<မှော်ဝင်သားရဲပျိုးထောင်သူ (၁)>"Peaceလေးရေ~"
ဒေါ့ကယ်ဘီဝယ်ပေးခဲ့တဲ့ အကိုက်အခဲပျောက်ဆေးပလာစတာကို ယူပြီးနောက် ဒေါ့ကယ်ဘီကိုနှင်လွှတ်လိုက်ပြီး ကျွန်တော်ကတော့ ဧည့်ခန်းရှိရာကိုသွားလိုက်တယ်။ လှောင်အိမ်အတွင်းထဲကPeaceက ခုန်လိုက်ပေါက်လိုက်လုပ်နေပြီး ကျွန်တော့်ကို ကြိုဆိုနေလေရဲ့။ ဒီကလေးက ကြည့်လေကြည့်လေ ပိုပိုပြီးချစ်စရာကောင်းလာလေပါလား။
ခါတိုင်းလိုပဲ ကျွန်တော်Peaceကိုပွေ့ချီလိုက်ပြီး သူ့ရဲ့လည်ပင်းနောက်နားလေးကို ပွတ်သပ်ပေးလိုက်တယ်။ Peaceရဲ့ညည်းသံသဲ့သဲ့ကိုကြားရသည်မှာ စိတ်ချမ်းမြေ့စရာပင်။
သူ့ကိုဒီလိုမျိုးပွေ့ထားနိုင်တဲ့အချိန်က ဘယ်လောက်မှမကျန်လောက်တော့ဘူး။ သူစပြီးကြီးထွားလာတာနဲ့ အချိန်ခဏလေးအတွင်း သူ့ကိုယ်က ကျွန်တော့်ထက်တောင်ကြီးသွားတော့မှာ။ နည်းနည်းတော့ နှမြောတသဖြစ်မိတယ်။
"မင်းအရွယ်ရောက်သွားတဲ့အခါ မင်းရဲ့အာပါးကို မသိချင်ယောင်ဆောင်လို့မရဘူးနော်"
မွန်းစတားတွေမှာရော မိဘကိုပုန်ကန်တတ်တဲ့အရွယ်တွေဘာတွေ ရှိတတ်လား? သူ့လက်ဖဝါးနဲ့ကျွန်တော့်ကို လွှဲရိုက်ပြီး 'အာပါးကိုမုန်းတယ်'လို့ပြောလာခဲ့ရင် ကျွန်တော်ဆေးရုံကိုတစ်ခါတည်းတန်းရောက်သွားလောက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့Peaceက အရမ်းလိမ္မာတာဆိုတော့ သေချာပေါက် အဲ့လိုမလုပ်လောက်ပါဘူးလေ။
ကျွန်တော်Peaceကို ကြမ်းပြင်ပေါ်ချပေးလိုက်ပြီး ငါ့ကလေးလေးကအကောင်းဆုံး စွမ်းရည်ကို သုံးလိုက်တဲ့အခါ မက်ဆေ့ပြမျက်နှာပြင်တစ်ခုက ချက်ချင်းပဲ ကျွန်တော့်ရှေ့မှာ ပေါ်လာခဲ့တယ်။
[ငါ့ကလေးလေးကအကောင်းဆုံး(L)
ကြီးထွားစေသောအစွမ်းကို ပစ်မှတ်Peaceအပေါ်တွင် အချိန်သုံးရက်ကြာ အသုံးပြုသွားပါမည်!Grade 2 ယူနီကွန်းမျိုးနွယ် မီးလျှံဦးချိုခြင်္သေ့ Peaceကို အရွယ်ရောက်ပြီိးသူအဖြစ် အသွင်ပြောင်းရန် လိုအပ်သောအချိန် - (365:00),
ကြီးထွားစေသောအစွမ်း၏ကြာချိန် - (72:00)
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........