I Am Yours [ 26 ]

8.1K 1K 131
                                    


ဖုန်းသံ  တီလုံးတစွန်းတစဟာ အခန်းရဲ့တ​နေရာက​နေ
အသံ​ပေးလိုက်​တာနဲ့.  ကုတင်​ထက်​ကလှုပ်​လှုပ်​ရှား
ရှား​တွေဖြစ်​လာတယ်​  ။  မင်​​ဆော့ဟာ  ပုခုံးထက်​က
နာကျင်​မှု​ကြောင့်​ အနည်းငယ်​လှုပ်​ရှားကြည့်​လိုက်​တာနဲ့
စူးခနဲနာကျင်​မှု ။  ​ခေါင်းကိုသာအသာငဲ့ကြည့်​လိုက်
တော့   သူ့ပုခုံးကအဖိခံထားရတာကိုသိလိုက်​ရတယ်​။
စီနီယာက သူ့ပုခုံးထက်​မှာ မျက်​နှာဖွက်​ပြီး အိပ်​​ကောင်း
နေတုန်းပဲ  ။ ဖက်​တွယ်​ထားတာမျိုး​တော့မရှိ​ပေမဲ့
ခန္ဓာကိုယ်​ချင်းက ပူးပူးကပ်​ကပ်​ ။ သူ လှုပ်​လိုက်​တာနဲ့
စီနီယာပါ လှုပ်​ရှားသွားနိုင်​တဲ့ နီးကပ်​မူမျိုး ။ သူ အခုမှ
ခေါင်းနပန်းကြီးသွားသလို ခံစားလိုက်​ရတယ်​ ။ တည
လုံး တူတူ တကုတင်​ထဲအိပ်​ခဲ့ကြတာပဲ ။ သူ အသက်
ကို ​ဖြေး​ဖြေးမှန်​မှန်​ရှူသွင်းရှူထုတ်​လုပ်​လိုက်​ပြီး
တိတ်​တိတ်​က​လေး ထဖို့ ကြိုးစားလိုက်​တယ်​ ။ ပုခုံး
ပေါ်မှာမျက်​နှာအပ်​ထားတဲ့  စီနီယာရဲ့​ခေါင်းကိုလွတ်
အောင်​ ကိုယ်​ကိုအသာ​လေး​အောက်​ကို​လျှောချကြည့်
လိုက်​တာနဲ့.  အအိပ်​ဆတ်​တဲ့ စီနီယာဆီက အသံ
ထွက်​လာ​တော့တယ်​  ။  သူ အသာ​လေး ငြိမ်​ပြီးမှ
တ​ဖြေး​ဖြေးချင်း   ငုတ်​တုတ်​ထထိုင်​လိုက်​တာနဲ့
နောက်​​ကျောက လှုပ်​ရှားမူနဲ့အသံတခု ပြုလာတယ်​။

" မင်း  ငါ့ကုတင်​​ပေါ် ဘယ်​လို​ရောက်​လာတာလဲ ?"

အင်​ ။ ​ကျော​ပေးထိုင်​လျက်​သားနဲ့ သူ အင့်​ခနဲ​၊နင့်​ခနဲ
ခံစားလိုက်​ရတယ်​   ။ ​မေးတဲ့​ပုံစံကြီးက။ဘာလဲ။
မမှတ်​မိ​တော့ဘူးဆိုတဲ့အဓိပ္ပါယ်​နဲ့လား။အံကိုတင်းတင်း
ကြိတ်​ပြီး ထွက်​​နေတဲ့​ဒေါကိုမြိုချလိုက်​ရတယ်​ ။ ပြီးမှ
သူ လှည့်​ကြည့်​လိုက်​ပြီး  မရယ်​ချင်​ရယ်​ချင်​နဲ့လုပ်​ရယ်
ရယ်​ပြလိုက်​တယ်​ ။ ပါးစပ်​ကိုပိတ်​ပြီးနှုတ်​ခမ်းစွန်းကို
နားရွက်​တက်​ချိတ်​သွား​နိုင်​တဲ့အထိ​ပေါ့။

" အရမ်း​တွေအိပ်​ချင်​လွန်းလို့ ဟိုဘက်​ကုတင်​က​နေ
တကူးတက ကူးလာတာ​လေ"

I Am Yours Where stories live. Discover now