I Am Yours [ 43 ]

7.7K 1K 40
                                    


ခက်​သွက်​သွက်​  လှမ်းလာတဲ့ ခြေလှမ်း​တွေက ​ကျောင်း
ဆေးခန်းဆီကို    ဦးတည်​သွား​နေသည်​   ။ မ​ပြေးရုံ
တမယ်​   လှမ်း​နေတဲ့​ခြေလှမ်း​တွေနှင့်​   ခပ်​တင်းတင်း
မျက်​နှာထား    ။  ​လမ်းမှာဆုံတဲ့   ​ကျောင်းသားတိုင်း
က  တင်းမာ​နေတဲ့သူ့မျက်​နှာအ​ခြေအ​နေ​ကြောင့်
အရိပ်​အကဲကြည့်​ကာ    အထိတ်​တလန့်​ လမ်းဖယ်
ပေးကြသည်​    ။   ဘတ်​ဟျွန်းဆီက   ဖုန်းရပြီးပြီးချင်း
သူ  အ​ပြေးလာခဲ့​ပေမဲ့    ထိပ်​တိုက်​​တွေ့တဲ့ ထယ်​ဂျွန်း
ကို   မြင်​​တော့    ​ဒေါသမထိန်းနိုင်​ဘဲ  ရင်​ဘတ်​ကို
ပြင်းထန်​တဲ့ကန်​ချက်​နဲ့. သတိ​ပေးခြင်းကိုပြုလုပ်​လိုက်
သည်​    ။

အရင်​တခါ    သူနှင့်​မင်​​ဆော့ရဲ့ပုံ​တွေကိုဖြန့်​​အောင်
လုပ်​ခဲ့တဲ့  သူက    ထယ်​ဂျွန်းမှန်း   ဆယ်​ဟွန်းသိခဲ့
ပြီးထဲက.     ဆုံးမ​ပေးဖို့ဆုံးဖြတ်​ထားပြီးသား   ။
အခုထပ်​ပြီး    မင်​​ဆော့ကိုထိလာပြန်​တာမို့.  သူ
ဂူထယ်​ဂျွန်းကို    သတ်​ပစ်​​တော့မှာ   ။  ​ကျောင်း​ဆေး
ခန်းထဲက.    ကုတင်​​ပေါ်မှာ  လဲအိပ်​​နေတဲ့ မင်​​ဆော့
ကို  သူ အပြင်​က​နေ.   လှမ်းမြင်​လိုက်​ရမို့ အခန်းထဲ
ကို   ခပ်​သုတ်​သုတ်​ဝင်​သွားလိုက်​သည်​   ။ မင်​​ဆော့
ရဲ့ကုတင်​အနားမှာ     စကားသံတိုးတိုးနဲ့ ​ပြော​နေကြ
တဲ့    ဂျင်​ဝူးနဲ့ဂျွန်​​ဆောင်းက.  သူ့ကို မြင်​​တော့
ကမန်းကတန်း    မတ်​တပ်​ထရပ်​ကြသည်​  ။

"    အိပ်​​ပျော်​သွားပြီလား   မသိဘူး  စီနီယာ  "

ဂျင်​ဝူးက.     ကုတင်​ထက်​   ငြိမ်​ငြိမ်​​လေး​နေ​နေသည့်
မင်​​ဆော့ကို    တချက်​လှည့်​ကြည့်​ကာ ​ပြောလိုက်​သည်
သို့​ပေမဲ့    တ​ဖြေး​ဖြေးပွင့်​လာတဲ့    မျက်​လုံး​တွေက
မအိပ်​​သေး​ကြောင်း    ​ပြောလာသည်​  ။  ဆယ်​ဟွန်း
ကိုမြင်​သွား​တော့   ရှုံ့ တွ​နေတဲ့  မျက်​နှာနဲ့ လက်​တဖက်
က ​ခေါင်းကိုကိုင်​ပြလာသည်​    ။

"   ​တော်​​သေးတာ​ပေါ့  စီနီယာ့ကို မ​မေ့​သေးလို့ "

ရွှတ်​​နောက်​​နောက်​   ဆယ်​ဟွန်းကို တမင်​စလိုက်​ပြီး
ပြုံးပြလာတဲ့   မျက်​နှာ​လေးကို   ဆယ်​ဟွန်း အတန်
ကြာ​ငေးကြည့်​ပြီးမှ   မသိမသာ သက်​ပြင်းချလိုက်​မိ
သည်​   ။   ​တော်​​သေးတယ်​လို့ပဲ   သူ ​တွေးလိုက်​မိ
သည်​   ။   အများကြီး  မထိခိုက်​သွားတာကိုပဲ ​ကျေး
ဇူးတင်​ရမည်​  ။  ဂျင်​ဝူးနဲ့ဂျွန်​​ဆောင်းက​တော့ အလိုက်
တသိ    အပြင်​ကိုထွက်​သွား​ပေးကြတာမို့ ကုတင်​နားက
ထိုင်​ခုံမှာ     သူ ဝင်​ထိုင်​လိုက်​သည်​   ။

I Am Yours Where stories live. Discover now