<မှော်ဝင်သားရဲပျိုးထောင်သူ (၂)>အရင်ဆုံး လေ့ကျင့်ရေးကိရိယာတွေရဲ့ ထိရောက်မှုနဲ့ တုံ့ပြန်မှုအားကောင်းမကောင်းကိုသိရဖို့ တစ်ခုချင်းစီစမ်းသုံးကြည့်ရမယ်။ ပထမဆုံးတစ်ခုအနေနဲ့ ဘောလုံးပစ်တဲ့စက်ထဲကို ကျွန်တော်ဘောလုံးတွေလောင်းထည့်လိုက်တယ်။
'စက်ပစ္စည်းတွေကိုအသုံးပြုရင် အလုပ်ဖြစ်ပါ့မလားဆိုတာကိုတော့ ကျွန်တော်လဲမသိဘူး'
Peaceအတွက် ကျွန်တော်ကိုယ်တိုင်ဘောလုံးပစ်ပေးတုန်းက ဆယ်မိနစ်ကြာတိုင်းမှာ ကြီးထွားမှုကြာချိန်က 18မိနစ်လျော့သွားလေ့ရှိတယ်။ တစ်နာရီသာပစ်ပေးရင် 48မိနစ်လျော့ကျသွားမယ်လို့ ဆိုလိုတာပဲမလား။ အဲ့တော့ အကျိုးထိရောက်မှုက တော်တော်ကောင်းတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ကျွန်တော့်ပခုံးသာ အဲ့လောက်အကြာကြီးတောင့်ခံနိုင်ခဲ့မယ်ဆိုရင်ပေါ့။
"Peace ဒီကိုကြည့်!"
-Kkiang?
ထိုင်နေတဲ့Peaceက ထရပ်လိုက်ပြီး ကျွန်တော့်ဆီ လှမ်းလာခဲ့တယ်။ မဟုတ်ဘူး မလာခဲ့နဲ့။ ကျွန်တော် ဘောလုံးပစ်တဲ့စက်ကိုဖွင့်လိုက်ပြီးတော့ ဘောလုံးတစ်လုံးကို အားအပျော့စားနဲ့ ပစ်လွှတ်ပေးလိုက်တယ်။
-Keung
Peaceက ဘောလုံးကို ခဏပဲလိုက်ကြည့်နောက်မှာ လုံးဝလျစ်လျူရှုလိုက်တော့တယ်။ ဟေး ငါမင်းကိုဘောလုံးပစ်ပေးတုန်းကကျ တက်တက်ကြွကြွနဲ့လိုက်ကောက်ခဲ့တာပါ။
ကျွန်တော်နောက်ထပ်တစ်လုံးထပ်ပစ်ပေးလိုက်ပေမဲ့ ဒီတစ်ခါသူက အဖတ်ကိုမလုပ်တော့ပါဘူး။ သူကကျွန်တော့်ခြေထောက်နားလေးကိုရောက်လာပြီး လဲချကာ ပက်လက်လေးလှန်ပြလာတယ်။
-Kkeureureung
"........Peace"
ကိုယ်တိုင်လေ့ကျင့်ပေးရမယ်ဆိုတာက ဒီလိုသဘောမျိုးနဲ့ပြောတာလား? ငါ့ရဲ့သက်လုံ... ငါ့ရဲ့သန်မာမှု..... သက်ပြင်းမချမိအောင်ထိန်းလိုက်ပြီးတော့ လေ့ကျင့်ရေးအခန်းထိန်းသိမ်းရေးရုံးခန်းကို ကျွန်တော်ဖုန်းခေါ်လိုက်တယ်။
"သက်လုံကိုအဓိကတိုးမြှင့်ပေးပြီး သန်မာမှုခွန်အားရောပါတဲ့ ပစ္စည်းကိရိယာတွေကို လိုချင်ပါတယ်။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ သုံးချင်တာ။ အဲ့အတွက် ဂိုဏ်းခေါင်းဆောင်ဆီကနေ ခွင့်ပြုချက်အရင်တောင်းပေးစရာလိုသေးလားဗျ?"
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........