ဟိုတနေ့ညကတည်းက ပြန်မလာသောသူကြောင့် မိုးသွင် စက်နေကို မျှော်နေမိသည်။ ဒီလူတကယ်ကြီး ထွက်သွားတော့မှာလား။ သူနဲ့နေရတာ အဆင်ပြေနေတာကို။ အခုတော့ ရေပင်သောက်စရာမရှိ။ water coolerထဲကို ရေဗူးမပြီး မမှောက်တတ်၍ပင်။
မနက်အိပ်ယာထကတည်းက ထိုလူ့အကြောင်းအရာက ခေါင်းထဲက ထုတ်မရပေ။ ပန်းဆိုင်ကိုလည်း မသွားဖြစ်သေး။ လာတဲ့အချိန် သေသေချာချာလူချင်းတွေ့ပြီး မေးလိုသည်။ ထိုအချိန်တွင် မိုးသွင်ဆီ၀င်လာသော Video Callတစ်ခု။
မိုးယံ..။
"ဟလို.. မလာသေးဘူးလား.. "
✋အင်း အခန်းဖော်ကိုစောင့်နေတာ
" ဘာလို့လဲ"
✋အရင်နေ့က စိတ်ဆိုးသွားတဲ့ပုံစံမို့ ပြီးတော့ ကျေးဇူးတင်ကြောင်း မပြောရသေးလို့
"ဒီနေ့ဆိုင်ကို မလာတော့ဘူးလား မေကြီးက မေးခိုင်းလို့ လာမှာလား"
ထိုအချိန်တွင် တိုက်ခန်းတံခါးကိုဖွင့်ကာ ၀င်လာသူ။ သူ့ကို တစ်ချက်မျှသာစိုက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။
"လာမယ်မလား "
မိုးယံ၏ ဒုတိယမြောက်မေးခွန်း။
ဝုန်း..
တံခါးကို ဆောင့်ပိတ်သွားသော သူကြောင့် မိုးသွင်၏ ခန္ဓာကိုယ်လေးမှာ တုန်တက်သွားရသည်။
ဒီလူ တကယ်စိတ်ဆိုးနေတာပဲ။
" ဘာဖြစ်တာလဲ"
✋ဘာမမဖြစ်ဘူး အခန်းဖော်ပါ
"ဘာမှမဖြစ်ရင်ပြီးတာပဲ မလာဖြစ်တော့ရင်လည်း မေကြီးဆီပြောလိုက်ဦး ဒီပိတ်ရက်ကျ ရုပ်ရှင်လိုက်ပြပေးမယ်"
✋ညနေညဈေးသွားမယ်မလား
" ဘယ်ကို သွားချင်သေးတာလဲ..
ပြီးရင် ငါပဲ အကုန်ရှင်းရတာ လူသေးသလောက် အစားပုပ်တယ်"
✋ငါ့ဆီက ယူလို့ပြောပါတယ် ကိုယ့်ဘာသာရှင်းပြီး
"နင့်လုပ်စာ ဘာရှိလို့လဲ အလုပ်မရှိ အကိုင်မရှိ "
✋မေကြီးကို ကူပေးမယ်ပြောပြီးပြီလေ
မိုးသွင်က အားကျမခံပြောလိုက်သည်။
"ဝုန်း.. "
စက်နေရိုင်းထွက်လာသည့်တိုင် ဖုန်းပြောမပြီးသေးသော မိုးသွင်။ ဘာကို အလိုမကျဖြစ်နေလဲ သူမသိ။ ဟိုတနေ့ကတည်းက ပြန်မလာတည်းက မိုးသွင်၏မျက်နှာကို မတွေ့ရ။ တွေ့ရပြန်တော့လည်း တခြားသူနှင့် ရယ်ရယ်မောမော စကားပြောနေသည်။ ဘယ်အရာကစိတ်ရှုပ်စေလဲ သူကိုယ်တိုင်မသိတော့။ တိုက်ခန်းကနေအထွက် သူ့လက်ကို ဆွဲလိုက်သည့်မိုးသွင်။ ဘာပြောမလို့လဲ။ စကားပြောတော့မှာလား။
မိုးသွင်က စက်နေ၏လက်ကို ဆွဲပြီးမှ ဘာပြောရမလဲမသိပေ။ ဖုန်းကလည်း မိုးယံနှင့်ပြောနေသဖြင့် စာရိုက်ဖို့မလွယ်။ စာရွက်ပြန်ရှာနေရင်လည်း ဒီလူကထွက်သွားဦးမည်။
" ဘာလဲ.."
မိုးသွင် မျက်လုံးကစားရင်း water coolerကို လက်ညှိုးထိုးပြလိုက်သည်။ စက်နေရိုင်းက ရေကုန်နေသော water cooler ကိုတစ်ချက်ကြည့်ပြီး မိုးသွင်ကို ခပ်စူးစူးကြည့်လိုက်သည်။ ရေကုန်နေလို့ သူ့ကို ခေါ်တာပေါ့။ မိုးသွင်၏ လက်ကို ခါချလိုက်ပြီး ဖိနပ်စီးကာ အောက်သို့ဆင်းလာလိုက်သည်။
ဒေါင် ဒေါင် ဒေါင်..
