23

11 0 0
                                    

" သွင်"
ခြံပေါက်၀မှ ခေါ်လိုက်သော ခေါ်သံကြောင့် မိုးသွင် ခြံရှေ့ထွက်ခဲ့လိုက်သည်။
"မမနှင်း  "
"ဆက်သွယ်လို့မရလို့လေ "
"သွင်တောင်းပန်ပါတယ် သွင် နည်းနည်းပြဿနာလေးတက်သွားလို့ပါ "
"အင်းပါ ဒါနဲ့ သွင့်ဒဏ်ရာကရော အရှင်းပျောက်သွားပြီလား"
မမနှင်းဆီ၏ အမေးကြောင့် မိုးသွင် ကြောင်အမိသည်။ ဓားထိုးခံရတဲ့အကြောင်း ဘယ်လိုလုပ်သိတာလဲ။ ကိုကိုက ပြောပြလိုက်တာလား။ ကိုကိုက မမနှင်းကိုရော မမရှားကိုရော မပြတ်မသားလုပ်နေတာလား မသိပေ။ လက်ထပ်ပွဲက ရက်ပိုင်းပဲလိုတော့တာကို။
"မမကို ဘယ်သူကပြောတာလဲ သွင် ဒဏ်ရာရတဲ့အကြောင်း "
မိုးသွင်မေးခွန်းကြောင့် မမနှင်းဆီက ဖြေရခက်သွားသည့်ဟန်။
" ကိုကိုပြောပြတာလား"
"အင်း "
"ကိုကိုနဲ့ဆက်သွယ်နေသေးတာလား "
မမနှင်းဆီက ခေါင်းငုံ့သွားသည်။
"သွင်ကရော မမနဲ့အတူထွက်မသွားတော့ဘူးလား "
" သွားမှာပါ သွင်ကတိပေးထားပြီးသားလေ
အခုက မမရှားနဲ့ကိုကို့ရဲ့‌ပွဲမှာ ရှိနေချင်သေးလို့ပါ ပွဲပြီးတာနဲ့ သွင် မမဆီလာခဲ့မယ်"
"စက်နေရိုင်းကိုရော ဘယ်လိုလုပ်မှာလဲ "
"သူကတော့ ခွင့်ပြုမှာမဟုတ်ဘူး အဲ့ဒါကြောင့် သူမရိပ်မိအောင်လို့ မမက ဒီရက်ပိုင်း ခနလောက်ရှောင်နေပေးနော် သူသိရင် သွင်ထွက်လာလို့ရမှာမဟုတ်ဘူး "
"အင်းပါ သွင့်စကားကို မမနားထောင်ပါ့မယ် "
"မမလည်း ကျန်းမာရေးဂရုစိုက်ဦး
ဆေးတေရောသောက်ရဲ့လား မမကြည့်ရတာ နည်းနည်းပိန်သွားသလိုပဲ "
"အင်း နည်းနည်း ပျို့အန်တာတေဘာတေရှိတော့ လူက ကျသွားတာ "
မိုးသွင်စိတ်ထင်တာဆိုသော်လည်း မမ၏ဗိုက်က အနည်းငယ်ချပ်နေသည့်ဟန်။
ကိုယ်၀န်ဆောင်ဆိုတော့ ပျို့အန်ရလို့ ကျသွားတာနေမှာပါ။
"မိုးသွင် "
ခြံထဲမှ မမ‌ရှား၏ခေါ်သံ။
"မမနှင်း ပြန်တော့နော် အားဆေးလည်း မှန်မှန်သောက် သွင်သွားတော့မယ် "
မိုးသွင်က ခြံထဲပြန်၀င်ပြီး တံခါးပိတ်သွားသည်။
"ဘယ်သူလဲ "
" ဟို..ဟို.."
