မင်ဆော့ဆီ လွမ်းလို့ရောက်လာပါတယ်ဆိုသော ဂျင်ဝူးက ဂျွန်ဆောင်းနဲ့ မကြာခဏရန်ဖြစ်နေပြီး သူ့ချည်း အနိုင်ပိုင်းနေသည် ။ ဂျွန်ဆောင်းက သိသိ
သာသာကို သည်းခံပေးနေပြီး အပြုံးမပျက်သာ ။
သူ့နားထဲမှာ ဂျင်ဝူးရဲ့ဆဲဆဲဆိုဆိုစကားလုံးတွေက
နားဝင်ချိုနေလေသလားလဲ မပြောနိုင် ။" ပရောဂျက်လုပ်မယ်ဆိုပြီး စာအုပ်လေးတော့ဗန်းပြ
ထည့်လာသင့်ပါတယ် "ဂျွန်ဆောင်းရဲ့စကားကလဲ အမှန် ။ ပရောဂျက်ဗန်းပြပြီး
ီရောက်လာတဲ့ကောင်က လွယ်အိတ်လေးတောင်ပါမ
လာဘူးလေ ။ စဉ်းစားတတ်တဲ့ ဂျွန်ဆောင်းကပဲ လွယ်
အိတ်တလုံးနဲ့ စာအုပ်လေးနှစ်အုပ်လောက်ထည့်လာလို့။" မင်းပါလာတာပဲမဟုတ်လား တွေ့ မင်းကြည့်
အမြဲတမ်း အဲ့ကောင်ကငါ့ကိုပြသာနာရှာနေတာ
မြင်လား မင်ဆော့ "မင်ဆော့ကိုလဲ သူကတပြန် ပြန်တိုင်လိုက်သေးတယ်။
ဆံပင်တွေကြား လက်ထည့်ကုတ်ကာ ဗုန်းဆို ကုတင်
ပေါ်ပြေးတက်ပြီး ပစ်လှဲချလိုက်တဲ့ ဂျင်ဝူး ။ သူ့အိမ်
သူ့ယာ ရောက်နေသလိုပါပဲ ။ ဆံပင်အရောင်ကို
ခဲရောင်ပြောင်းဆိုးထားပြန်တဲ့ ဂျင်ဝူးရဲ့ဆံပင်တွေ
ဘယ်ချိန်ကျွတ်ထွက်ကုန်မလဲမသိ ။" မင်း အဲ့ဆံပင်အရောင် ပြောင်းသင့်တယ်နော် "
ဂျွန်ဆောင်းက လွယ်အိတ်ထဲက စာအုပ်တွေထုတ်ရင်း
အိပ်ယာထက်က ဂျင်ဝူးကိုလှမ်းကြည့်ကာပြောလိုက်
တယ် ။" ငါ ဘာအရောင်ထပ်ပြောင်းသင့်လဲ မင်းပြော "
" အင်းးးးးး ပန်းရောင်ဆိုရင်ကော "
မင်ဆော့ ခွိခနဲ အသံထွက်ရယ်မိသွားတယ် ။ ဟား
ပတ်ဂျင်ဝူးကို ဆံပင်ပန်းရောင်ဆိုးတဲ့ ဟားဟား ။
ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ရယ်တာတောင် မတောမသတ်
နိုင်တဲ့ရယ်နှုန်းကြောင့် အသံတွေကထွက်ကျလို့. ။
ဂျင်ဝူးကလဲ ဒေါသတွေမီးဝုန်းဝုန်းတောက်နေတဲ့
မျက်နှာကြီးလဲ အိပ်ယာထက်ကနေ ထထိုင်လာပြီး
ဂျွန်ဆောင်းကို ကြည့်ပုံကြည့်နည်းတွေက ပြာကျသွား
နိုင်သည် ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.