အမှိုက်သိမ်းကားမှ တီးသည့် ခေါင်းလောင်းသံ။
ကျစ်...စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
အလုပ်သွားမည့် ၀တ်စုံနှင့် အပေါ်သို့ပြန်တက်လာပြီး မီးဖိုခန်းထဲရှိ အမှိုက်ထုပ်ကို ယူကာ အမှိုက်ကားလာမည့်နေရာ သွားချပေးလိုက်ပြီး အပေါ်တက်လာကာ လက်ဆေးပြီး ရေဗူးပါ တစ်ခါတည်းတင်ပေးလိုက်သည်။ မိုးသွင်က ရေဘူးကို တင်မပေးလောက်ဘူးထင်ထားသော်လည်း ပြန်တက်လာပြီး အမှိုက်ပစ်ကာ ရေဘူးပါတင်ပေးသွားသောသူကို ကြောင်တောင်တောင်လေးကြည့်နေမိသည်။ သူ့ကို ပြန်ကြည့်သည့် အကြည့်တို့က ခပ်စူးစူး။ မိုးသွင် ဖုန်းပြောပြီးသွားသည်မို့ စာအမြန်ရိုက်ကာ စက်နေရိုင်းကို ပြလိုက်သည်။
/ညနေ ပြန်လာမှာလား/
" ... "
/ကျေးဇူးတင်လို့ မုန့်၀ယ်ကျွေးမယ် ညဈေးတန်းမှာ ပြန်လာခဲ့မယ်မလား/
" ပါးစပ်ကပြော.."
" ... "
" မင်းစကားပြောတတ်တာလည်းသိတယ် ယောကျားလေးဆိုတာလည်း သိတာမို့ စကားနဲ့ပဲပြော"
စက်နေရိုင်းစကားကြောင့် မိုးသွင် မျက်လုံးအစုံပြူးသွားရသည်။ ဘယ်အချိန်ကတည်းက သိနေတာလဲ။
"ပြီးတော့ ကိုကိုဆိုတာ ဘယ်သူလဲ.. "
စက်နေရိုင်း သိလိုသောမေးခွန်းကို မေးမိသည်။ တကယ်တမ်း မင်းဓနဦးနဲ့ ဘယ်လို ပက်သတ်နေလဲဆိုတာကို အဓိက မေးရမှာဆိုပေမယ့် ထိုအကြောင်းအရာထက် နေမကောင်းချိန်မှာ အားကိုးတကြီးတမ်းတဲ့သူက ဘယ်သူလဲဆိုတာကို ပို၍သိချင်သည်။
"သွင်လည်းမသိဘူး ကိုကိုဆိုတာ ဘယ်ကလဲ "
မိုးသွင်ဆီက ဒုတိယမြောက်ကြားရသော စကားသံ။
"ဒါဆို မင်းဘာလို့ စကားမပြောဘဲဟန်ဆောင်နေတာလဲ.. "
"အဲ့ဒါလည်း သွင်မသိဘူး မေမေက စကားမပြောခိုင်းလို့ပါ.. "
စက်နေရိုင်း၏ မေးခွန်းကို မိုးသွင် အမှန်တိုင်းပြောမိသည်။ စက်နေရိုင်း၏ မျက်၀န်းစူးစူးကိုကြည့်ပြီး သူလိမ်မပြောနိုင်ပါပေ။
"ဒါဆို မင်းဓနဦးဆိုတဲ့လူနဲ့ ဘယ်လိုပက်သတ်တာလဲ "
"မင်းဓနဦးက ဘယ်သူလဲ "
မိုးသွင်၏ တုံ့ပြန်မေးခွန်းကြောင့် စက်နေရိုင်း မဲ့ပြုံးပြုံးလိုက်သည်။
"မင်းအလုပ်လုပ်နေတဲ့ clubရဲ့ပိုင်ရှင်ကို မင်းမသိဘူးဆိုတဲ့စကားကို ငါ့ကို ယုံစေချင်တာလား.. "
ပါးစပ်ကသာထိုသို့ပြောမိသော်လည်း မိုးသွင်၏မျက်၀န်းတို့သည် မလိမ်ညာကြောင်း ပြောပြနေသယောင်။ သူ့စိတ်ကို ဘယ်လိုတောင် ပြုစားထားနိုင်တာလဲ။ မိုးသွင်ပြောသမျှကိုယုံကြည်ဖို့ သူ့စိတ်တစ်နေရာက တိုက်တွန်းနေပြန်သည်။ မိုးသွင်နဲ့ ဒီ့ထက်နီးစပ်သွားရင် သူဒီလူသားဆီက ရုန်းထွက်နိုင်ပါ့မလား။
"နောက်ရက်ကစပြီး ဒီမှာမနေတော့ဘူး "
"ဘာလို့လဲ ရက်တေကျန်သေးတယ်လေ ပိုက်ဆံပြန်အမ်းပေးစရာမရှိတော့ဘူး"
" မလိုဘူး မင်းနဲ့နေရမှာထက်စာရင် အဲ့ပိုက်ဆံက ဘာမှမပြောပလောက်ဘူး"
စကားအပြတ်ပြောကာ ထွက်သွားသောသူကို မိုးသွင် ကြည့်နေမိသည်။
ဒါဆို ဒီလူ တကယ်ထွက်သွားပြီပေါ့။
.
.