အပိုင်း ( ၄၀ ) အဆက် ။
ထမင်းစားဖို့ သွားတော့ တော်တော်လေးလူစုံနေတာမို့
ထောင့်ဘက်က နေရာလေးတနေရာသာ လွတ်နေတာ
ကို မြင်မြင်ချင်း အူယားဖားယားနဲ့ မင်ဆော့
တယောက် ပြေးထိုင်သည် ။ လွယ်အိတ်ကိုချ ၊
နေရာဦးပြီးမှ စားသောက်ဖို့ ပြေးယူတော့သည် ။
သူသာ ပြာယာခတ်နေပေမဲ့ ဆယ်ဟွန်းကတော့
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နှင့်သာ လုပ်
စရာရှိတာကိုလုပ်သည် ။ သည်နေ့မှ တခြားတက္ကသိုလ်က ကျောင်းသား/ကျောင်းသူတွေပါ
ရှိနေတော့ KyungWon ရဲ့ ကြီးမားလှတဲ့
ထမင်းစားခန်းကြီးဟာ လူပြည့်လို့နေသည် ။
ပထမနှစ် ၊ ဒုတိယနှစ် ကျောင်းသားတွေရဲ့ အတန်း
ဆင်းချိန်နဲ့ စီနီယာကြီးတွေနဲ့စာဆွေးနွေးပွဲပြီးချိန်က
ကွက်တိကျသွားလေတော့ ခန်းမထဲက ထမင်းစားဝိုင်း
တွေဟာ လူစုံတက်စုံနဲ့. ပြည့်ကြပ်သွားလေတော့
သည် ။ပုံစံခွက်အရ. ထမင်း|ဟင်း ထည့်ပြီး နှစ်ယောက်သား
နေရာဦးထားတဲ့ စားပွဲခုံကို ပြန်လာလိုက်ကြသည် ။
ခန်းမအတွင်းမှာတော့ တယောက်တပေါက် စကားသံ
တွေနဲ့ ၊ တူသံခွက်သံတွေက ဆူဆူညံညံထွက်ပေါ်နေ
တာမို့  နည်းနည်းတော့ နားညီးဖို့ကောင်းနေသည် ။တခြားတက္ကသိုလ်နှစ်ခုက ကျောင်းသူတွေလဲ ပါနေတော့ KyungWon က ကောင်တွေ တည်
တည်ငြိမ်ငြိမ်နေသင့်ပေမဲ့ ထမင်းစားချိန်ဖြစ်နေတော့
ကျောင်းသူလဲ ဂရုမစိုက်နိုင်အောင် ဆူညံဆူညံဖြစ်
နေကြတော့သည် ။ ကျောင်းသူအဖွဲ့တွေကတော့
တိုးတိုးတိတိ မျက်နှာရိပ်မျက်နှာကဲနှင့် စကားပြော
နေကြပြီး မျက်လုံးတွေကလဲ KyungWon က
ကောင်တွေကို တကြည့်ကြည့်နှင့် ပြုံးစိစိ အကဲခတ်
နေကြလေသည် ။" အဟမ်း ။ နောက်တချိန်က အားကစားချိန် "
သြသြရှရှ လည်ချောင်းရှင်းသံနှင့်အတူ ထွက်ပေါ်လာ
တဲ့ စကားသံကြောင့် တိခနဲ တိတ်ကျသွားတဲ့ အသံ
တွေဟာ အပ်ကျသံကိုပင် ကြားနိုင်လောက်တဲ့အဆင့်
ထိ ဖြစ်သွားလေသည် ။ ကျောင်းသားခေါင်းဆောင်
ထဲက တယောက်ဖြစ်တဲ့ စီနီယာချန်းယောလ်ကိုတော့
ကျောင်းသားတိုင်း ကြောက်ကြတော့ အသံတွေက
ချက်ချင်းပဲရပ်စဲသွားသည်က မဆန်းလှ ။ မကြောက်
တဲ့ သူတဦးကလဲ ပြုံးရိပ်သန်းနေတဲ့ မျက်လုံး
အကြည့်ရွှန်းရွှန်းဝေဝေနှင့် ' ယောလ် မိုက်တယ်´
ဆိုပြီး လက်မထောင်ပြနေလေသည် ။ စီနီယာ
ချန်းယောလ်ရဲ့ ခပ်တည်တည်မျက်နှာထက် ပါးချိုင့်
တဖက်က လစ်ခနဲပေါ်လာတော့သည် ။

YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.