မေရှားထက်၏ အမေးကို ဟိုဟိုသည်သည်နှင့် ဖြေနေသော မိုးသွင်၏အသံသဲ့သဲ့ကို ကြားရသည်။
မိုးသွင်ဆိုတဲ့ကောင်လေးက တကယ်ကို ရိုးသားဖြူစင်တာ။ ညာလည်းမပြောတတ်။
ငါ့မှာ ဘယ်သူမှမရှိရင်တောင် သွင့်ကိုတော့ ငါ့ဆီမှာပဲ ချုပ်နှောင်ထားမယ်။ သူလည်းယောကျားလေးပဲ ငါ့ဆီမှာ တွယ်ငြိမလာနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။
.
.
စက်နေရိုင်း ပန်းခြံအနီးမှရလာသော CCTV Recordကိုကြည့်ပြီး သူ၏မေးရိုးများက တင်းကြပ်သွားရသည်။
ချစ်မိုးသွင်တစ်ယောက်ကတော့ မြွေပွေးတေကို ခါးပိုက်ပိုက်ထားရတာ ဝါသနာပါနေလားမသိ။
သူကိုယ်တိုင်က နွေးထွေးကြင်နာသလောက် သူ့နားမှာရှိနေတဲ့သူတေက သူ့ကို နောက်ကျောက ဓားနဲ့ထိုးမယ့်သူတေချည်းပဲ။ ဒီလိုဆိုတော့လည်း သူကပဲဗီလိန်ကြီး လုပ်ပေးရတော့မှာပေါ့။
ကိုယ်ပြောခဲ့ပြီးပြီလေ
ကိုယ်မင်းကိုလက်မလွှတ်နိုင်ပါဘူးလို့။
မင်းက သိပ်ဆိုးတာပဲ အချစ်ရယ်
ကိုယ်ဆီကနေ ထွက်ပြေးဖို့ကို ကြိုးစားနေပြန်ပြီ။
ဒီတစ်ခါတော့ ကိုယ့်ဆီကနေ ဘယ်ကိုမှထွက်မပြေးနိုင်အောင် မင်းကို ချုပ်ထားတော့မှာ။
.
.
မောင်မင်းဓနဦးနှင့် မမေရှားထက်တို့၏ မင်္ဂလာပွဲ
"မမ.. "
တံခါးနှစ်ချပ်ကြားမှ ခေါင်းလေးထွက်ကာ ခေါ်လိုက်သော အသံကြောင့် မေရှား မျက်မှောင့် ကြုတ်လိုက်သည်။
မိုးသွင်က ဆံနွယ်ရှည်များကို ထုံးဖွဲ့ထားပြီး ပန်းနုရောင် ချိတ်၀တ်စုံလေးကို ၀တ်ထားသည်။
ယောကျားလေးပုံစံနဲ့ ၀တ်ပေးဖို့စီစဉ်သော်လည်း ထိုကောင်လေးက အမျိုးသမီး၀တ်စုံကိုပဲ ၀တ်ပါမည်ဟုပြောလာသည်။
ဒါနဲ့ ဒီကောင်လေး အမှတ်မရှိတာလား။
ပါးလည်း ချခဲ့ပြီးတော့ အိမ်မှာလည်း အနားမနေရအောင် လုပ်ခိုင်းနေတာကို သူ့ကို အမှတ်မရှိ လာကပ်နေတယ်။ ဘာလဲ သူက အမွေတေကို လိုချင်လို့ ဟန်ဆောင်နေတာလား။
"မမ ကျွန်တော် တောင်းဆိုစရာလေးရှိလို့ "
ပြောပါတယ် လိုချင်တာရှိလို့ မျက်နှာချိုသွေးနေပါတယ်လို့။
"ဘာလဲ "
"ဟို..ဟိုလေ "
"ပြောစရာရှိတာ မြန်မြန်ပြော နင့်ကို မြင်ရတာ စိတ်ညစ်စရာကောင်းလွန်းလို့"
"မမနဲ့ ဓာတ်ပုံလေးတွဲရိုက်လို့ရမလားဟင်
ကျွန်တော် အမှတ်တရသိမ်းထားချင်လို့ပါ "
"ဘာလုပ်ဖို့လည်း "
"ဟို သွင်က ဒီနေ့ပြီးရင် ဒီကနေထွက်သွားမှာဆိုတော့ အမှတ်တရလေး ရှိနေချင်ခဲ့လို့ပါ "
" မရိုက်ချင်ဘူး သွား ငါ့ရှေ့ပေါ်မလာနဲ့တော့ နင်ရှိနေရင် ငါ့စိတ်တေညစ်ညူးရလွန်းလို့"
