Part - 36.2

95 27 1
                                    

<မှော်ဝင်သားရဲပျိုးထောင်သူ (၁)>

Peaceကိုလက်တစ်ဖက်မှာချီထားပြီးတော့ အရက်ပုလင်းနဲ့မုန့်တွေကို နောက်လက်တစ်ဖက်နဲ့ကိုင်ထားရင်း ကျွန်တော့်ညီလေးရဲ့အိမ်ရှိရာကို ဦးတည်လိုက်တယ်။ အရက်ပုလင်းတွေက ကျွန်တော်ဝယ်လာတာမဟုတ်ပါဘူး။ စီမံရေးဌာနကို အရက်ရှိလားလို့ ကျွန်တော်မေးလိုက်တော့ သူတို့က ဒီတိုင်းထည့်ပေးခဲ့တာ။ အကုန်လုံးက ကျွန်တော်နာမည်တောင်မကြားဖူးတဲ့ ထိပ်တန်းစားအရက်တွေ။

ကျွန်တော်က အတန်အသင့်ဈေးကြီးတဲ့ဘီယာနည်းနည်းလောက်ပဲ လိုချင်တာပါဗျာ။

အဖျော်ယမကာအတွက် တာဝန်ကျတဲ့ စီမံခန့်ခွဲရေးဌာနကဝန်ထမ်းက 'ဒီဟာတွေက Bအဆင့်တွေကိုတောင် မူးအောင်မလုပ်နိုင်ပါဘူး'လို့ ပြုံးပြုံးလေးပြောပြီး အယ်လ်ကိုဟောပါဝင်မှုနှုန်းအဆမတန်များတဲ့ အရက်ပုလင်းတွေအများကြီးကို ထည့်ပေးခဲ့တယ်လေ။ လည်ချောင်းရှင်းသွားစေဖို့အတွက်ဆိုပြီး ဝိုင်ပုလင်းတွေလဲထည့်ပေးလိုက်ပါသေးတယ်။ နာမည်က ဂရန်းခရူးဆိုလား ဘာဆိုလား ကျွန်တော်မမှတ်မိတော့ဘူး။ ဒါပေမဲ့ အဲ့တာကို ပလတ်စတစ်အိတ်ထဲထည့်ပြီးသယ်တဲ့အခါ လူကိုစိတ်မသိုးမသန့်ဖြစ်စေတဲ့အထိ အဖိုးတန်လွန်းတာကိုတော့ ကျွန်တော်သိပါတယ်။

ဘာပဲဖြစ်ဖြစ်ပါလေ ကုန်ကျငွေတွေအားလုံးက ယူဟျွန်းရဲ့စာရင်းထဲမှတ်သွားမှာဆိုတော့ ကျွန်တော်ကတော့ မပူပါဘူး။

ကျွန်တော်ပထမဆုံးရောက်ဖူးတဲ့အချိန်တုန်းကလိုပဲ အိမ်ကတိတ်ဆိတ်နေတယ်။ ဒီနေရာက တစ်ယောက်တည်းနေဖို့အတွက် ကျယ်လွန်းတယ်။ အဲ့ကောင်လေးက လက်ထပ်ဖို့ငယ်သေးတယ်ဆိုပေမဲ့ အနည်းဆုံး ရည်းစားလေးတော့ ထားပါအုန်းလား။

"Hyungရောက်နေပြီပေါ့?"

ကျွန်တော် စားပွဲပေါ်မှာ အရက်ပုလင်းတွေနဲ့မုန့်တွေကို ခင်းလိုက်ပြီး ဆိုဖာပေါ်ထိုင်ချလိုက်တဲ့အခါမှာပဲ ယူဟျွန်းကပေါ်လာခဲ့တယ်။ သူ့ရဲ့ဆံပင်တွေကစိုနေသေးပုံထောက်ရင် အခုမှရေချိုးလာတာဖြစ်ရမယ်။ ဟိုငှက်စုတ်ရဲ့သွေးတွေက တစ်ကိုယ်လုံးမှာပေသွားခဲ့တာဆိုတော့။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now