လဲကျသွားတဲ့ စီနီယာ ဂူထယ်ဂျွန်းကို ကြောင်အအနဲ့
ငေးကြည့်မိနေရာကနေ မော့ကြည့်မိလိုက်တော့
ထိုင်ခုံတလုံးကို လက်နဲ့ကိုင်ဆွဲထားပြီး ရင်ဘတ်တွေ
နိမ့်ချည်မြင့်ချည်ဖြစ်ကာ အသက်ရှူသံတွေပြင်းပြင်းနှင့်
မတ်တပ်ရပ်နေတဲ့ စီနီယာ အိုဆယ်ဟွန်း ကို မြင်လိုက်
တဲ့အခါ ဂင်မင်ဆော့တယောက် မျက်လုံးအပြူးသားပင်
အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့ရတော့သည် ။" စီ စီ နီ ယာ "
"ဒုန်း!!!!"
'ဒုန်း ´ ဆိုတဲ့ လက်ထဲက ထိုင်ခုံကို ပစ်ချလိုက်သံ
ကြောင့် အလန့်တကြား လက်သီးနှစ်ဖက်ကိုဆုပ်ထား
မိသွားသည် ။ လွယ်အိတ်တောင် မပါဘဲ လူချည်းသပ်
သပ် စီနီယာ က ဘာလို့ ဒီအခန်းထဲကို ပြန်ရောက်လာ
ခဲ့ရတာလဲ ? ။ မင်ဆော့ က မေးခွန်းများစွာနဲ့ စီနီယာ
ဖြစ်သူကို သတိလက်လွတ်ငေးကြည့်နေမိတဲ့အချိန်
စီနီယာက ချာကနဲပင် အခန်းထဲကနေ ထွက်သွားနှင့်
တော့သည် ။" စီ စီ နီ ယာ ခ ခဏ နေ "
'ခဏနေပါဦး´ လို့ လှမ်းအော်တားလိုက်ပေမဲ့ ထိတ်
လန့်မူတွေက မပြေပျောက်သေးတာမို့ စကားသံတို့က
အဆုံးစွန်းထိ ထွက်ပေါ်မလာခဲ့ဘဲ တိုးလျှပျောက်ကွယ်
သွားလေသည် ။ ကမန်းကတန်း ကုန်းကြုံးထကာ
လွှင့်ပစ်ခံထားရတဲ့ လွယ်အိတ်ကို ပြေးကောက်ကာ
ထိုအခန်းထဲကနေ ဝရုန်းသုန်းကား ပြေးထွက်လာခဲ့
သည် ။ သို့ပေမဲ့လဲ အခန်းအပြင်ဘက်မှာ စီနီယာကို
မတွေ့တော့ ။ ကော်ရစ်တာတလျှောက် ပြေးလွှားပြီး
ရှာကြည့်ခဲ့ပေမဲ့ စီနီယာရဲ့အရိပ်အခြေကိုတောင် ရှာ
မတွေ့တော့ ။ နောက်ဆုံး ကျောင်းဝန်းထဲမှာ တယောက်ထဲ ဆက်မနေရဲတော့တာမို့ အဆောင်ဘက်
ကိုသာ အပြေးတပိုင်းနဲ့ထွက်သွားခဲ့လိုက်တော့သည် ။ကျောပိုးလွယ်အိတ်အား ဖြစ်သလိုတစောင်းလွယ်ထား
ပြီး အပြစ်လုပ်ထားတဲ့လူတယောက်လို ကျောင်းဘက်
ကို လှည့်ကြည့်လှည့်ကြည့် လုပ်ရင်း အဆောင်ဘက်
ပြေးထွက်သွားတဲ့ ကောင်လေးကို သူ ကျောင်းခေါင်းမိုး
ထပ်ကနေ လှမ်းကြည့်နေလိုက်တယ် ။ တဖြေးဖြေး
သေးငယ်သွားတဲ့ ကျောပြင်ကို ခေတ္တခဏ စောင့်ကြည့်
ပြီးမှ သူ အနောက်ကို လှည့်ကြည့်လိုက်သည် ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.