"... "
မေရှား၏စကားကြောင့် မိုးသွင်က ၀မ်းနည်းသွားသည့်ဟန်လေးဖြစ်သွားရာမှ ပြန်ပြုံးလာပြန်သည်။
၀မ်းနည်းမှုကို အပြုံးနှင့်ဖုံးကွယ်လိုက်သည့်ပုံစံ။
ဒီပုံစံကို မေရှား နားလည်တာပေါ့။
သူမလည်း အရင်က ဒီလိုပဲ ဟန်ဆောင်ခဲ့ရတာတေက နည်းတာမှ မဟုတ်တာ။
မေမေပြောပြောနေတဲ့ အဖေနဲ့တူလို့ သူမက စိတ်ကပျော့နေတာဆို မိုးသွင်ကလည်း ‌အဖေနဲ့ တူတာလား။ ဘာပဲဖြစ်ဖြစ် မိုးသွင်က သူ့ရဲ့မောင်လေးပဲကို။
သူမစိတ်တို့သည် အနည်းငယ် ညံ့သက်သွားပြီး မိုးသွင်၏ ခေါင်းဆီ လက်လှမ်းမိချိန်
နင့်မှာ ဘာမောင်လေးမှမရှိဘူး
နင်က တစ်ဦးတည်းသောသမီး
အငယ်အနှောင်းတစ်ယောက်ရဲ့ကလေးနဲ့ နင်က တန်းတူဆက်ဆံခံချင်နေတာလား..
မေမေ၏ စကားများက နားထဲတွင်ပြန်ကြားယောင်လာသည်မို့ လက်ကို အောက်သို့ပြန်ချလိုက်ပြီး
"အခုထိ ထွက်မသွားသေးဘူးလား
ငါ့ကို ဘယ်အချိန်ထိ ဒုက္ခပေးနေဦးမှာလဲ "
" တောင်းပန်ပါတယ် မမ
သွင် မရည်ရွယ်ပါဘူး"
မျက်နှာငယ်လေးနှင့် ပြေးထွက်သွားသောသူကို လိုက်မကြည့်မိစေရန် တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။
ပက်သတ်စရာအကြောင်းမရှိတော့ဘူး။
မင်္ဂလာပွဲပြီးတာနဲ့ သူထွက်သွားမှာပဲ။
တင်..
ဖုန်းထဲသို့ ၀င်လာသော messageကို မေရှားဖွင့်ကြည့်လိုက်သည်။
ပေးပို့လာသူက စက်နေ။
မိုးသွင်က သူမအတွက် စက်နေကို တောင်းပန်နေသည်များ။ အဲ့တော့ အဲ့ဒီကောင်လေးက ထွက်မသွားတော့ဘူးဆိုတဲ့ သဘောလား။
video ဖိုင်ကိုကြည့်ပြီး မေရှားမဲ့ပြုံးလေးပြုံးလိုက်သည်။
အလကား ဖြူစင်ချင်ယောင်ဆောင်နေတယ်။
သူ့အမေလိုပဲ။
ရုပ်ကလေးဗန်းပြပြီး သနားကမားနဲ့ လူတေဆီက မျက်ရည်ချူနေတာ။
မမကို အဲ့ထက်ပိုပြီး မနာကျင်စေချင်တော့ဘူး..။
မိုးသွင်၏ စကားက နားထဲ ကြားယောင်လာသဖြင့် သူမ၏ မဲ့ပြုံးများသည် ပြေလျော့သွားပြီး နှလုံးအိမ်သည်လည်း နာကျင်လာရသည်။
အဲ့ဒါ နင့်ရန်သူပဲ မြဲမြဲမှတ်ထား
နင်ပိုင်ဆိုင်သမျှ သူ့ဆီဘာမှမရောက်စေနဲ့။
မေမေ၏စကားများကို ကြားလာရပြန်တော့ သူမ၏မျက်နှာသည် ပြန်လည်တင်းမာလာပြန်သည်။ တကယ်ကို အဲ့ကောင်လေးမျက်နှာ မြင်လိုက်ရတိုင်း မေမေ့စကားများက ပြန်‌ကြားယောင်နေမိသဖြင့် ဒေါသစိတ်တို့က အလိုလို ပေါ်ထွက်လာရသည်။ ဒီလောက်နဲ့ပဲ ရေစက်ကုန်ကြတာပေါ့။
ငါ့မှာ ဘာမောင်လေးမှ မရှိဘူး။
.
