"
ခန့်သီဟ မိမိရှေ့တွင်စကားနိုင်လုနေသော သားအမိနှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်သည်။
စက်နေရိုင်းရဲ့ ဒီလိုပုံစံကို သူပထမဆုံးမြင်ဖူးတာပဲ။ လူတေကအချစ်နဲ့တွေ့ရင် ပြောင်းလဲတတ်တယ်ဆိုတာ မှန်တာပဲ။ တည်ငြိမ်တဲ့သူကိုတောင် စွာတေးလန်ဖြစ်အောင် လုပ်နိုင်တဲ့ ချစ်မိုးသွင်ကိုလည်း စိတ်ထဲမှ ချီးကျူးမိသည်။
"ငါသွားတော့မယ် "
"အေး..  "
ခန့်သီဟကားလေးထွက်သွားသည်နှင့် စက်နေရိုင်းက ချက်ချင်းပင် ခြံထဲသို့ပြန်၀င်သွားသည်။
"တံခါးပိတ်သွားဦး "
"၀င်းဇော်ကို ပိတ်ခိုင်းလိုက်တော့ "
စက်နေရိုင်းက လှည့်မကြည့်ဘဲ ထိုသို့ပြောကာ အိမ်ထဲတန်း၀င်သွားတော့သည်။
ဒီကောင်စုတ်လေးကတော့။
(Only Imagination)

LoveWhere stories live. Discover now