I Am Yours [မိတ်​ဆက်​ ]

19K 1.2K 113
                                    

KyungWon University

ဒါဟာ ​ယောင်္ကျား​တွေသာ တက်​ခွင့်​ရှိတဲ့ တက္ကသိုလ်
တခု ။ နာမည်​ကြီးတယ်​ ။ ကြီးကျယ်​တယ်​ ။ ရှုပ်​​ထွေး
တယ်​ ။ ​ကြောက်​စရာ​ကောင်းတယ်​ ။

နံပါတ်​ ( တစ်​ ) အချက်​ နာမည်​ကြီးတယ်​ ဆိုတဲ့
အ​ကြောင်းအရာက KyungWon မှာရှိတဲ့
ယောင်္ကျား​လေး​တွေက သန့်​ပြန့်​ပြီး ​ချောကြတယ်​။
အဲ့သည့်​တချက်​ထဲနဲ့တင်​ ​တော်​​တော်​​လေးကို ​ရေပန်း
စား​နေပြီ​ ။ ​ယောင်္ကျာ​လေးသီးသန့်​တက္ကသိုလ်​ ဆို
တာနဲ့တင်​ မိန်းက​လေးအများစုစိတ်​ဝင်​စားတတ်​၊
စပ်​စုတတ်​ကြတာနဲ့ သဘာဝဖြစ်​​ပေမဲ့ အကုန်​လုံးက
ချော​နေကြတယ်​ဆိုတာနဲ့တင်​ KyungWon
က နာမည်​ကြီးဖို့လုံ​လောက်​​နေပြီ ။

နံပါတ်​ (နှစ်​) အချက်​ ကြီးကျယ်​ တယ်​ ဆိုတဲ့ကိစ္စ ။
အဲ့တာက​တော့ KyungWon မှာ ကြီးကြီးကျယ်
ကျယ်​ ​ကောင်​​တွေ ​ပေါ​နေလို့ပဲ ။ ​တောင်​ကိုးရီးယား
မှာ ရှိတဲ့ နာမည်​ကြီးတက္ကသိုလ်​မို့ ​တောင်​ကိုးရီးယား
ကနာမည်​ကြီးထိပ်​တန်းမိသားစုဝင်​​တွေရဲ့ ကြီးကြီး
ကျယ်​ကျယ်​'သား´ ​တွေရှိ​နေလို့ပဲ ။ ကြီးကြီးကျယ်
ကျယ်​'​ကောင်​´​တွေ​ရောက်​လာ​တော့ တက္ကသိုလ်
ကလဲ ကြီးကြီးကျယ်​ကျယ်​တက္ကသိုလ်​ဖြစ်​လာတာ​ပေါ့။

နံပါတ်​ (သုံး ) အချက်​ ရှုပ်​​ထွေးတယ်​ ဆိုတဲ့ ကိစ္စ။
ဒီကိစ္စက​တော့ KyungWon က ​​ယောင်္ကျား
လေး​တွေပဲ သိတဲ့ကိစ္စ ။ အထဲမှာဘယ်​​လောက်​ထိ
ရှုပ်​​ထွေး​နေသလဲဆိုတာ KyungWon အတွင်း
မှာလဲသိခွင့်​ ၊ မြင်​ခွင့်​ ၊ ​ပြောခွင့်​ရမယ်​ ။ အပြင်​ဘက်
ကို ​ပေါက်​ကြားသွားတာနဲ့ ပါးစပ်​ဖွာမိတဲ့​ကောင်​က
'OUT ´ ပဲ ။

နံပါတ်​ ( ​လေး ) အချက်​ ​ကြောက်​စရာ​ကောင်းတယ်​။
ဒါကလဲ KyungWon ​က အချင်းချင်းသာသိနိုင်
တဲ့ကိစ္စ။ ကြီးကြီးကျယ်​ကျယ်​​ကောင်​​တွေစု​နေမှ​တော့
ကြောက်​စရာ​ကောင်း​နေမှာ​တော့ မဆန်းပါဘူး ။
မိန်းက​လေး​တွေက​တော့ KyungWon က
ကြောက်​စရာ​ကောင်းတယ်​ ဆိုတဲ့စကားကိုအမြဲသုံး
လေ့ရှိကြတယ်​ ။ 'အရမ်းကို​ချော​မောလွန်းကြလို့´
ဆိုတဲ့အဓိပ္ပါယ်​နဲ့ ​ကြောက်​စရာ​ကောင်းတယ်​လို့သုံး
ကြတာ ။ တကယ့်​​ကြောက်​စရာ​ကောင်းတယ်​ဆို
တာက​တော့ KyungWon ထဲ တပါတ်​​လောက်
သာ ​ကျောင်းလာတက်​ကြည့်​ ။

I Am Yours Where stories live. Discover now