ကော်ရစ်တာတလျှောက် နှစ်ယောက်အတူတွဲလျှောက်
လာရင်း စာသင်ခန်းတွေကို ဦးတည်နေကြသည် ။
တရံတခါ လက်မောင်းသားချင်းထိကပ်သွားတဲ့
အခြေအနေတွေကြောင့် စီနီယာရဲ့မျက်နှာကိုမော့ကာ
ငေးလိုက်ရင်း မင်ဆော့ပြုံးသွားသည် ။ သူတို့နှစ်ဦး
၏အခြေအနေကို မရိပ်မိကြအောင် နေထိုင်မူကို
အထူးသတိထားရနေတဲ့အချိန်ဖြစ်နေပေမဲ့ နှစ်ယောက်
အတူဘေးချင်းကပ်လမ်းတွဲလျှောက်နေရင်း ရံဖန်ရံခါ
ထိကပ်သွားမိတဲ့ ခံစားမူက အလိုလိုပြုံးယောင်သမ်း
သွားမိသည် ။ ပကတိအတိုင်း မှန်းရခက်ခဲတဲ့
စီနီယာရဲ့အေးစက်စက် တည်တည်ကြည်ကြည်
မျက်နှာဟာ ဘာအမူအရာမှမရှိနေ ။ သည်တခါ
တော့ ဘေးလူအရိပ်အခြေကိုကြည့်ပြီး မင်ဆော့ဟာ
စီနီယာရဲ့လက်မောင်းရင်းနားကို ပုခုံးနဲ့အသာသွား
တိုက်ပစ်လိုက်ကာ သူမဟုတ်သလို ဟိုငေးဒီငေးလုပ်
ပြနေလိုက်သည် ။ သူ့အပြုအမူကြောင့် စီနီယာက
စောင်းငဲ့ကြည့်ရုံသာကြည့်လာပြီး ရှေ့ကိုပြန်ကာလှည့်
သွားလေတော့သည် ။" လမ်းကို ကောင်းကောင်းလျှောက် "
သတိပေးစကားလို ထွက်လာတဲ့လေသံအေးအေး
ကြောင့် မင်ဆော့ ပြုံးစိစိနှင့် ကျေနပ်သွားလေသည်။
သူ့ကိုပြန်ပြီးအရေးစိုက် စကားပြောလိုက်သည်က
သူ့အဖို့ကျေနပ်စရာတခု ။ နောက်ဆို စကားများများ
ပြောလာအောင် လုပ်ရမည်လို့လဲတေးမှတ်ထားလိုက်
သေးသည် ။ သူက သာလိကာလို့ ဆူညံပေါက်
ပေါက်ဖောက်နိုင်သလောက် ကိုယ့်ဘဲကြီးက ရေခဲတုံး
ကြီးဖြစ်နေတာကတော့ သိပ်တော့မဟန် ။" ကျွန်တော်တို့ အခု လူအများရှေ့မှာ လမ်းအတူ
တွဲလျှောက်နေကြတာပေါ့နော် "ကျေနပ်နေတဲ့လေသံနဲ့ မြူးကြွကြွလေးပြောလာတဲ့
မင်ဆော့ကြောင့် ဆယ်ဟွန်း နူတ်ခမ်းတွန့်ရုံပြုံးသွား
လေသည် ။ နှစ်ယောက်အတူလမ်းတွဲလျှောက်နေရုံ
က သည်လောက်အထိ ပျော်ဖို့ကောင်းနေသည်တဲ့လား။
ဖုံးမရအောင် မြူးထူးနေတဲ့ကိုယ်ဟန်အပြည့်နှင့် ခြေလှမ်းတွေက တက်တက်ကြွကြွဖြစ်နေပြီး သဘောကျ
နေတဲ့မျက်နှာထက်အပြုံးတွေက မင်ဆော့နှင့်သိပ်ကို
လိုက်ဖက်လွန်းသည် ။
![](https://img.wattpad.com/cover/154567745-288-k288463.jpg)
ŞİMDİ OKUDUĞUN
I Am Yours
Hayran KurguDon't wait until it's too late to tell someone how much you youe, how much you care.