မနက်ပိုင်း၏ ဒုတိယမြောက်အတန်းချိန်အပြီးမှာ
ပထမနှစ် Class -B အတန်းထဲက ကျောင်းသား
တွေအကုန် စိတ်ပျက်ညည်းသံတွေ ဖွင့်ထွက်လာကြပြီး
ဆူဆူညံညံတွေ ဖြစ်လာကြတယ် ။ ပထမဦးဆုံးသော
အတွေ့အကြုံဖြစ်သည့် Project အတွက် အကုန်
လုံးက ပူပင်မူတွေနဲ့စိတ်လှုပ်ရှားနေကြတော့သည် ။
ဘယ်လို ဘယ်ပုံနည်းနဲ့ လုပ်ရပါမည်လို့ Sample
မပေးဘဲ Group လိုက် Project လုပ်ရမည်
လို့သာ ပြောသွားတဲ့ teacher. ကြောင့် ပထမနှစ်
ကျောင်းသားတွေကတော့ ဘယ်သူ့ကိုအဖေခေါ်ရပါ့
မလဲလို့တောင် စိတ်တိုတိုနဲ့ညည်းတွားကုန်ကြပြီ ။စီနီယာတွေဆီကနေ အရင်နှစ်ကလုပ်ထားခဲ့တဲ့
Project လေးတွေ များရှိနေရင် ဆိုတဲ့အတွေး
မျိုးနဲ့. ဘယ်သူမှသွားတောင်းကြည့်ကြဖို့စိတ်မကူး
ရဲကြ ။ အနည်းအကျဉ်းတော့ Teacher က
Sample Project လေး တော့ ပြသင့်ပါသည်။" ဘယ်လိုလုပ်ကြမလဲ မင်ဆော့ project က
အမှတ်ယူတယ်လို့ပြောသံကြားတယ် ငါတို့တဖွဲ့ထဲ
တူတူကျရင် ကောင်းမယ် မဲနှိုက်ရမှာဆိုတော့လဲ
ထိုင်ဆုတောင်းရုံပေါ့ "ပါးစပ်ကသာ စိုးရိမ်နေဟန်ပုံစံဖမ်းပြနေပြီး တကယ်
တမ်း ပတ်ဂျင်ဝူးတယောက်မှာ ဖုန်းတလုံးနှင့်ဂိမ်းနှိပ်
မပျက်ပါ ။ စုပ်လုံးချိုချဉ်ကိုပါးစောင်မှာငုံထားပြီး
တိတ်တိတ်ဆိတ်ဆိတ်ပဲ ဂျင်ဝူးက ဂိမ်းဆော့နေနိုင်
ပေမဲ့ မင်ဆော့ကတော့ ခပ်လှမ်းလှမ်းမှာ စကားရပ်
ပြောနေကြတဲ့ စီနီယာအိုဆယ်ဟွန်းနဲ့စီနီယာရန်ကို
မျက်တောင်မခတ်တမ်း လှမ်းကြည့်နေတယ် ။" စီနီယာ အိုဆယ်ဟွန်း နဲ့ စီနီယာ ရန် က လိုက်တယ်
နော် သူတို့နှစ်ယောက်သာတွဲရင်တကယ်ကြည့်ကောင်း
မယ် စီနီယာ ရန် က အရမ်းလှတယ် "" မင်းပုံစံက စီနီယာ ရန် ကိုအားကျနေတဲ့ ပုံစံနဲ့
စီနီယာ ရန် က စီနီယာအိုဆယ်ဟွန်း နဲ့ စကားပြော
နေရင်း မင်းမျက်လုံးတွေက ကျွတ်ကျမတတ်ကို
လိုက်ကြည့်နေတာ "
ESTÁS LEYENDO
I Am Yours
FanficDon't wait until it's too late to tell someone how much you youe, how much you care.