ကျောင်းတက်ရက်ဆို အမြဲအိပ်ရာထနောက်ကျတတ်တဲ့
ဂင်မင်ဆော့ဟာ သည်ရက်ပိုင်းအတွင်း မနက်ခုနှစ်
နာရီလောက်ဆိုရင်ဖြင့် အဆောင်အခန်းထဲရောက်ချ
လာတတ်သည် ။ 'လွမ်းသည်´ကိုအကြောင်းပြပြီး
အဆောင်ကျောင်းသားတွေ အိပ်ယာတောင်မနိုးတတ်
ကြသေး သူကတော့ အိမ်ကနေအဆောင်ထိ ရောက်
နေသည် ။ ချစ်ကြတာတော့ သိပ်ချစ်နေကြတာပါပဲ။" ငါ့အိပ်ယာလေး လွမ်းလိုက်တာ "
ဘုန်းခနဲ ကုတင်ပေါ်ဝမ်းလျားထိုးမှောက်ကာ ခေါင်း
အုံးကို ဖက်တွယ်လို့. ဇိမ်ချနေတဲ့အချိန် စီနီယာက
မျက်နှာသစ်ပြီး အင်္ကျီလဲဖို့ပြင်ဆင်နေသည် ။ ခေါင်း
အုံးကရတဲ့ ခပ်သင်းသင်းအမွှေးနံ့ကို သိနေတာမို့
မင်ဆော့တယောက် အပြုံးကြီးပြုံးလို့ ခေါင်းအုံးကို
တချက် နမ်းရှိုက်လိုက်သေးသည် ။ သူ အဆောင်
မှာမနေရတဲ့ရက်တွေမှာ စီနီယာက သူ့ကုတင်မှာသူ
မအိပ်တော့လဲ ကိုယ့်ကုတင်မှာပဲလာအိပ်တတ်သည်
လေ ။ ခေါင်းအုံးကရနေတဲ့အမွှေးနံ့ကလဲ မနေ့ကမှ
အလွတ်မှတ်မိနေတဲ့ စီနီယာရဲ့ခေါင်းလျှော်ရည်နံ့ ။" မနက်စာကော စားခဲ့ရဲလား "
ကျောပိုးလွယ်အိတ်ထဲ စာအုပ်တွေသေသေသပ်သပ်
ထည့်နေတဲ့ စီနီယာရဲ့လှုပ်ရှားမူတိုင်းကို ကုတင်ထက်
ကနေ ဝမ်းလျှားမှောက်ပြီး ခေါင်းထောင်ကာ လိုက်
ကြည့်နေလိုက်သည် ။ ဘယ်လိုကြည့်ကြည့် ၊ ဘယ်
ချိန်ကြည့်ကြည့် စီနီယာက အမြဲစမတ်ကျပြီး ချော
နေတာကို မနာလိုမိသည် ။" စားခဲ့တယ် ။ ကျွန်တော် စီနီယာကိုလွမ်းလွန်းလို့
မနက်အစောကြီးထပြီး ကျောင်းလာခဲ့ရတာနော် "သူ့ရဲ့ရေပက်မဝင်အောင် ပြောနေတဲ့စကားတွေကိုလဲ
နားထောင်ပေးရင်း သူ့ရဲ့လွယ်အိတ်ထဲက စာအုပ်
တွေပါယူဖွင့်စစ် နေတဲ့ စီနီယာကိုကို ။ ဆယ်ဟွန်း
ရဲ့အလုပ်က မင်ဆော့ရဲ့လွယ်အိတ်ကိုပါ အချိန်ဇယား
နဲ့တိုက်ပြီး စာအုပ်တွေထည့်ထားတာမှန်ရဲ့လားဆိုပြီး
ယူစစ်ပေးသည့်အလုပ်လဲပါသည် ။ မင်ဆော့ရဲ့
အတန်းအချိန်ဇယားကို ဆယ်ဟွန်းအလွတ်ရနေ
သည်ကို မင်ဆော့တအံ့တသြဖြစ်ခဲ့ဖူးသည် ။ မင်ဆော့အတွက်ကတော့ ကိုယ့်အတန်းအချိန်ဇယား
ကိုယောင်လို့တောင် တကူးတကမကြည့်ဖြစ် ။
လွယ်အိတ်ထဲ စာအုပ်တွေအကုန်ထိုးထည့်ပစ်သည်က
များသည် ။ ဒါကို စီနီယာက အလွတ်ပါရနေတာ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.