I Am Yours [ 36 ]

7.4K 1K 66
                                    


မနက်​​စော​စောစီးစီး လိုင်းဖွင့်​သုံးမိတဲ့ အကျိုးဆက်​က
ဆိုးဆိုးရွားရွားပင်​   ။ ဘယ်​သူမှန်းမသိတဲ့လူ
တ​ယောက်​က အရင်​​နေ့က ကားမှတ်​တိုင်​မှာ စီနီယာ
နှင့်​သူ အတူရှိ​နေတဲ့ပုံ​တွေကိုတင်​ပြီး  စီနီယာကို
အမျိုးမျိုးပုတ်​ခတ်​​ပြောဆိုထား​လေသည်​ ။ အမျိုးမျိုး
သော​ခေါင်းစဉ်​​တွေတပ်​ပြီး  ပုံ​တွေကိုဖွ​အောင်​လုပ်
လာပြီး  သတင်း​တွေကိုဖြန့်​​အောင်​လုပ်​​နေခဲ့သည်​ ။
ဂျင်​ဝူးကလဲ ​စော​စောစီးစီးဖုန်းဆက်​သတင်း​ပေးထား
လို့ မင်​​ဆော့သည်​လဲ ​ကျောင်းကို​စော​စောထွက်​လာ
ခဲ့လိုက်​သည်​  ။ အ​ဆောင်​ထဲဝင်​လာတာနှင့်​ တချို့
ကျောင်းသား​တွေရဲ့ အကြည့်​​တွေက သိပ်​​တော့အ​ခြေ
အ​နေမ​ကောင်းလှ ။ ဒီ​ကောင်​​တွေကလဲ ပုံ​တွေကို
မြင်​ပြီးသ​လောက်​ရှိလှပြီ  ။

သူတို့ရဲ့ပုံ​တွေက ပူးပူးကပ်​ကပ်​ စကား​ပြော​နေရုံမျှသာ။
ဒါကို  အမျိုးမျိုး​သော​ခေါင်းစဉ်​​တွေနဲ့ ချဲ့ကား​ပြောဆို​နေ
ကြသည်​က စီနီယာကိုတိုက်​ရိုက်​​ပြောဆိုထားကြသည်
များသာဖြစ်​​နေသည်​  ။

* မိန်းက​လေး​တွေကိုမကြိုက်​ဘဲ ​ယောက်ျား​တွေကိုပဲ
ကြိုက်​တာလား * ဆိုတဲ့ဆိုးဆိုးရွားရွား​ခေါင်းစဉ်​​တွေနှင့်
ပြောဆိုထားကြသည်​ကိုသာ စီနီယာ​တွေ့ခဲ့ရင်​ပိုဆိုးနိုင်
သည်​  ။

" ဂင်​မင်​​ဆော့ မင်းကသတ္တိရှိတယ်​​နော်​ ။ မင်း​ကြောင့်
စီနီယာအိုဆယ်​ဟွန်း  နာမည်​ပျက်​​တာကို မင်းမို့
အရှက်​မရှိ  အ​ဆောင်​ထဲ​ခြေချနိုင်​​သေးတယ်​ "

အောက်​ထပ်​မှာတင်​  ​တွေ့ခဲ့တဲ့ ​ကျောင်းသားတ​ယောက်
ဆီက စကား  ။

" အဲ့တာ မင်း​သောက်​​ကြောင်းပါလား "

ရန်​မဖြစ်​ချင်​​သေး ။ အရင်​ဆုံးစီနီယာဆီကိုပဲ ​ရောက်
အောင်​သွားဖို့. စိတ်​​စော​နေတာမို့ ​ ​အော်​သာ​အော်​ထား
ခဲ့ပြီး  အ​ပေါ်ထပ်​ကိုသာတက်​လာခဲ့လိုက်​သည်​  ။
သူ​တောင်​  ​ဒေါသထွက်​​နေတာမို့ စီနီယာဆိုရင်​ဖြင့်
ပြောစရာ​တောင်​မလို​တော့  ။ ဘယ်​သူကများ အတင့်
ရဲပြီး ပုံ​တွေကို​လျှောက်​ဖြန့်​ပစ်​တာပါလိမ့်​ ။ သူတို့အတွက်​ဘာအကျိုးအမြတ်​များ ရမှာမို့လို့လဲ ။
စီနီယာကိုပဲ  ဦးတည်​ပြီးတမင်​တိုက်​ခိုက်​​နေတာမို့
စီနီယာကို  ပြသာနာရှာ​နေပုံရသည်​  ။

I Am Yours Donde viven las historias. Descúbrelo ahora