"သွင် ရောက်လာပြီလား "
ဒေါ်ကြီးက ၀မ်းသာအားရပင် သူ့ကိုဆီးကြိုသည်။
" လာ လာ အခန်းထဲလိုက်ပို့ပေးမယ် "
လိုက်ပို့ပေးသော စက်နေရိုင်း၏ မျက်နှာကတော့ အလိုမကျဟန် ဆူပုပ်နေသည်။ မမမေရှားကလည်း သူ့ကိုသာ ပြုံးပြလိုက်သော်လည်း ရိုင်းကိုတော့ မျက်စောင်းထိုးလိုက်သည်ကို မိုးသွင် မြင်လိုက်ရသေးသည်။
"အခု မေရှား ဘေးအခန်းမှာ သွင့်ကို နေရာပေးထားတယ် "
"ဘာလဲ အနီးကပ်နှိပ်စက်ဖို့လား "
ရိုင်း၏ စကားကြောင့် မိုးသွင်မှာ မမကို အားနာသွားရသည်။
" ရိုင်း ပြန်ချင်ပြန်တော့လေ နောက်ကျနေမယ်"
" အခန်းထဲထိလိုက်ပို့ပေးမယ်"
"ရပါတယ် "
"မရဘူး "
စက်နေရိုင်းက မိုးသွင်လက်ထဲမှ အထုပ်ကို ဆွဲယူလိုက်ပြီး အိမ်ထဲသို့ တန်း၀င်သွားသည်။
"ဒေါ်ကြီး ဘယ်အခန်းလဲ "
ဒေါ်ကြီးက အပေါ်ထပ်သို့ တက်ကာ မိုးသွင်၏အခန်းကို ပြပေးလိုက်သည်။
စက်နေရိုင်းက အခန်းပတ်ပတ်လည်ကို စစ်ဆေးကြည့်နေသေးသည်။ ပြီးနောက် ရေချိုးခန်းနှင့် သန့်စင်ခန်းပါမကျန် လိုက်ကြည့်သည်။
"ရိုင်း "
"ဘာလဲ "
"ပြန်လို့ရပါပြီဆို "
"အချစ်က ကိုယ့်ကို နှင်နေတာလား "
"မဟုတ်ပါဘူး "
"ကိုယ်မင်းကို မှာစရာတေရှိသေးတယ် "
မိုးသွင် တိုက်ခန်းတွင် အ၀တ်အစားထည့်သည့်အချိန်မှစ၍ မမ၏အိမ်သို့ရောက်သည်အထိ တစ်ခုခုဖြစ်တာနှင့် သူလာခေါ်မည်ဖြစ်ကြောင်း နေ့တိုင်း သူလာတွေ့မည်ဖြစ်ကြောင်း ပြော၍မဆုံး။
" မိုးသွင်က လိမ်မာပါတယ် ဒေါ်ကြီးစကားလည်း နားထောင်ပါတယ်"
ဒေါ်ကြီး၏စကားကြောင့် စက်နေရိုင်း၏ အကြည့်စူးစူးက ဒေါ်ကြီးဆီသို့ရောက်သွားသည်။
"သွင်က လိမ်မာလွန်းနေလို့ မလိမ်မာအောင်ပြောနေရတာ ပြီးတော့ ခင်ဗျားနဲ့ မေရှား "
"ရိုင်း တော်ပြီလို့ "
"သွင့်ဆီမှာ ခြင်ကိုက်ရာလေးတစ်ခုတောင် မမြင်ချင်ဘူး အရင်တစ်ခါကလို ဆီပူလောင်တာတေ ဘာတေဖြစ်မယ်ဆိုရင် သွင့်ကို တစ်ခါတည်းပြန်လာခေါ်ပြီး ခင်ဗျားတို့ကို တရားစွဲ..အွန့် "
