I Am Yours [ 13 ]

7.9K 1K 94
                                    

နှစ်​​ယောက်​သား စီနီယာချန်း​ယောလ်​ လမ်းညွှန်​​ပေး
လိုက်​တဲ့ ကလပ်​ကို ​ယောင်​လည်​​ယောင်​လည်​နဲ့
ရောက်​ချလာ​တော့သည်​ ။ တခါမှ မ​ရောက်​ဖူး​တော့
လှေကား​တွေမြင်​တိုင်း ဆင်းရမလား ၊ တက်​ရမလား
ကို မသဲကွဲ​တော့ ။ ပတ်​ဂျင်​ဝူးလဲ ​ခေါင်းတကုတ်​ကုတ်
နဲ့ ဆင်းရမလိုလို ၊ တက်​ရမလိုလို ချိတုန်​ချတုန်​ဖြစ်​လို့။


" အ​ပေါ်ထပ်​လား "

" ​အောက်​ထပ်​ ထင်​တယ်​ ဟုတ်​တယ်​ ​အောက်​ထပ်​"

လှေကားက​နေ တဆင့်​ ကို ဆင်းလာလိုက်​​တော့
ရောင်​စုံ​သောမီးအလင်း​တွေကြား အထက်​တန်းစား
ဆန်​ဆန်​ဝတ်​စားဆင်​ယင်​မူ​တွေနဲ့. တကယ်​ကိုလှတဲ့
မိန်းက​လေး​တွေမှ လက်​ချိုး​ရေလို့မနိုင်​​လောက်​​အောင်​။
နှစ်​​ယောက်​သား ပါးစပ်​​ဟဝိုင်းကာ  ​ဘေးကဖြတ်​ဖြတ်
သွား​နေတဲ့ မိန်းမလှ​လေး​တွေကို လိုက်​လိုက်​​ငေးရ
သည်​က အ​မော ။


" KyungWon ​ကျောင်း ကလား တခါမှ
မ​တွေ့ဖူးဘူး​နော်​  အသစ်​​လေးလား "

မိန်းမလှ​လေးက ဂျင်​ဝူးရဲ့​ကော်​လံစကို လက်​​ချောင်း
လေး​တွေနဲ့. ဆွဲကာဆန့်​ကာလုပ်​လာရင်း စွဲစွဲငင်​ငင်
အကြည့်​​တွေနဲ့. ဂျင်​ဝူးနဲ့စကား​ပြောဖို့ အစလုပ်​​နေတယ်
သူမက. အပြာရင်​​ရောင့်​​ပေါင်​လယ်​​လောက်​ထိသာရှိ
တဲ့ ဝတ်​စုံကိုဝတ်​ထားပြီး  ဂျင်​ဝူးနဲ့. ခင်​မင်​ဖို့အစပျိုး
လာ​နေသည်​ ။

" စကား​ပြောဖို့စိတ်​မပါလို့.   Sorry "

မထင်​​လောက်​​အောင်​  ပတ်​ဂျင်​ဝူးက အထာကိုင်​ကာ
မိန်းမလှ​လေးရဲ့ လက်​ကို ပုတ်​ထုတ်​လိုက်​ကာ
'sorry ´ လို့ ​ပြောလိုက်​ပုံ​ကြောင့်​ မင်​​ဆော့​တောင်
မျက်​လုံး​တွေ ကလယ်​ကလယ်​ဖြစ်​သွားပြီး နူတ်​ခမ်းမဲ့
ကာ ထွက်​သွား​တော့တဲ့  ​ကောင်​မ​လေးရဲ့​ကျောပြင်​ကို
လိုက်​​ငေးလိုက်​တယ်​  ။

I Am Yours Where stories live. Discover now