<မှော်ဝင်သားရဲပျိုးထောင်သူ (၂)>
ဖန်ခွက်ထဲကအရက်ကို အပြောင်မော့လိုက်ပြီးနောက် ကျွန်တော်တို့ ရှေ့ဆက်လုပ်ရမဲ့အစီအစဉ်တွေကို တိုင်ပင်လိုက်ကြတယ်။
ဂီဆွန်းဆူပြုစုပျိုးထောင်ရေးကိစ္စကိုတော့ ဟယ်ယွန်းဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကဂိုဏ်းကြီးတွေနဲ့ ညှိနှိုင်းတဲ့ကိစ္စကို ကျွန်တော်တစ်ယောက်တည်း ကိုင်တွယ်ဖို့က မလွယ်လှဘူး။ စိတ်အနှောင့်အယှက်ဖြစ်စရာလည်းကောင်းသေးတယ်။ အဲ့တော့ ကျွန်တော့်ကိုယ်စားအလုပ်လုပ်ပေးမဲ့သူတွေရှိနေရဲ့သားနဲ့ ဘာလို့အလုပ်ရှုပ်ခံနေတော့မလဲ?
"Hyungက တစ်သီးပုဂ္ဂလHunterအနေနဲ့ ဆက်နေမှာမလား?"
ယူဟျွန်းရဲ့မေးခွန်းကိုပြန်ဖြေတဲ့အနေနဲ့ ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။
"တကယ်လို့ငါက ဟယ်ယွန်းဂိုဏ်းနဲ့ Hunterစာချုပ်ချုပ်ဆိုလိုက်ရင် လူတွေက ငါ့ကို ဘယ်လိုမှယုံကြည်စိတ်ချကြမှာမဟုတ်ဘူး။ ဘယ်လောက်ပဲသေးငယ်တဲ့ အခွင့်အရေးပဲဆိုဆို ကိုယ်မှာ့ရနိုင်ချေရှိသေးတာနဲ့ လုံးဝကြီးကိုမဖြစ်နိုင်တော့တာက ကွာခြားချက်ရှိတယ်လေ"
ကျွန်တော်နဲ့ ဟယ်ယွန်းဂိုဏ်းခေါင်းဆောင်က သွေးသားတော်စပ်နေပြီးသားကိုမှ စာချုပ်ပါထပ်ချုပ်လိုက်ရင် သူတို့က ကျွန်တော်ဒီထက်ပိုပြီးအင်အားမကြီးလာအောင် နင်းခြေဖျက်စီးဖို့လုပ်ကြလိမ့်မယ်။ ဒီလောကကြီးကလူတွေအကုန်လုံးက ကိုယ်မစားရတဲ့အမဲကို သဲနဲ့ပက်ကြမဲ့လူတွေချည်းပါပဲ။
"အနည်းဆုံးတော့ အပြင်ပန်းမှာ ငါကဘက်မလိုက်တဲ့ပုံစံနေတာပိုကောင်းတယ်။ ဟယ်ယွန်းဂိုဏ်းက တစ်နိုင်ငံလုံးရဲ့Hunterလောကကြီးကို ထိန်းချုပ်နိုင်သွားတဲ့နေ့ရောက်လာမှပဲ ငါမင်းနဲ့စာချုပ်ချုပ်မယ်လေ"
"အဲ့တာသိပ်မကြာတော့ပါဘူး"
အဲ့ကောင်စုတ်လေးယူဟျွန်းက ယုံကြည်ချက်ရှိရှိနဲ့ပြောလာတယ်။ ကျွန်တော်အတိတ်ကိုပြန်မလာခင်တုန်းက သူကတစ်နိုင်ငံလုံးမှာ ဩဇာလွှမ်းမိုးထားနိုင်ပြီးသားဆိုတော့ ဒီဘဝမှာ ယယ်ရင်မ်နဲ့ မြောင်ဝူးကိုပါ ထပ်ပေါင်းလိုက်ရင် ပိုပြီးတော့တောင် မြန်လောက်တယ်။ ပြီးတော့ ကင်မ်ဆောင်းဟန်ကလည်း Sအဆင့်ဖြစ်လာနိုင်သေးတာ။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........