သွင်က အရမ်းစွာပြနေသော လူကြီး၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ပြီး
"ဒေါ်ကြီး ရပြီနော် သွင်နားချင်သေးလို့ "
"အေးအေး ညစာစားချိန်ရောက်ရင် လာခေါ်မယ်နော် "
" ဟုတ်"
ဒေါ်ကြီးက အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်ပေးထားခဲ့သည်။
"ဘယ်လိုဖြစ်နေတာလဲ "
စက်နေရိုင်းက သူ၏နှုတ်ခမ်းကို ပိတ်ထားသော သွင့်၏ လက်ချောင်းများကို ခပ်ဖွဖွလေးကိုက်လိုက်သည်။
"ကိုယ် တကယ်ပြောနေတာနော်
တကယ်လို့ မင်းထိခိုက်ခဲ့မယ်ဆို သူတို့ကို တရားစွဲမှာ "
"ခင်ဗျားက ပိုကိုပိုတယ် "
"မပိုဘူး အချစ်ရဲ့ဆန္ဒကြောင့်သာ ဒီမှာထားရမှာ ကိုယ့်စိတ်အတိုင်းဆို ဘယ်မှာမှာထားချင်တာ မဟုတ်ဘူး ကိုယ့်ရင်ခွင်ထဲမှာဘဲ အချိန်ပြည့် ဆွဲဖက်ထားချင်တာ "
ပြောပြောဆိုဆို မိုးသွင်၏ ခန္ဓာကိုယ်လေးကို ဆွဲယူပြီး ပွေ့ဖက်လိုက်သည်။
" အချိန်ပြည့် ဖုန်းဖွင့်ထားနော် ကိုယ်အားတာနဲ့ VCခေါ်မယ်"
"အင်း "
"လွမ်းလှပြီ "
"ခွဲတောင်မခွဲရသေးဘူးလေ ခင်ဗျားရယ် "
"အင်း.. "
စက်နေရိုင်းက မိုးသွင်၏ အငွေ့အသက်အများကို တ၀ကြီးခံစားလိုက်သည်။
"ပြန်တော့နော် ရိုင်း အပြန်ကျနောက်ကျနေမှာစိုးလို့ "
" ကိုယ့်ကို တကယ်စိတ်ပူတာလား
ပြန်စေချင်လို့ နှင်တာလား"
" မရစ်စမ်းနဲ့ဗျာ"
" ဟုတ်ပြီ ဒါဆို ကိုယ်ပြန်တော့မယ်နော်"
"ကားနားထိ လိုက်ပို့ပေးမယ် "
"ရတယ် နားလိုက်တော့ ကိုယ့်ဘာသာပြန်လိုက်မယ် သွင်သာ ဘယ်သူ့ရဲ့တင်စီးတာကိုမှ မခံနဲ့ "
"ဟုတ်ကဲ့ပါဗျာ "
စက်နေရိုင်းက မိုးသွင်ကိုဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး မိုးသွင်၏ နဖူးကို ဖွဖွလေးနမ်းကာ အခန်းထဲမှ ထွက်သွားတော့သည်။
သွင်လည်း ရိုင်းကို လက်ဆောင်ပေးချင်တယ်။
.
.
