EXTRA || ONE ||

8.1K 979 43
                                    


ပထမနှစ်​တစ်​နှစ်​   ပြီးဆုံးခါနီး  ​ဖြေဆိုရ​တော့မည့်
စာ​မေးပွဲသည်​  တစ်​စတစ်​စ နီးကပ်​လာသည်​က ​နောက်​ တစ်​ပါတ်​မျှ အချိန်​ကာလသာကျန်​​တော့၏ ။။  ဘယ်​အချိန်
ပဲ   စာ​မေးပွဲ​ဖြေ​ဖြေ.   ဂင်​မင်​​​ဆော့တို့က အိပ်​​ကောင်း
စား​ကောင်းတုန်း    အချိန်​ကာလဖြစ်​​နေဆဲပင်​  ။ အနီး
ကပ်​ အရိပ်​တကြည့်​ကြည့်​  ဆူပူ​နေတဲ့စီနီယာ​ကြောင့်
သာ   သူသည်​   စာအုပ်​နှင့်​မျက်​နှာ မခွာရဖြစ်​​နေ​တော့
သည်​    ။  စာ​မေးပွဲအချိန်​ကာလနီးမှ  ရန်​ထဖြစ်​ကြတဲ့
အ​ဆောင်​​အောက်​ထပ်​က​ကောင်​​တွေ​ကြောင့်​  စီနီယာ
နဲ့ စီနီယာချန်း​ယောလ်​တို့.    ​အောက်​ထပ်​ကိုသွား
ကြည့်​ကြတဲ့အချိန်​   စာကြည့်​စားပွဲမှာ နားကြပ်​တပ်​ပြီး
ခေါင်းတလှုပ်​လှုပ်​နှင့်​   သာယာ​နေ​တော့သည်​   ။

"   မင်​​ဆော့  မင်​​ဆော့ !!!  ဂင်​ မင်​ ​ဆော့ !!! "

ဆယ်​ဟွန်းတ​ယောက်​    စိတ်​မရှည်​နိုင်​​တော့ ။ သူ
အခန်းထဲ  ပြန်​ဝင်​လာတာ​တောင်​   မသိ ၊  ​နောက်​က
နေ ​ခေါ်​နေတာကိုလဲမသိ ၊  ​ခေါင်းတလှုပ်​လှုပ်​နှင့်
ပါးစပ်​က သီချင်းလိုက်​ညည်း​နေတဲ့    မင်​​ဆော့  ။
တတိယအကြိမ်​​မြောက်​  ​ခေါ်သံဟာ ခပ်​ကျယ်​ကျယ်​နဲ့
ခက်​ထန်​သွား​ပေမဲ့လဲ  ကြားပုံမ​ပေါ်​သေးတဲ့ မင်​​ဆော့
ဟာ    သီချင်း​တေးသွားနှင့်​အတူ လိုက်​ပါစီး​မျောပြီး
လှုပ်​ရွ​လို့​ကောင်း​နေဆဲပင်​ဖြစ်​၏   ။

"     ဟာ     စီနီယာ    "

နားကြပ်​ကို   သွားဆွဲဖြုတ်​ပစ်​လိုက်​​တော့မှ ဆတ်​ခနဲ
လှည့်​ကြည့်​လာပြီး  ၊   မျက်​နှာကရှုံ့ တွတွနှင့်​ ဆယ်​ဟွန်းကို   မ​ကျေမနပ်​ ​မော့ကြည့်​လာ​လေသည်​။

"    စာကြည့်​   မင်​​ဆော့   "

သီချင်းကိုပါ   ပိတ်​ပြီး ဖုန်းကိုလဲ ခပ်​​ဝေး​ဝေးကိုအသာ
တွန်းပို့လိုက်​​တော့   ​ဆောင့်​​အောင့်​တကြီး  ​ရှေ့က
စာအုပ်​ကို   ဆွဲယူလိုက်​တဲ့  မင်​​ဆော့ရဲ့ပုံစံ​ကြောင့်
ခေါင်းကို   အသာ​လေးတချက်​ ထု​ပေးလိုက်​သည်​ ။
ဒါ​တောင်​    ဆယ်​ဟွန်းရဲ့လက်​ကို လှမ်းပုတ်​ထုတ်
လိုက်​​သေး၏   ။   မ​ကျေနပ်​​ကြောင်း   မျက်​နှာအမူ
အရာ  ပြပြီး   စာအုပ်​​တွေကိုကိုင်​တွယ်​​နေပုံက ​ဆောင့်
အောင့်​တကြီးနိုင်​လှသည်​   ။ 

I Am Yours Tempat cerita menjadi hidup. Temukan sekarang