ရုတ်ချည်းကြီး အခန်းတွင်းသို့. စီနီယာတယောက်
ရောက်ချလာသည့် ကိစ္စကအသာထား ။ သူ့အခန်းတွင်း
နံရံတွေမှာ နေရာလပ်မကျန်အောင် ရှိနေသည့်
မင်းသမီး၏ပိုစတာတွေရှေ့. မိန့်မိန့်ကြီးမတ်တပ်ရပ်
နေသည့် ကိစ္စက. ပိုအရေးကြီးသည် ။ နဖူးကြော
တွေဟာ ထင်းရှင်းစွာပေါ်လို့. ၊ တင်းတင်းစေ့ထားတဲ့
နူတ်ခမ်းတွေနဲ့. ၊ တတန်းထဲကျနေသည့်မျက်ခုံးတွေက
စိတ်အမူအရာကို ဖော်ပြနေသည် ။ ဒူးနေရာနားထိ
ရောက်လုနီးပါး ရှည်လှတဲ့ ကုတ်အင်္ကျီခဲရောင်ကို
အနက်ရောင်တီရှပ်ပေါ် ထပ်ဝတ်ထားပြီး လက်တဖက်
က. ဘောင်းဘီအိပ်ကတ်ထဲထိုးထည့်ထားကာ ပိုစတာ
တွေကို မမှိတ်မသုန်စိုက်ကာကြည့်နေလေ၏ ။" ခဏလေး မျက်စိအောက်က ပျောက်တာနဲ့
သာယာ နေတော့တာပဲနော် မင်းကတော့ "'မင်းကတော့ ´ ဆိုသည့်နေရာကို တမင်ကြီးအံကြိတ်
ပြောလိုက်သည့်နှယ် အကြည့်စူးစူးတွေနှင့်လှည့်ကာ
ကြည့်လာ၏ ။ စာကြည့်စားပွဲခုံပေါ်မှာ ထောင်ထားပေး
သည့် မင်းသမီး၏အပြုံးချိုချိုဓာက်ပုံငယ်လေးဆီကိုလဲ
စီနီယာရဲ့. အေးစက်စက်အကြည့်ကြီးကရောက်သွား
ပြန်သည် ။" စီနီယာ ကိုကို ရောက်နေပြီလား "
တံခါးချပ် ပွင့်လာသည်နှင့်အတူ အငယ်မ၏အသံက
စူးခနဲထွက်လာလို့. လူသည်လဲအခန်းတွင်းသို့ရောက်ရှိ
လာတော့သည် ။ ဂါဝန်အပြာနုရောင်လေးဝတ်ထားပြီး
ဆံပင်လေးတွေကို နှစ်ဖက်ခွဲစည်းထားတဲ့ အငယ်မဟာ ဒီနေ့မှ ပိုလှချင်နေသယောင် ။" မီးငယ် စီနီယာကိုကို ကို ခေါ်သွားမယ်နော်
ကတိပေးထားတဲ့အတိုင်း ကိုကို့အခန်းထဲကို
မင်းသမီးမမလှလှရဲ့ပုံတွေ ထပ်ကပ်ပေးမယ် "အငယ်မရဲ့အတင်းလက်ကိုဆွဲကာခေါ်သွားရာနောက်
စီနီယာမှာ မငြီးမငြူဘဲ အလိုက်သင့်ပါသွားပေးပေမဲ့
မျက်မှောင်ကြုတ်ကာ တချက်တော့လှည့်ကြည့်သည်
ကိုတော့ ခံလိုက်ရသေးသည် ။ မင်ဆော့တယောက်
အခန်းတွင်းက. မင်းသမီးရဲ့ပုံတွေကို ခွာပစ်ရကောင်း
မလားလို့တောင် စဉ်းစားမိပေမဲ့ မရှိမဲ့ရှိမဲ့မာနလေး
နဲ့. စီနီယာကိုအားပြိုင်ချင်သွားသည် ။

KAMU SEDANG MEMBACA
I Am Yours
Fiksi PenggemarDon't wait until it's too late to tell someone how much you youe, how much you care.