"သွင် ဘယ်မှာလဲ "
"အပြင် ခနရောက်နေတာ "
"ဘယ်အပြင်လဲ နေရာကိုပြ "
မိုးသွင်က မိမိ၏ ဘေးပတ်ပတ်လည်ကို ကင်မရာလှည့်ပြလိုက်သည်။ တနေ့တနေ့ ဖုန်းခေါ်ဆိုမှုက ဘယ်နှစ်ကြိမ်မှန်းတောင် မရေတွက်နိုင်။ ညနေပိုင်းအလုပ်ကအပြန် သွင့်ကို ၀င်ပြိးတော့ တစ်ခုခုထိခိုက်လား စစ်ဆေးတာကရှိသေးသည်။ မမကလည်း အရင်တစ်ခေါက်ကလိုတော့ ခပ်တန်းတန်းမရှိတော့။ အနည်းငယ်နွေးထွေးလာသည်ဟု ခံစားရသည်။ မီးဖိုခန်းထဲဆို ပေးကို မ၀င်တော့ပေ။ ရုံးကို ထမင်းချိုင့်သွားပို့ပေးရသည့် အခါများတွင်လည်း အိမ်ကကားနှင့် ရုံးပေါက်ရောက်လျှင်လည်း အရင်တစ်ခါကလို တားဆီးခြင်းမရှိတော့။ ရက်ပိုင်းအတွင်းမှာပင် ရုံးက လူများကလည်း မျက်မှန်းတန်းမိနေကြသည်။ တရား၀င်မိတ်ဆက်ပေးတာမျိုးမရှိသေးသော်လည်း မိုးသွင်ကို မမ၏ ညီမတစ်ယောက်ဟု အားလုံးကသိနေကြပြီဖြစ်သည်။ ယောကျားလေးဖြစ်ကြောင်းတော့ ရှင်းပြမနေတော့။
ဒီနေ့ကတော့ ဆေးရုံသို့ မမနှင့်ရောက်နေခြင်းဖြစ်သည်။ မမကလည်း ဆေးစစ်ပြီး မိုးသွင်လည်း စစ်ဆေးစရာလေးရှိ၍သာ။
"ဆေးရုံမှာလား သွင် ဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ပါဘူး ဆေးစစ်ချင်လို့ပါ"
"ကိုယ့်ကိုမပြောဘူး ကိုယ်လိုက်ခဲ့ပေးမှာပေါ့"
"မမပါတယ် မမလည်း ဆေးစစ်တာမို့ အတူတူလာလိုက်တာ "
" ကိုယ်မသိအောင် ဘာတေခိုးလုပ်နေတာလဲ"
" မလုပ်ပါဘူး"
မလုံမလဲဖြစ်သွားသော မိုးသွင်၏ပုံစံလေးကိုကြည့်ပြီး စက်နေရိုင်း သံသယ၀င်မိသွားသည်။
ရောဂါတေဘာတေတော့ ရှိနေတာမဟုတ်ဘူးမလား
အစကတည်းက သွင့်ကို medical checkup လုပ်ပေးခဲ့ရမှာ။ အခုတော့ မေရှားကို မေးရဦးမည်။ တစ်ခုခုဖြစ်ရင်တောင် သွင်က အမှန်တိုင်းပြောမည်မဟုတ်။
" ဘယ်ဆေးရုံမှာလဲ"
" အေးချမ်းမြေ့မှာပါပဲ "
" မိုးသွင် မင်းအလှည့်ရောက်နေပြီ"
"မမလာပြီ မမနဲ့ပြောဦးမလား"
" အင်း သူ့ကို ဖုန်းပေးထားခဲ့လိုက်"
မိုးသွင်က မမကို ဖုန်းပေးလိုက်ပြီး ဆရာ၀န်၏အခန်းထဲသို့ ၀င်သွားသည်။
ဖုန်းကိုင်ထားသော လူနှစ်ဦး၏ မျက်နှာများသည် တည်တင်းနေသည်။ မိုးသွင်ပျောက်သွားသည့်အချိန်မှစ၍ သူတို့သူငယ်ချင်းနှစ်ယောက် သေသေချာချာ မျက်နှာချင်းဆိုင် စကားမပြောရသေး။ ပြောလိုက်ရင်လည်း ဘာနဲ့ဘောက်ပဲနေမယ်။
"သွင်ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူး
ဒီတိုင်းဆေးစစ်ကြည့်ချင်တယ်ဆိုလို့"
" Resultသိရရင် ငါ့ကိုပြော"
" ဘာလို့ပြောရမှာလဲ"
" သွင်က ငါ့ရဲ့ အိမ်ထောင်ဖက်"
"အဲ့ဒါ နင် တစ်ဖက်လှည့်နဲ့ လုပ်ယူထားတာလေ "
" ဘယ်လိုပဲ ယူယူ သွင်က ငါ့ရဲ့ သက်ဆိုင်သူပဲ
