ခဏတဖြုတ်အိပ်ပြီး ပြန်နိုးလာတော့ အနားမှာ
စီနီယာက. စာအုပ်တအုပ်ကိုဖတ်ပြီး ထိုင်စောင့်ပေးနေတုန်းပဲ ။ သူ လှုပ်လှုပ်ရှားရှား လုပ်လာတော့ စီနီယာက ခေါင်းငဲ့ကြည့်လာပြီး လက်
ထဲက. စာအုပ်ကိုချလိုက်သည် ။ အလူးအလိမ့်
အတင်းကုန်းကြုံးထလိုက်ပြီး အချိန်ကိုကြည့်လိုက်
တော့ ၁၂ ပင် ထိုးချေတော့မည် ။" အကြာကြီး အိပ်ပျော်သွားတာပဲ ။ ဗိုက်ဆာနေပြီ
မှတ်လား မနှိုးလိုက်ဘဲနဲ့ဗျာ ဘာလုပ်နေတာလဲ။"တယောက်ထဲ ပွစိပွစိပြောသွားပြီး မီးဖိုခန်းထဲ အပြေးတပိုင်းနဲ့. ဝင်သွားတဲ့ မင်ဆော့ကို ဆယ်ဟွန်းတယောက် ဘာမှပြန်ပြောချိန်မရလိုက် ။
ပြေးထွက်သွားတဲ့ ကျောပြင်ကိုသာ လိုက်ငေးကြည့်
ရုံမျှသာ တတ်နိုင်၏ ။ ခွက်သံ ၊ ဇွန်းသံတွေ ထွက်
လာတဲ့ မီးဖိုခန်းဘက်ကို နားစွင့်ထားရင်း သူ
ပြုံးလိုက်လေ၏ ။" အေးကုန်လို့ ပြန်နွှေးထားတယ် ။ စားပြီးရင် ဆေး
သောက်ရဦးမှာ ။ ကျွန်တော် အိပ်ပျော်သွားတာနဲ့ပဲ
ဆေးသောက်ချိန်တွေ နောက်ကျကုန်ပြီလားမသိဘူး"ဂင်မင်ဆော့၏ ပွစိပွစိ ပြောနိုင်မူကို ဆယ်ဟွန်း
တကယ်ပင် လက်မြှောက်ပါ၏ ။ ကမ်းပေးလာတဲ့
ဆန်ပြုတ်ပန်းကန်ကိုသာ လှမ်းယူလိုက်ရင်း တိတ်
တိတ်ဆိတ်ဆိတ်သာ စားနေလိုက်သည် ။ မင်ဆော့ကတော့ သောက်ရမဲ့ ဆေးလုံးတွေကို
ရေတွက်နေရင်း ပါးစပ်ကလဲ မနားတမ်း ပြောဆို
နေ၏ ။ စားပြီး အသင့်ပြင်ပေးထားတဲ့ ဆေးတွေ
ကို ယူသောက်လိုက်ပြီး အညောင်းအညာပြေအောင်
မတ်တပ်ထရပ်မို့  ဟန်ပြင်တုန်း ရှိသေးသည် ။
လက်မြန်ခြေမြန်ရှိတဲ့ ဂင်မင်ဆော့က. သူ့ပုခုံးအား
နောက်ကနေ ဖတ်ခနဲ လှမ်းကာရိုက်လိုက်လေ၏ ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.