.
မင်္ဂလာပွဲအတွင်း ဧည့်ခံနေစဉ် ဒေါ်ကလျာ့ဆီသို့ရောက်လာသော စာအိတ်တစ်အိတ်။ စာအိတ်ထဲတွင် ဓာတ်ပုံများနှင့် ဆေးစာရွက်တစ်ရွက်။
ဓာတ်ပုံများတွင် မင်းဓနဦးနှင့် နှင်းဆီတို့၏ ပုံများနှင့် ဆေးစာရွက်ပေါ်တွင်တော့ နှင်းဆီ၏ အမျိုးသားအဖြစ် မိုးသွင်လက်မှတ်ထိုးထားသည့် စာရွက်။
တက်လာသော ဒေါသအဟုန်ကြောင့် ဒေါ်ကလျာ၏ ဦးတည်ရာက မင်းဓနဦးရှိနေသည့် အခန်းထဲသို့ဖြစ်သည်။
"မေမေ ဘာလိုလို့.. "
" ဖြန်း.."
အားပြင်းပြင်းနှင့် ရိုက်လိုက်သော ရိုက်ချက်ကြောင့် မင်းဓနဦး အနည်းငယ်ပင် ကြောင်အသွားသည်။
"ဘာလို့ရိုက်တာလဲ "
"မေးရဲသလား အဲ့မေးခွန်းကို
နင် ဘာအမှားလုပ်ထားလဲ နင်အသိဆုံး "
"ကျွန်တော်ဘာလုပ်လို့လဲ "
"နှင်းဆီဆိုတဲ့ မိန်းကလေးနဲ့က ဘာတေလဲ "
" ဒီတိုင်း အလုပ်ရှင်နဲ့ အလုပ်သမား.."
"ဒါအလုပ်ရှင်နဲ့ အလုပ်သမားရဲ့ ပုံစံလား "
မေမေထုတ်ပြလာသည်က နှင်းဆီနှင့် သူ နမ်းရှိုက်နေသည့်ပုံများ။
"ပြီးတော့ သူများကိုတောင် တာ၀န်ယူခိုင်းလိုက်သေးတာလား "
ဆေးစာရွက်ကိုကြည့်ပြီး မင်းဓနဦးမှာ အံ့ဩပြီးရင်း အံ့ဩနေရသည်။
"ငါ ဘာပြောထားလဲ ဟမ်
ဒီလောက်အတန်တန်မှာထားတာကို ခွေးဇာတ်ခင်းတာလား အခုဘယ်လိုလုပ်မှာလဲ အဲ့မိန်းကလေးမှာ ကိုယ်၀န်နဲ့ ဒီမှာလည်း လက်ထပ်ပွဲက စတော့မယ်"
"ကျွန်တော် "
"တော်တော့ ဆက်မပြောနဲ့တော့ အဲ့မိန်းကလေးကို အခုချက်ချင်း သွားရှာလာခဲ့ "
မေမေ၏ တစ်ချက်လွှတ်အမိန့်ကြောင့် နှင်းဆီဆီဖုန်းဆက်လိုက်သည်။
မေမေကတော့အခန်းထဲမှ ဒေါသတကြီး ထွက်သွားတော့သည်။
ဘာတေဖြစ်ကုန်တာလဲ။
(Only Imagination)

LoveWhere stories live. Discover now