သူ့ရဲ့ အဆိုးအကောင်း အကုန်လုံး ငါ ထိန်းချုပ်ခွင့်ရှိတယ်"
ပြောမနိုင်သော သူကို မေရှားဘာမှမပြောတော့ဘဲ ကင်မရာကိုတစ်ဖက်သို့ လှည့်ပြီးသာ ကိုင်ထားလိုက်သည်။ အချိန်တော်တော်ကြာမှ ကင်မရာမြင်ကွင်းထဲ ရောက်လာသော မိုးသွင်။
မိုးသွင်၏ နံဘေးတွင် ဧကရာဇာလည်း ကပ်ပါလာသည်။ ဧကရာဇာက ဘာပြောလိုက်သည်မသိပေ ရှက်ရိပ်လေးသန်းကာ ခေါင်းငုံ့သွားသည့်မိုးသွင်။ ဧကရာဇာကတော့ မိုးသွင်၏ မျက်နှာလေးကို ခေါင်းအနည်းငယ်စောင်းရင်း လိုက်ကြည့်နေသည်။ ဘေးကကြည့်မည်ဆိုလျှင် ချစ်သူကောင်မလေးကို သူ့ကောင်လေးက ကျီစယ်နေသည့်ပုံပေါက်နေသည်။
"မေရှား မတွေ့တာတောင် ကြာနေပြီနော် "
ဧကရာဇာဘက်ကပင် စတင်နှုတ်ဆက်လိုက်သည်။ မင်္ဂလာပွဲရွှေ့ဆိုင်းလိုက်သည့် အချိန်မှ ယခုထိ မေတွ့ဖြစ်ကြတာပင်။ ယခင်ကတော့ လုပ်ငန်းပိုင်းဆိုင်ရာ ခနခနတွေ့နေရသော်လည်း ယခုတွင်တော့ project များကို စက်နေရိုင်းတို့၏ ကုမ္ပဏီနှင့် တွဲဖက်လုပ်ဆောင်နေ၍ မေရှားဆီမရောက်တော့တာ ဖြစ်သည်။
"ဟုတ်ပါရဲ့ ဧကရီ့ကိုလည်း ပြောလိုက်ပါဦး သတိရနေတယ်လို့ အားတဲ့တစ်ရက်ရက် shopping ထွက်ရအောင်လို့ "
"ပြောလိုက်ပါ့မယ် "
"အချစ်"
မေရှားလက်ထဲတွင် ကိုင်ထားသော ဖုန်းမှ အသံထွက်လာသည်။
" အချစ် ကိုယ်ခေါ်နေတယ်"
မိုးသွင်က မမလက်ထဲမှ ဖုန်းကို ကမန်းကတန်းယူလိုက်သည်။
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ "
ခပ်ကြိတ်ကြိတ်ပြောလိုက်တော့ ဖြစ်သွားသည့် မျက်နှာက စူပုပ်ပုပ်။ သူ့မှာ အပြစ်မရှိဘဲ အဆူခံနေရသည့် ကလေးတစ်ယောက်၏ မျက်နှာအမူအယာမျိုးလုပ်ပြလာသည်။
" သွင် အရှေ့ကပဲ စောင့်နေမယ်နော်"
သွင်က မမနှင့် ကိုဧကရာဇာကို အသိပေးကာ ဆေးရုံ၏ အရှေ့ လူရှင်းသော နေရာတွင် မတ်တပ်ရပ်ရင်း ဖုန်းထဲက အူတိုသူကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"မမရှေ့မှာ အဲ့လို မခေါ်ပါနဲ့ဆိုဗျာ "
"ကိုယ်မေ့သွားလို့ "
တကယ်တမ်း မေ့ချင်ယောင်ဆောင်နေတယ်ဆိုတာ အသိသာကြီးကို။
"မလိမ်နဲ့ "
" ကိုယ်မင်းကို သ၀န်တိုလို့ ဟိုလူက ဘယ်လိုလုပ် သွင့်နားမှာ ရှိနေတာလဲ"
" ဒီတိုင်းဆုံသွားတာပါ သူကလည်း ဆေးလာစစ်တာ"
" သူ့ကို နှုတ်မဆက်ရဘူးလို့ပြောထားတာကို "
"သူက ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတော့ ဘယ်ကောင်းမလဲ "
"ဘာတေပြောနေကြတာလဲ ""မိုးသွင် ပြန်ကြမယ် "
" အိမ်ရောက်မှ ဖုန်းချနော်"
"အင်းပါ "
မိုးသွင်က ဖုန်းကိုင်လျက်နှင့်ပင် အိမ်သို့ပြန်လာရသည်။ စက်နေရိုင်းကလည်း အလုပ်စားပွဲပေါ်တွင် ဖုန်းတင်ထားရင်းနှင့်ပင် စာရင်းများစစ်နေသည်။
"စက်နေ
ဧကရီစံ.."
