တယောက်တပေါက်နဲ့ ပရုတ်သုတ်ခအော်သံတွေ က
ခန်းမကျယ်ထဲဝယ် ဆူညံပွတ်လောရိုက်နေတော့သည်။
နောက်ဆုံးပိတ်အနေနဲ့ အဖွဲ့လိုက်ကခါနီးမို့ အဝတ်
အစားတွေ ထပ်လဲခါနီး ညည်းတွားနေကြပြန်သည် ။ပန်းရောင်ဝတ်စုံ မိန်းကလေးအဝတ်အစား ဆင်တူလေး
တွေက KyungWon ကျောင်းသား ယောက်ျား
ရင့်မာကြီးတွေကို လှောင်ပြောင်နေသည့်ဟန် ။
ဒူးအထက်ဝဲဝဲ စကတ်တိုပန်းရောင်လေးတွေကို ကြည့်
ပြီး အကုန်လုံးက ရှုံ့ မဲ့ရှုံ့ မဲ့ နှင့် ။" အား ငါ မလုပ်နိုင်တော့ဘူး ဘယ်လိုလုပ်
ဒါတွေကို ဝတ်လို့ရပါ့မလဲကွာ တော်ပြီ မဝတ်နိုင်ဘူး"မင်ဆော့တယောက် ဆံပင်တုကြီးတွေ ဆွဲချွတ်ပစ်ကာ
ကြမ်းပြင်ကို ပစ်ပေါက်လိုက်တော့ မိတ်ကပ်ပြင်ပေးဖို့
စောင့်နေတဲ့ အစ်မကြီးနှစ်ယောက်လဲ ဘာလုပ်လို့ဘာ
ကိုင်ရမှန်းမသိအောင် ဗျာများကုန်ကြတော့သည် ။
ကြမ်းပြင်ထက် ဆောင့်ကြောင့်ကြီးထိုင်နေကာ ငိုမဲ့မဲ့
ရုပ်နဲ့ ဂျင်ဝူးကို မော့ကြည့်လာတော့ ဂျင်ဝူးမှာလဲ
ပန်းရောင်စကတ်တိုလေးကို လက်ကကိုင်ထားပြီး
မင်ဆော့ရှေ့ကို ပစ်ချပေးပစ်လိုက်တော့သည် ။" အခုမှ မဝတ်ချင်ဘူးလာမလုပ်နဲ့ စီနီယာကိုစိန်ခေါ်
တုန်းက မင်းအခွက်က ဒီသောက်ရုပ်မဟုတ်ဘူး
စတိတ်စင်အောက်ကနေ မိန့်မိန့်ကြီးထိုင်ပြီး မင်းကို
ဟား နေမဲ့ စီနီယာရဲ့မျက်နှာကြီးကို မြင်ကြည့်စမ်း "ဂျင်ဝူးက အမြင်ကတ်ဖို့ကောင်းအောင် သူ့စိတ်ကို
အမျိုးမျိုးပြောပြီး ဆွနေလေတယ် ။ နီကြောင်ကြောင်
ဆံပင်တွေကို လက်နဲ့အမျိုးမျိုးပုံသွင်းနေကာ မင်ဆော့
ကိုလဲ မထိတထိပြောရင်း စိတ်ကိုဆွပေးနေသေးတယ်။
ကင်မရာတလက်ကို လည်ပင်းမှာဆွဲလို့ mask
အဖြူကို မေးစေ့အောက်ထိ ဆွဲချထားပြီး ဘယ်လိုဒီဇိုင်း
တွေ ဖမ်းနေသလဲတော့မသိပါ ။ သို့ပေမဲ့လဲ ပတ်ဂျင်ဝူး
က လူငယ်ဆန်ပြီး ကြည့်ကောင်းနေတာတော့အမှန်ပင်
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.