ကျောင်းသွားဖို့ အသင့်ပြင်နေတုန်း အခန်းတံခေါက်
လို့ ဝင်လာတဲ့မားက မုန့်ဖိုးလာပေးပေးတာမို့ မင်ဆော့
မျက်နှာ မြူးထူးသွားလေသည် ။ ချထားတဲ့ လွယ်
အိတ်ပေါ် တင်ပေးသွားပြီး အခန်းထဲကမထွက်ခင်
လှည့်ကာ တစုံတရာ မေးဟန်ပြုသည်မို့ မင်ဆော့
လှမ်းကာကြည့်လိုက်သည် ။" ဟိုကလေး အဆင်ပြေရဲ့လား "
နာမည်တပ်ကာ မပြောလေတော့ သူ့အနေနဲ့ ဘယ်
ကလေးလို ရည်ရွယ်မှန်းမသိဖြစ်သွားတာကြောင့် ခေတ္တ
မျှ ကြောင်အပြီးတွေးတွေးဆဆဖြစ်သွားသေးသည် ။" အာ အာ စီနီယာလား ပြေတယ် မား ။
ဒဏ်ရာက အရှင်းကြီးမပျောက်သွားသေးပေမဲ့ "ခေါင်းတချက်ညိတ်ပြကာ အခန်းထဲကထွက်သွားတဲ့
မားနောက်ကျောကိုကြည့်ရင်း ဂင်မင်ဆော့တယောက်
ကျေကျေနပ်နပ်နဲ့. အပြုံးကြီးပြုံးကာကျန်ခဲ့လေ၏ ။
မားကတော့ စီနီယာကို သဘောကျပေးပေးပါလျက်နဲ့
စိတ်ဆိုးသလို တင်းခံနေတာ ။ စီနီယာလို အဘက်
ဘက်ကပြည့်စုံတဲ့ လူတော်လူကောင်းတယောက်ကို
မားအနေနဲ့ သဘောမကျနိုင်စရာ အကြောင်းမရှိနိုင်
ပါလေ ။ ရုပ်ရည်အနေနဲ့လဲ တကွက်ကလေးမှ
အပြစ်ဆိုစရာမရှိအောင် ပြီးပြည့်စုံပြီးသား ။ ပညာ
ရေးအနေအထားကကော KyungWon လို
ကျောင်းကြီးမှာတောင် နံပါတ်တစ်ကျောင်းသား
တယောက် ။ အပြစ်အနာအဆာမရှိသော စီနီယာ
ပါလေ ။" ကိုကို ညနေကျ စီနီယာကိုကို ကို ခေါ်လာပါ့လား
ညီမလေး တွေ့ချင်လို့ "အခန်းတံခါးကိုအသာဟလို့ ခေါင်းလေးသာထွက်လို့
ညီမဖြစ်သူလေးက သူ့ကိုလာပူဆာလေတော့ မင်ဆော့
တယောက် အိမ်ခေါ်လာဖို့အတွက် အကြိုက်တွေ့
သည်မို့ လက်မနဲ့လက်ညိုးကိုဝိုင်းပြကာ အိုကေလို့
ကတိပေးလိုက်သည်က အားတက်သရောနိုင်လှသည်။
မတတ်နိုင်ဘူးလေ ။ ရုပ်တည်ကြီးဖြစ်နေတာတောင်
ကလေးလေးအတွက်က ခင်တွယ်စရာဖြစ်နေတာက
စီနီယာရဲ့အပြစ်ရယ်ပါ ။ အိမ်ကညီမငယ်က အစ်ကို
ဖြစ်တဲ့သူ့ကိုတောင် သည်လောက်မကပ် ။ စီနီယာ
ကိုတော့ တော်တော်လေးခင်တွယ်ရှာသည် ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.