|| EXTRA TWO ||

6.2K 868 48
                                    


KyungWon ​၏ တတိယနှစ်​ စီနီယာများ ​ကျောင်း
ပြီးချိန်​ ကာလ "

ဂင်​မင်​​ဆော့အတွက်​  အသည်းအသန်​ ​ကြေကွဲရချိန်​ ။
နှစ်​​ယောက်​အတူ​နေတဲ့   အ​ဆောင်​ခန်းဟာ သူ တစ်
ဦးထဲအတွက်​သာ  ကျန်​ရစ်​ခဲ့ရသည်​ ။ တဖက်​ ကုတင်
ဟာ လစ်​ဟာလို့ သူ့အတွက်​​နေသားမကျ ။ စာကြည့်
စားပွဲခုံမှာ  ထိုင်​​နေတတ်​တဲ့စီနီယာကို မြင်​​ယောင်​ရင်း
လွမ်းရသည့်​ဒဏ်​ကဆိုးသည်​ ။ တ​နေ့တာကို အတူ
ဖြတ်​သန်းခဲ့တဲ့ အချိန်​​တွေကို  သတိရသည်​  ။

ကိုယ်​တိုင်​က ဒုတိယနှစ်​​ကျောင်းသားတစ်​​ယောက်​ ဖြစ်
လို့​နေပြီ  ။   အနီ​ရောင်​​ကျောင်းဝတ်​စုံကိုဝ​တ်​ပြီး ခါးကို
ဆန့်​ကာ မားမားမတ်​မတ်​ လမ်း​လျှောက်​နိုင်​ခဲ့ပြီ ။ပထမ
နှစ်​​ကျောင်းသား​တွေ​ရှေ့ စီနီယာတ​ယောက်​ အဖြစ်
လေးစား​ကြောက်​ရွံ့ ခြင်း ခံ​နေရပြီ ။ ဒါ​ပေမဲ့  စီနီယာကို
လွမ်းသည်​ ။  ​တွေ့ချင်​သည်​ ။ ဖက်​ထားမိချင်​သည်​ ။

လုပ်​ငန်းခွင်​ဝင်​ပြီး  အလုပ်​သိပ်​ရှုပ်​​နေလား စီနီယာ ။
ပြီး​တော့   ကျွန်​​တော့်​ကိုလွမ်းလား  ? ။

ဟာ သတိရလိုက်​တာ။

" ဂင်​မင်ေ​ဆာ့တ​ယောက်​ သက်​ပြင်း​တွေချ "

ဂျင်​ဝူးကပြုံးစိစိနဲ့စ​နေ​ပေမဲ့  သူ  မရယ်​ပြုံးပြနိုင်​ ။ သူ့
နည်းတူ မရယ်​ပြုံးနိုင်​တဲ့သူ  စီနီယာ​ဗြောင်​ဘတ်​ဟျွန်း။
စီနီယာချန်း​ယောလ်​  ​ကျောင်းပြီးသွားလို့ လုပ်​ငန်းခွင်
ဝင်​သွားနဲ့ပတ်​သက်​ပြီး  က​လေး​လေးလိုမျက်​ရည်​ကျ
တုန်း ။ လွမ်း​ပေမဲ့   ငိုရင်​ စီနီယာကမကြိုက်​လို့  မငိုမိ
အောင်​သတိထားမိ​နေသည်​က အကြိမ်​အကြိမ်​အခါခါ။

ဂျွန်​​ဆောင်းကို မှီထားရင်း ပြုံးစိစိရုပ်​​လုပ်​​နေတဲ့ ဂျင်​ဝူး
ကို စီနီယာသာရှိရင်​ မျက်​နှာတည်​ကြီးနဲ့​ကြောက်​လန့်
သွား​အောင်​ကြည့်​ပစ်​မှာ ​သေချာသည်​။

" ဒါနဲ့ မင်​​ဆော့  ဆယ်​ဟွန်း ဒီ​နေ့လာ​တွေ့မယ်​တဲ့လား"

I Am Yours Où les histoires vivent. Découvrez maintenant