စက်နေရိုင်းက ရန်နောင်၏ အသံကြောင့် အသံပိတ်လိုက်သည်။
"ဘာလဲ "
"ဧကရီစံကို မင်းပြောခိုင်းတဲ့အတိုင်း ပြောထားတယ် "
"သူတို့မောင်နှမက ဘာဖြစ်ချင်နေကြတာလဲမသိဘူး သေချာတာတစ်ခုကတော့ အဲ့ဒီမိန်းကလေးက ငါ့ကို စိတ်၀င်စားနေတာမဟုတ်ဘူး
အဓိက က သွင့်ကို ဟိုလူ သဘောကျနေလို့ ကြားထဲကနေ သူက ခလောက်ဆန်ချင်နေတာ ထင်တယ် "
"မင်း ဧကရီ့ကို သဘောမကျတာ သေချာလား "
" ငါ့မှာ သွင်တစ်ယောက်လုံးရှိနေတာ ငါက ဘယ်သူ့ကို သဘောကျရဦးမှာလဲ "
"ဒီတိုင်းမေးလိုက်တာပါ "
"ကြိုတော့ပြောထားမယ် အဲ့မိန်းကလေးကို မင်းလိုက်ချင်တယ်ဆိုလည်း ငါနဲ့သူနဲ့ ကိစ္စတေရှင်းမှ လိုက် "
"အေးပါ ငါသိပါတယ်"
"သိရင်ပြီးတာပဲ အခုက ဘာပြောဦးမှာလဲ "
" စာရင်းတေပြီးအောင်လုပ်ဖို့ပြောမလို့"
"ငါသိတယ် "
"သိရင်ပြီးတာပဲ "
"ပြီးတော့ မိုးယံကို ငါ့ဆီလွှတ်လိုက်ဦး "
" အင်း"
ရန်နောင်ထွက်သွားမှ အသံပြန်ဖွင့်လိုက်သည်။
" ရောက်ပြီလား"
"အွန်း အလုပ်လုပ်နေတာမလား ချလိုက်တော့မယ်နော်"
"ရတယ် မချနဲ့ "
"သွင်နားချင်နေပြီ "
"အွန်း တစ်ရေးလောက်အိပ်လိုက်ဦး ညနေစောင်းထိတော့ မအိပ်နဲ့ဦးနော် "
"အွန်း ဒါပဲနော် "
သွင်က ဖုန်းချလိုက်သည်။
တကယ်တော့ မနားချင်ပါဘူး အလုပ်လုပ်နေတာ အာရုံမရဘဲ မှားမှာစိုး၍သာ။ သွင် ဖုန်းချဖို့ဆို သွင့်ဘက်က အကြောင်းပြချက်လိုသည်မို့ ဆင်ခြေသပ်သပ် ပေးလိုက်ခြင်းဖြစ်သည်။
(Only Imagination)