Part - 35 <ထပ်တလဲလဲလုပ်ရသောအလုပ်များတွင် ကျွမ်းကျင်ခြင်း>

89 17 0
                                    

<ထပ်တလဲလဲလုပ်ရသောအလုပ်များတွင် ကျွမ်းကျင်ခြင်း>

ကျွန်တော် ခဏလောက်ကြောင်အသွားပြီး နောက်စာမျက်နှာကို အလျင်အမြန်လှန်ကြည့်လိုက်တယ်။

[ (နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)
(နေရာလပ်) (နေရာလပ်)

(ယူမြောင်ဝူး - F)
(ကင်မ်ဆောင်းဟန် - A)
(Peace - C)

စွမ်းရည်ကြီးထွားမှုသုံးထားသည့်ပစ်မှတ်များ - ဘတ်ယယ်ရင်မ်, ယူမြောင်ဝူး]

...Peace? နေပါအုန်း ကျွန်တော်တို့ရဲ့ Peaceလား? တကယ်ကြီး? ဒါပေမဲ့ သူသက်ရောက်ခံလိုက်ရကြောင်း အကြောင်းကြားတဲ့မျက်နှာပြင်က တစ်ခါမှ ပေါ်မလာခဲ့ပါဘူး?

'ဒါကိုရှင်းစမ်းပါ။ ကျေးဇူးပြုပြီး နည်းနည်းလေးလောက်ပဲ ရှင်းပြပေးပါလို့။ ဖြေရှင်းချက်လေးတော့ပေးရမယ်လေ။ တကယ်လို့ ခင်ဗျားသာ အချက်အလက်အသေးစိတ်ပါတဲ့ အသုံးပြုနည်းလမ်းညွှန်ကို ကျွန်တော့်ကိုပေးရင် အတည်ပြောတာ ကျွန်တော်ဘာပဲလုပ်ရလုပ်ရ ခင်ဗျားလိုချင်သလောက် Sအဆင့်တွေ အကုန်ဖြည့်ပေးမယ်။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး နည်းနည်းလောက်တော့ ရှင်းပြပေးပါဗျာ တောင်းဆိုပါတယ်'

သို့ပေမဲ့လည်း လမ်းညွှန်စာအုပ်အထူကြီးက နောက်ခံတီးမှုတ်သံတွေနဲ့အတူ ကောင်းကင်ပေါ်ကနေ ပြုတ်ကျမလာခဲ့ပါဘူး။ ဒီသုံးစားမရတဲ့ Systemကတော့။

ကဲပါလေ စိတ်အေးအေးထားပြီး သေချာလေးစဉ်းစားကြည့်ရအောင်။

'ပထမဆုံးအချက်အနေနဲ့ Peaceက သေချာပေါက်ကို စကားဝှက်နဲ့ လှုံ့ဆော်ခံလိုက်ရပြီ'

System errorသာ မဟုတ်ခဲ့ရင်ပေါ့။

ဂုဏ်ပုဒ်နာမည်က 'ပြီးပြည့်စုံသောပြုစုစောင့်ရှောက်သူ', စွမ်းရည်နာမည်က 'ငါ့ကလေးလေးကအကောင်းဆုံး' ပြီးတော့ လှုံ့ဆော်ဖို့သုံးရမဲ့စကားဝှက်က 'ငါမင်းကိုချစ်တယ်'

အရင်ကတော့ ကျွန်တော်ထင်ခဲ့တာက တစ်ဖက်လူကို အပိုမဆလာဘာညာကွိကွစကားတွေ အများကြီးပြောပြီးတဲ့အခါကျမှ စကားဝှက်ကို နောက်ဆုံးတိုက်ကွက်အနေနဲ့ထုတ်သုံးရတယ်ပေါ့။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now