I Am Yours [ 15 ]

7.4K 1K 33
                                    


ချန်း​ယောလ်​တ​ယောက်​ လှမ်းမြင်​​နေရတဲ့ တံ​တောင်း
ဟောင်းတခု၏​အောက်​ကို ကားကို​ကွေ့ချရပ်​လိုက်​သည်​။
တံ​တောင်း​ဟောင်းရဲ့​အောက်​မှာ ရုတ်​ရုတ်​သဲသဲနဲ့
ဖြစ်​​နေတဲ့ ရန်​ပွဲဟာ ခပ်​လှမ်းလှမ်းကထဲက သူလှမ်း
မြင်​​နေရသည်​ ။ ချန်း​ယော်​ ကားကို ဆယ်​ဟွန်းရဲ့
ဆိုင်​ကယ်​​ဘေးကို ​ကွေ့ချထိုးရပ်​လိုက်​ပြီး ကား​ပေါ်က
နေ အလျင်​အမြန်​​ပြေးဆင်းလာလိုက်​​တော့ အပြင်​ဘက်
က ရန်​ပွဲရဲ့ ထိုးကြိတ်​သံ​တွေကို ကျယ်​ကျယ်​​လောင်
လောင်​ပင်​ကြားရ​တော့သည်​ ။ တ​ယောက်​နဲ့အများ
ပေမဲ့ ဘယ်​သူကမှ   ဆယ်​ဟွန်းကို  ထိ​အောင်​မထိုး
နိုင်​ကြ​သေးဘူး ။ ဆယ်​ဟွန်းရဲ့ လက်​ထဲက သံတုတ်
နဲ့ အရိုက်​ခံလိုက်​ရတဲ့  ​ကောင်​​တွေက​တော့ ​မြေကြီး
ပေါ်မှာ  ပစ်​လဲကာ ညည်းတွား​နေကြ​တော့သည်​ ။
ဆယ်​ဟွန်းက သံတုတ်​ကိုသုံးပြီး ​ခေါင်း​တွေကိုရိုက်​မခွဲ
ထားတာ ကို  ချန်း​ယောလ်​ ​ကျေးဇူးတင်​မိသည်​။

" အို ဆယ်​ ဟွန်း "

လူ တ​ယောက်​ရဲ့ ​ခြေ​ထောက်​ကို သံတုတ်​နဲ့ ရိုက်​ပစ်
လိုက်​တဲ့  ဆယ်​ဟွန်း​ကြောင့်​  ချန်း​ယောလ်​ ​အော်​ကာ
လှမ်းတားလိုက်​ရင်း  ဆယ်​ဟွန်းရှိရာကို ​ပြေးသွားလိုက်
ပေမဲ့ သူ့​ရှေ့ကို​ပြေးဝင်​လာတဲ့  လူတ​ယောက်​​ရဲ့
လက်​သီး​ကြောင့်​ ​ ​​ခြေလှမ်း​တွေကို တန့်​ခနဲရပ်​ပစ်​လိုက်
သည်​ ။ ခန္ဓာကိုယ်​ကိုအ​နောက်​ကို အနည်းငယ်​ယိုင်​ချလိုက်​ ရင်း
ရှောင်​လိုက်​ကာ ထိုလူ၏လက်​ကိုဖမ်းဆွဲလိမ်​လိုက်​ပြီး
မျက်​နှာ​ပေါ် လက်​သီးတချက်​ ပစ်​သွင်း​ပေးလိုက်​တယ်​။

" အိုဆယ်​ဟွန်း  ​တော်​​တော့  "

လူတ​ယောက်​ထဲကိုပဲ ပစ်​မှတ်​ထားပြီး သံတုတ်​ကိုပစ်
ချထားကာ အင်္ကျီ​ကော်​လံစကိုဆွဲကိုင်​ထားပြီး မျက်​နှာ
ပေါ် လက်​သီး​တွေအချက်​​ပေါင်းများစွာ ပစ်​သွင်း​နေတဲ့
ဆယ်​ဟွန်းရဲ့ပုံစံက သည်းကြီးမည်းကြီးဖြစ်​​နေတယ်​။


I Am Yours Where stories live. Discover now