အပိုင်း ( ၄၁ ) အဆက် ။ရေချိုးခန်းထဲမှာ စီနီယာ ရေချိုးနေတုန်း သူကတော့
စာကြည့်စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ်စီထားတဲ့
စီနီယာရဲ့စာအုပ်တွေကို သွားမွှေနှောက်လိုက်သည် ။
ရေချိုးနေတဲ့သူကို စောင့်နေရတာ ပျင်းပျင်းရိရိ ရှိလှ
တာနဲ့. စာအုပ်တအုပ်ယူဖတ်လိုက် ၊ စားပွဲပေါ်ပြန်
ပစ်တင်လိုက် နောက်တအုပ်ယူဖတ်လိုက်နှင့် အတော်
လေးကို အဆင်ပြေနေသည် ။ သေသေသပ်သပ်
စီရီထားတဲ့ စာအုပ်ပုံဟာ ယိုင်ကျတော့မည်ဟန်
ရွဲ့ စောင်းလို့ နေသည်က သူ့လက်ချက် ။ စီနီယာ
ရဲ့ ကျောင်းစာအုပ်တွေကို ဘာမှနားမလည်ပေမဲ့
ယူကြည့်ပြန်ပြီး ပေါ့ပေါ့တန်တန်ပဲ မသေမသပ်
အနေအထားပြန်တင် စီပေးလိုက်သည် ။ ဟာသ
ပုံပြင်တွေချည်း သီးသန့်စာအုပ်တအုပ်ကို မျက်စိတွေ့
သွားတာနဲ့ ယူပြီး စီနီယာရဲ့ကုတင်ပေါ် လှဲအိပ်ပြီး
ဖတ်နေလိုက်သည် ။သိပ်တော့မကြာ ။ ရေချိုးခန်းထဲက ထွက်လာတဲ့
စီနီယာက. ကုတင်ပေါ်မှာ စာအုပ်တအုပ်နှင့်
ရယ်နေတဲ့ မင်ဆော့ဆီကို အကြည့်ရောက်လာ
သည် ။" မင်း မပြန်သေးဘူးလား "
ဆယ်ဟွန်းရဲ့စကားကို ကြားတောင်ကြားလိုက်လေ
သလား မသိနိုင်အောင် စာအုပ်ဖတ်နေရင်း ရယ်သံ
တွေက. ပိုပိုကျယ်လောင်လာသည် ။ တဟားဟား
နှင့် လက်တဖက်က အိပ်ယာခင်းကို တဖုန်းဖုန်း
ထရိုက်ကာ ရယ်သည် ။ သူ့ကို ဂရုမစိုက်ဘဲ
ရယ်ကြောမပျက်သေးတဲ့ မင်ဆော့ကို ဆယ်ဟွန်း
ဘာမှဆက်မမေးဖြစ်တော့ ။ အဝတ်အစား ထုတ်
ဝတ်လိုက်ပြီးမှ ကုတင်ဘေးကို လာကာ မင်ဆော့
လက်ထဲက စာအုပ်ကို ဆွဲလုယူပစ်လိုက်လေတော့
အရှိန်ပျက်သွားသည်ထင် ကျုံ့သွားတဲ့မျက်ခုံးတွေနှင့်
အကြည့်စူးစူးတွေက ဒိုင်းခနဲရောက်လာသည် ။

أنت تقرأ
I Am Yours
أدب الهواةDon't wait until it's too late to tell someone how much you youe, how much you care.