အပိုင်း ( ၁၈ ) ၏ အဆက် ။
'ကိုယ့်နှလုံးသား က ပြောစရာရှိနေပါတယ်´ဆိုသော
အတွက် နူတ်ခမ်းတွေကိုရန်ရှာခံလိုက်ရတဲ့ဖြစ်ရပ်
ကြောင့် ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးအိမ်တွေ
က ဘယ်လောက်ထိအံ့သြထိတ်လန့်သွားကြောင်းကို
သက်သေပြနေ၏ ။ လက်ကောက်ဝတ်ကို ဖမ်းဆုပ်
ကိုင်လာခဲ့ အထိအတွေ့ကြောင့် ခေါင်းငုံ့ကာကြည့်မိ
လိုက်တော့ မင်သေသေပင်ဖြစ်သွားမိသည် ။" ကျစ် ! မင်းကြောင့်ပြိုင်ပွဲကိုပစ်ထားခဲ့ရပြီ "
ခပ်တိုးတိုး စီနီယာဆီက ညည်းညူသံ ။ ညနေ ၆နာရီ
မှာ ပြိုင်ပွဲရှိပါတယ်ဆိုပြီး ထွက်သွားတဲ့သူက ၆ခွဲလောက်မှာ သူ့ဆီရောက်ချလာတယ် ။ဆိုင်ထဲကနေ
အတင်းဆွဲခေါ်ထုတ်လာပြီး ဘာမှမပြောမဆိုဘဲနမ်း
တယ် ။ ပြီးတော့ မိန်းမတွေ့နဲ့ထပ်တွေ့ရဲတွေ့ကြည့်
အရှင်မထားဘူး ဆိုပြီး ခြိမ်းခြောက်ပြန်တယ်။" စီနီယာ မူးနေတာတော့မဟုတ်ပါဘူးနော် "
သူ့စကားကြောင့် တင်းမာသွားတဲ့ မျက်နှာထား ။
မူးပါတယ်လို့ စွပ်စွဲရအောင်လဲ မူးနေတဲ့ပုံစံအရိပ်
အယောင် တစက်ကလေးမှမရှိ ။" ဘာလဲ ဒီလောက်နဲ့မလုံလောက်သေးဘူးလား
ထပ်ပြီး ဘာလုပ်ပြပေးရဦးမှာလဲ "ပြောရင်းဆိုရင်းပင် ဆိုင်ကယ်ပေါ်ထိဆွဲခေါ်သွားပြန်
တယ် ။ ရုတ်တရတ်ကြီးဆိုသလိုအနမ်းခံလိုက်ရတဲ့
အကြောင်းရင်းကိစ္စကို နားလည်တဲ့အထိတော့ရှင်းပြ
ပေးရမယ်မဟုတ်လား။ အနမ်းခံလိုက်ရတဲ့အပြင်
ပြန်တောင် အဟောက်ခံနေရတာကြီးကတော့မဟုတ်
သေးဘူးမလား ။" စီနီယာ စကားပြောချင်လို့ဖြေးဖြေးမောင်းပေးဗျာ"
ခေါင်းလဲညိတ်မပြပေး၊ အင်းအဲ လဲ လှည့်မဖြေပေးပေမဲ့
သိသိသာသာလျော့သွားတဲ့ ဆိုင်ကယ်အရှိန်ကြောင့်
လေတိုးသံလျော့သွားပြီး စကားပြောရအဆင်ပြေသွား
တော့သည် ။ စီနီယာရဲ့ကျောပြင်နဲ့သူ့ရင်ဘတ်ကကပ်
နေတာမို့. မျက်နှာကို ပုခုံးကျော်သွားတဲ့အထိ တိုးကပ်
လိုက်တယ် ။

YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.