I Am Yours [ 6 ]

7.5K 930 81
                                    


KyungWon က ​​​နောက်​​နေ့တရက်​အထိ​တော့
အ​ခြေအ​နေ​တွေငြိမ်​သက်​​နေဆဲပဲ ။ တစုံတ​ယောက်
က​တော့ တ​ယောက်​​ယောက်​​တော့ 'Out' ရလိမ့်
မယ်​ဆိုတဲ့စကားကို တထစ်​ချယုံကြည်​​နေတုန်း ။
လက်​ရှိမှာ​တော့ ငြိမ်​သက်​​နေတယ်​ဆိုတာက​တော့
အမှန်​ပင်​ ။

" ထ တခုခုသွား​သောက်​ရ​အောင်​ "

စာ​ရေးခုံ​ပေါ် ​ခေါင်း​မှောက်​အိပ်​​နေတဲ့သူ့ကို ဂျင်​ဝူးက
ခြေ​ထောက်​နဲ့လှမ်းကန်​သွားပြီး ​ဘောင်းဘီအိတ်​ကပ်
ထဲလက်​ထည့်​ကာ ​အေး​အေးလူလူစာသင်​ခန်းထဲက
ထွက်​သွား​တော့တယ်​ ။ ပျင်းတိပျင်းတွဲ တချက်​သမ်း
ဝေ ကာ သူလဲ​နောက်​က​နေ ​လေးကန်​တဲ့​ခြေလှမ်း​တွေ
နဲ့​နောက်​က​နေလိုက်​သွားလိုက်​တယ်​ ။

Libiary ဘက်​ သွားတဲ့ လမ်းအချို့​အ​ကွေ့မှာ
Coffee Cafe လို ဆိုင်​မျိုး​လေး ရှိတယ်​ ။
ဆိုင်​တဆိုင်​ထဲမို့ လူရှုပ်​လှတယ်​လို့လဲ သိပ်​မရှိဘူး။
KyumgWon ​​ ​ကျောင်း ကိုဝင်​ဖို့ပုံ​ပေးလိုက်​ရ
တဲ့ပိုက်​ဆံ​တွေထဲမှာ ဒီဆိုင်​အတွက်​မပါဘူး ။ကိုယ်
သောက်​တာကိုယ်​ထုတ်​ရှင်း​ပေးရမှာပဲ ။ ဆိုင်​​လေး
ရှေ့မှာ ထိုင်​ဖို့​နေရာစားပွဲသုံးဝိုင်း​လောက်​ပဲရှိတယ်​။
ဆိုင်​​ရှေ့မှာ စာကြည့်​တိုက်​ဖက်​သွားဖို့လမ်းရှိတယ်​။
ပြီးရင်​ ​မျက်​နှာချင်းဆိုင်​မှာက စာ​ရေးကိရိယာ​တွေ၊
ရောင်း​ပေးတဲ့​နေရာ​လေးရှိတယ်​ ။ ဆိုင်​နှစ်​ဆိုင်​လုံး
ကို ပိုင်​ရှင်​ကတဦးထဲပဲ ။

" ​နေဦး !"

သမ်း​ဝေရင်း ဆိုင်​ထိုင်​ဖို့သာစိတ်​​စောလင့််​နေတဲ့
မင်​​ဆော့ကို ဂျင်​ဝူးကလက်​​မောင်းရင်းကိုဖမ်းဆွဲကာ
တားမြစ်​လိုက်​တယ်​ ။ ဆိုင်​​ရှေ့က စားပွဲဝိုင်း မှာ
အ​အေးတဘူး​ရှေ့ချထားပြီး စာအုပ်​ထိုင်​ဖတ်​​နေတဲ့
စီနီယာဆယ်​ဟွန်းကို​မေး​ငေါ့ပြလိုက်​​သေးတယ်​ ။
တဆက်​ထဲပင်​ စာကြည့်​တိုက်​ဘက်​လမ်းကလာ​နေတဲ့
စီနီယာဂူထယ်​ဂျွန်းကိုပါ မျက်​လုံးကတန်းမြင်​သွားတယ်​။



I Am Yours Où les histoires vivent. Découvrez maintenant