ရုတ်တရတ် အိပ်ယာကနိုးလာတဲ့ အချိန်က မနက်ငါး
နာရီ ။ ခန္ဓာကိုယ်ချင်း ပူးကပ်ကာ အိပ်နေကြလို့
ထိတွေ့နေတဲ့ စီနီယာ၏ခန္ဓာကိုယ်အပူချိန်က. ထူး
ဆန်းနေသည် ။ မသကာင်္လာဖြစ်လာနဲ့. လက်
ဖဝါးကို စီနီယာရဲ့နဖူးပေါ်. အသာတင်မိလိုက်
တော့ စီနီယာ ဖျားနေမှန်းသိလိုက်ရတော့သည် ။
နဖူး ၊ ပါးတွေကို လက်ဖဝါးနဲ့လိုက်ဖိကပ်စမ်းလိုက်
ပြီး ခံစားနေရတဲ့အပူရှိန်ကြောင့် ကပြာကယာ အိပ်
နေတဲ့ စီနီယာကိုနှိုးရတော့သည် ။" စီနီယာ စီနီယာ ထဦး ။ ကိုယ်တွေပူနေပြီ ။
ထ ထ စီနီယာ ကျွန်တော်ပြောတာကြားလား ။ "လက်မောင်းရင်းကို အသာလှုပ်ကိုင်ရင်း နှိုးလိုက်
တော့ ' အင်း´ ဆိုပြီး သံရှည်တချက်ဆွဲကာ
အနည်းငယ်မျှ လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည် ။
ပြီးနောက် မပွင့်တပွင့်မျက်လုံးတွေနှင့် လက်တဖက်
က မြှောက်လာပြီး မင်ဆော့ရဲ့နဖူးပေါ် မရမက
အတင်းလိုက်စမ်းနေတော့သည် ။" မဟုတ်ဘူး ။ ကျွန်တော် ဖျားတာမဟုတ်ဘူး ။
စီနီယာ ဖျားနေတာ ။ "နဖူးကိုအတင်းလိုက်စမ်းနေတဲ့ စီနီယာရဲ့လက်ကို
မင်ဆော့ ဖမ်းဆုပ်ကိုင်ထားလိုက်ပြီး ပါးစပ်ကလဲ
နှိုးရင်း မျက်နှာချောချောထက်က အညိုအမည်းဒဏ်
ရာဒဏ်ချက်တွေကို စိတ်မကောင်းစွာနဲ့. ကြည့်နေ
မိသည် ။ နှုတ်ခမ်းထောင့်စွန်းမှာလဲ ဒဏ်ရာကရှိ
နေသေးသည် ။ အယောက်သုံးဆယ်လောက်နဲ့
တယောက်ထဲမို့. ဘယ်နားမှာ ဒဏ်ရာတွေထပ်ရ
ထားဦးမလဲမသိပါ ။" စီနီယာ ကျွန်တော်တို့. ဆေးရုံသွားကြရအောင် ။ "
သူ ဆေးရုံကိုသာ သွားဖို့ဆော်သြမိသည် ။ သည်မှာ
လဲ သောက်ဆေးသောက်ပြီး နေနေတာထက် ဆေး
ရုံသွားလိုက်တာမှ ဒဏ်ရာတွေကိုပါပျောက်ဖို့ကုသနိုင်
မည် ။ စီနီယာရဲ့အလိုသာဆို တယောက်ထဲ
ကြိတ်မှိတ်ခံနေမည့် ပုံစံသာ ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.