အဆောင်အခန်းဆီကို အိုဆယ်ဟွန်းတယောက် အေး
အေးဆေးဆေးပင် အထုတ်တထုပ်လက်ကဆွဲထားကာ
လက်တဖက်က ဘောင်းဘီအိပ်ထဲထည့်ကာ လျှောက်
လာနေတုန်း အခန်းတခန်းထဲက ထွက်လာတဲ့ ချန်းယောလ်နဲ့ သွားတွေ့တော့သည် ။" ဘယ်ကပြန်လာတာလဲ ? "
"အိမ်က !"
ဆယ်ဟွန်းဟာ သူ့အကျင့်အတိုင်း မရယ်မပြုံးမျက်နှာ
ထားနဲ့ စကားကို တိုတိုတောင်းတောင်းပဲ ပြန်ဖြေတယ်။
ချန်းယောလ်တယောက် ဆယ်ဟွန်းဆီက 'အိမ်´
ဆိုတဲ့စကားလုံးကို ကြားလိုက်ရတာနဲ့ မျက်ခုံးနှစ်ဖက်
မြင့်တက်သွားချေတော့သည် ။" ထူးထူးဆန်းဆန်း "
ချန်းယောလ်က ဆယ်ဟွန်းကြားလောက်တဲ့အသံအနေ
အထားလောက်နဲ့ တီးတိုးရေရွတ်ကာ ထွက်သွားခဲ့ပေ
မဲ့ ဆယ်ဟွန်းဟာ တပြန် ကိုယ့်ကိုကိုယ်ပြန်လည်အံ့
သြမိသွားတဲ့အဆင့်ကိုရောက်သွားခဲ့တယ် ။ အိတ်ထုပ်
အသေးစားအဝါရောင်လေးကို လက်တဖက်ကကိုင်လာ
ရင်း ခပ်မှန်မှန်အခန်းဆီ လျှောက်လာရင်း အတွေးတွေ
ယောင်ယှက်ခတ်စပြုလာတော့သည် ။ချန်းယောလ်ပြောသွားသလို 'ထူးထူးဆန်းဆန်း.´
သူ အိမ်ကိုဘာပြန်လုပ်မိပါလိမ့်လို့တောင် ပြန်တွေးယူ
မိသည် ။ ဒယ်ဒီကိုယ်တိုင် အိမ်ပြန်လာဖို့အသည်း
အသန် ဖုန်းဆက်ခေါ်တုန်းကတောင် ခြေဦးမလှည့်ခဲ့
တဲ့သူက. ဘာအတွက်ကြောင့် မတွေ့ချင်တဲ့သူတွေကို
မျက်နှာချင်းပြန်ဆိုင်မိခဲ့တာလဲ ? ။ ဘာအတွက်ကြောင့်
အိမ်ကို ပြန်ခဲ့ရတာလဲ ? ။ သူ လမ်းလျှောက်တိုင်း
လက်ထဲကလှုပ်ယမ်းသွားတဲ့ အိတ်ထုပ်အဝါလေးက
သူ့ကို သတိပေးနေသယောင်ပင် ။ အိတ်ထုပ်လေးထဲ
က သုံးလေးအုပ်သော စာအုပ်တွေကို သူမြင်တွေ့လိုက်
ရခိုက် မသိမသာလှုပ်ခါသွားတဲ့ ရင်ဘတ်တနေရာ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.