I Am Yours [ 10 ]

7.7K 1K 119
                                    

" Kiss "

်​ ​ရေရွတ်​လိုက်​တဲ့ အင်္ဂလိပ်​ စကားစု၏အသံထွက်
ကြောင့်​ ကြက်​သီး​တွေထလာသလို ခံစားလိုက်​ရသည်​။
အဲ့တာက မ​တော်​တဆဖြစ်​သွားတဲ့ အနမ်းတခုပဲမဟုတ်
လား ။  ' အနမ်း´ လို့ဆိုရ​အောင်​လဲ ဒီအတိုင်းထိကပ်
မိသွားရုံ​လေးပါပဲ ။ ဒါဆိုလဲ ' အနမ်း ´ တခုပဲလား။
စီနီယာအ​နေနဲ့က ဘာမှမဖြစ်​သလို ပြုမှုသွား​ပေမဲ့
ကိုယ့်​မှာက​တော့  ရူး​ကြောင်​​ကြောင်​နိုင်​စွာ အနမ်း
တခုကို အဓိပ္ပါယ်​​လျှောက်​ဖွင့်​​နေမိသည်​ ။

" Kiss "

ဘေး နားမှာ ဖုန်းတလုံးနဲ့ ဇာတ်​ကားထိုင်​ကြည့်​​နေတဲ့
ဂျင်​ဝူးရဲ့ ဖုန်းစခရင်​ကို အကြည့်​​ရောက်​မိချိန်​ မင်းသား
နဲ့ မင်းသမီးက အနမ်း​ခြွေ​နေပြန်​​တော့ လှုပ်​ခါသွားတဲ့
ရင်​ဘတ်​ကို လက်​ဖဝါးနဲ့ဖိကာ အကြည့်​ပြန်​လွှဲလိုက်​ရ
သည်​ ။ သဘာဝမကျလိုက်​တာ ။ စီနီယာနဲ့​နေရာမှာသာ
မိန်းက​လေးတ​ယောက်​နဲ့သာဆို စိတ်​ကူးယဉ်​လို့
ကောင်း​နေမှာအ​သေအချာ ။ မ​ကောင်းလိုက်​တဲ့
နှလုံးသား ။ နှုတ်​ခမ်းချင်း မ​တော်​တဆထိကပ်​မိရုံနဲ့
'တဒုတ်​ဒုတ်​´ မြည်​​အောင်​ ခုန်​တက်​လာရသလား။

စီနီယာ အိုဆယ်​ဟွန်းကို မင်းမို့ မ​ကြောက်​မရွံ့  ရင်​ခုန်
မိရတယ်​လို့ ဂင်​မင်​​ဆော့ရာ ။

" ဆယ်​ဟွန်း ကို ​တွေ့မိကြ​သေးလား "

စီနီယာရဲ့နာမည်​ ကြားလိုက်​တာနဲ့ မင်​​ဆော့ ခါးကို
မတ်​ခနဲဖြစ်​သွားပြီး ရင်​ထိတ်​သွားရ​တော့သည်​ ။
စီနီယာ​ဗြောင်​ဘတ်​ဟျွန်းက လက်​ထဲမှာ ဖဲပြားခရမ်း
ရောင်​​လေးနဲ့လှလှပပထုတ်​ပိုးထားတဲ့ ဘူး​လေးတဘူး
ကိုကိုင်​ထားပြီး အနားကိုဝင်​ထိုင်​လာတယ်​ ။

" ဘာလို့လဲ စီနီယာ ဘတ်​ဟျွန်း "

'စီနီယာ´လို့ တမင်​တပ်​​ခေါ်လိုက်​ပြီး ဂျင်​ဝူးကမျက်​ခုံး
ပင့်​ကာစလိုက်​​ပေမဲ့ စီနီယာဘတ်​ဟျွန်းက​​အောက်​နူတ်
ခမ်း ​ကို ​​ထော်​ကာ 'ဟူး´ခနဲ​လေမှုတ်​ထုတ်​လိုက်​​တော့
ပန်း​ရောင်​ဆံပင်​​လေး​တွေက ဝဲခနဲလှုပ်​ရှားသွားတယ်​။
လက်​ထဲကဘူး​လေးကို စားပွဲ​ပေါ်ပစ်​တင်​လိုက်​ကာ
စိတ်​ရှုပ်​​နေတဲ့မျက်​နှာအမူအရာနဲ့ ​ခြေချိတ်​ထိုင်​လိုက်
တဲ့ စီနီယာဘတ်​ဟျွန်းရဲ့လှုပ်​ရှားမူတိုင်းကို မင်​​ဆော့
လိုက်​ကြည့်​​နေလိုက်​တယ်​ ။

I Am Yours Where stories live. Discover now