I Am Yours [ 1 ]

13.5K 1.1K 187
                                    

Let's Go !

[' KyungWon University´]

အဝင်​ဝ တံခါးကြီးက​ ဟီးဟီးထလို့ ။ အနက်​​ရောင်​ဝတ်
စုံပြည့်​နဲ့ ဂိတ်​​စောင့်​က တံခါးဖွင့်​​ပေးလိုက်​တာနဲ့
တံခါးချပ်​ကြီး​နောက်​ ထွက်​​ပေါ်လာတဲ့ KyungWon ကြီးက ဟိတ်​ဟန်​အပြည့်​ ။
ဒါ​တောင်​ အရင်​ဆုံး ​အ​ဆောက်​အဦးကြီး​တွေကိုလှမ်း
မျှော်​ကြည့်​ရရုံတင်​ ။ အလျှိုလျှိုဝင်​လာတဲ့ ကား​တွေက
ကျောင်းဝန်းအတွင်းမှာ လွတ်​လွတ်​လပ်​လပ်​​သွားလာ
နေတယ်​ ။ ပထမဦးဆုံး​လှမ်းမြင်​​နေရတဲ့အ​ရှေ့ဆုံးက
အ​ဆောက်​အဦးကြီး​ရှေ့က ​ရေပန်းကြီးက ကြွားကြွား
ဝင့်​ဝင့်​ ။  လူဦး​ရေ ၃ထောင် သာ ရှိတဲ့ ​ကျောင်းဝန်း
ကြီးထဲမှာ အ​ဆောက်​အဦးကြီး​တွေကဟီးဟီးထလို့
တအံ့တသြ​ငေး​မောရ​လောက်​စရာ ။ ​ကျောင်း​ဝန်းထဲ
မှာ အစိမ်း​ရောင်​မြက်​ခင်းပြင်​ကြီးကလဲ အကျယ်​ကြီး။
ဘေးတဖက်​တချက်​စီ​တွေမှာ စိမ်း ၊ နီညို​ရောင်​နဲ့
ပုံသဏ္ဍာန်​အမျိုးမျိုးပုံ​ဖော်​ထားတဲ့ ပန်းပင်​ခြံ​လေး​တွေ
စီတန်း​နေတယ်​ ။ ခုံတန်း​တွေနဲ့ အုပ်​စုလိုက်​ထိုင်​​နေတဲ့
ကျောင်းသား​တွေ ။ သာမာန်​အားဖြင့်​​တော့
KyungWon က တခြားတက္ကသိုလ်​​တွေနဲ့
မထူးမခြားနားပါပဲ ။

ရှပ်​အင်္ကျီဝတ်​ထားပြီး ကုတ်​​ချောင်းကုတ်​​ချောင်းသွား
နေတဲ့​ယောင်္ကျား​လေး​တွေအကုန်​လုံးက ပထမနှစ်
ကျောင်​သား​တွေ ။ ပထမနှစ်​ဆို​တော့ စီနီယာ​တွေကို
ရှိန်​ပြီး​ကြောက်​လန့်​​နေရကြတယ်​။ဒါ​တောင်​အခွင့်
ကောင်းယူပြီး အနီ​ရောင်​နဲ့အပြာ​ရောင်​ဝတ်​စုံ​ကောင်
တွေက ​ပေ​စောင်း​စောင်းအကြည့်​​တွေနဲ့ဖြဲ​ခြောက်
သွားကြ​သေးတယ်​ ။

ပထမနှစ်​​ကျောင်းသား​တွေအတွက်​ Class A,B,C
,D, E , F စတဲ့ အင်္ဂလိပ်​အက္ခရာ​တွေနဲ့ နာမည်​​ပေး
ထားတဲ့အခန်းဆယ်​ခန်းရှိတယ်​ ။ အခန်း​တွေရဲ့အပြင်
ဘက်​ဘုတ်​ပြားမှာကပ်​ထားတဲ့ နာမည်​​တွေကိုသွားရှာ
ကြည့်​ပြီးမှ အခန်းကိုသိရတာမို့ မြန်​မြန်​သွက်​သွက်
သွားရှာကြည့်​လိုက်​တယ်​ ။ အရင်​ဆုံးဘုတ်​ပြား​ရှေ့မှာ
တိုးကြိတ်​​နေတဲ့​ကျောင်းသား​တွေများပြားလို့ အ​နောက်
မှာအသာ​လေး​ခြေဖျား​ထောက်​ပြီးကြည့်​ရတယ်​ ၊ရှည်
လိုက်​တဲ့အရပ်​​တွေ ၊ ထိုးထိုး​ထောင်​​ထောင်​နဲ့လုယက်
ကြည့်​​နေပြတာ အကြိတ်​အနှယ်​ပဲ ။

I Am Yours Donde viven las historias. Descúbrelo ahora