ကျွန်တော်တို့ရဲ့ အချစ်တွေမှာ ဘာတွေက မှားယွင်း
နေခဲ့တာလဲ လို့ မေးခွန်းထုတ်မိပြန်၏ ။မယုံကြည်မှု ။ ကျွန်တော် ခံရခက်လွန်း၏ ။
ကျွန်တော် သူ့ကို ချစ်ပြပေးနေလျက်နဲ့ မယုံကြည်မှု
နှင့် အဝေးကိုတွန်းလွှတ်သည် ။ ဘယ်လောက်ထိ
ခံရခက်ခဲ့ရသလဲ ။ နာကျင်သည် ။ ဒေါသထွက်သည်။
ကျွန်တော့်ရဲ့အချစ်တွေကို စော်ကားလိုက်သလို ခံစား
ရသည် ။သည်တနေ့တာဟာ ပင်ပန်းခက်ခဲလွန်း၏ ။ စိတ်မပါ
ပေမဲ့ ကျောင်းကိုရောက်အောင်လာတဲ့ ကိုယ့်ကို
ကိုယ်လဲ နားလည်ဖို့သိပ်ခက်ပြန်၏ ။ စိတ်ဆိုးတာ
ကစိတ်ဆိုးတာ တစ်ကန့် ၊ လွမ်းတာက လွမ်းတာ
တစ်ကန့်လို့ပင် ဆိုရမှာပဲ ။ ဒေါသထွက်နေတာ
တောင် စီနီယာရဲ့မျက်နှာကို မြင်ချင်မိ၏ ။ မြင်ရပြန်
ရင်လဲ ဒေါသကထွက်လာဦးမည် ။ ကျွန်တော်
ဆန္ဒကို ချိုးနှိမ်ရင်း ဆိတ်ဆိတ်သာနေမိ၏ ။
အခုလက်ရှိ ကျွန်တော်တို့ အခြေအနေက ဘာဖြစ်
ကုန်ကြပြီလဲ ။ ကျွန်တော် မသိချင်ဘူး ။ သည်
အတိုင်း ခဏတာ စိတ်ဆိုးနေကြခြင်းလို့ပဲ ။မင်ဆော့ရဲ့ဘေးမှာ ငြိမ်ငြိမ်သက်သက် နှုတ်ဆိတ်
နေတဲ့ ဂျင်ဝူးသည်လဲ သူ့အကြောင်းတရားနှင့်သူ ။
နှစ်ယောက်စလုံး၏ မျက်နှာရိပ်မျက်နှာကဲကို လိုက်
အကဲခတ်နေရင်း စီနီယာဘတ်ဟျွန်းက မျက်နှာ
မဲ့မဲ့နှင့် ။ သုံးယောက်သား ဆုံကြတဲ့အချိန်က မယုံ
ကြည်နိုင်စရာကောင်းအောင် တိတ်ဆိတ်လွန်းနေ
သည်လေ ။ တခဏကြာတော့ စီနီယာဘတ်ဟျွန်း
၏အနားကို စီနီယာချန်းယောလ်ရောက်လာပြီး
နှစ်ဦးသားပူးပူးကပ်ကပ်နဲ့ ရယ်မောနေကြတော့သည်။မျက်နှာတည်တည်နေတတ်တဲ့ စီနီယာချန်းယောလ်က
စီနီယာဘတ်ဟျွန်းနှင့်ဆိုရင်တော့ အမြဲပြုံးရွှင်နေလေ့
ရှိသည် ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.