မနက်ရောက်တဲ့အထိ မနေ့ညကထဲက ကုတင်ပေါ်
ပစ်တင်ထားတဲ့ မှောက်ရက်အတိုင်းကြီး ဂင်မင်ဆော့
ဟာ အိပ်ကောင်းနေတုန်းရှိနေပေမဲ့ အခန်းထဲဝယ်တော့
လူစုံတက်စုံရောက်နေတယ် ။ အဝတ်အစားတောင်
မလဲပေးတဲ့အပြင် ဖြစ်သလိုပုံပျက်ပန်းပျက် ကုတင်
ပေါ်ပစ်တင်ခံထားရတဲ့ပုံစံကြောင့် သူများအခန်းထဲ
စောစောစီးစီးစပ်စပ်စုစုရောက်နေတဲ့ ဗြောင်ဘတ်ဟျွန်း
ဟာ အသည်းအသန်စိတ်ဆိုးနေတယ် ။ ပတ်ဂျင်ဝူး
မှာတော့ စီနီယာဖြစ်သူဘတ်ဟျွန်းက' ဆယ်ဟွန်းရဲ့ အခန်းထဲတယောက်ထဲမသွားရဲပါဘူး´ ဆိုပြီး စောစော
စီးစီး အနိုင်ကျင့်ဖုန်းဆက်ခေါ်ထားလို့ ရောက်ချလာရပြီး
မင်ဆော့နဘေး နေရာလွတ်ကလေးမှာကပ်သီးကပ်
သတ် ကပ်အိပ်နေတယ် ။" ဘာလဲ မင်းက စားပြီးနားမလည်လုပ်တာလား"
ကာကယံရှင်ဖြစ်တဲ့ ဂင်မင်ဆော့ကတောင် ကုလားသေ
ကလားမောအိပ်နေနိုင်ချိန်မှာတောင် စီနီယာဘတ်ဟျွန်းကအကြီးအကျယ်စိတ်ဆိုးပြနေတယ်၊
သူ က မလှုပ်မယှက်နဲ့ ညကသူနမ်းခဲ့တာမဟုတ်တဲ့
ပုံစံနဲ့ အေးအေးဆေးဆေးရှိလှတဲ့စီနီယာဆယ်ဟွန်းကို
လည်ပင်းညစ်ချင်နေဆယ် ။ စီနီယာအိုဆယ်ဟွန်းကတော့
တင်းတင်းစေ့ထားတဲ့ နူတ်ခမ်းတွေကိုဖွင့်ဖို့်စိတ်ကူးမရှိ
သည့်ပုံပါပဲ ။" ဝန်ခံလိုက်စမ်းပါ မင်း ဂင်မင်ဆော့ကိုစိတ်ရှိနေတာ
မလား အဲ့တာကြောင့် နမ်းခဲ့တာမလား "စီနီယာဗြောင်ဘတ်ဟျွန်းဘက်က ဘယ်လောက်မေး
မေး စီနီယာအိုဆယ်ဟွန်းကတော့ သူ့ကိုမေးနေတာ
မဟုတ်သလို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့
သီချင်းတပုဒ်ကို တိုးတိုးလေးတောင်ကောက်ဖွင့်လိုက်.သေးတယ်။ပေါင်နါးထိရှည်တဲ့ရှပ်အဖြူအနက်ကွက်ပေါ်
အနက်ရောင်ဂျာကင်ကို ထပ်ဝတ်နေတဲ့စီနီယာအိုဆယ်
ဟွန်းက. နားပူတဲ့ဒဏ်ကိုမခံနိုင်တော့လို့အပြင်ထွက်
တော့မည်ထင်သည် ။ စီနီယာဗြောင်ဘတ်ဟျွန်းက
တော့ ဖြေသူမရှိတဲ့မေးခွန်းပေါင်းများစွာမေးရင်း
တယောက်ထဲချာလပတ်ရမ်းနေတုန်းပဲ ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.