I Am Yours [ 4 ]

7.5K 1K 164
                                    

လက်​က နာရီကို ကြည့်​လိုက်​​တော့ ​ခြောက်​နာရီ​ကျော်​ ။
ဓာက်​​လှေကားထဲမှာ တ​ယောက်​ထဲခုန်​ဆွခုန်​ဆွဖြစ်
နေရတယ်​ ။ ဂျင်​ဝူးနဲ့အတူ သိပ်​​တောင်​​လျှောက်​မသွား
ရလိုက်​ရဘူး ။ အရသာရှိရှိစားလိုက်​ရတဲ့ အမဲစွတ်​ပြုတ်
လေးကို​တောင်​ ပြန်​မြင်​ရင်း ​သ​ရေယိုချင်​လာပြန်​တယ်​။
စီနီယာရဲ့'အရင်​ကြို​ရောက်​နှင့်​ထား´ ဆိုတဲ့စကားကြီး
ကြောင့်​ ဂင်​မင်​​ဆော့တို့ တန်းပြီးပြန်​​ပြေးလာခဲ့ရတယ်​ ။

ဓာက်​​လှေကားတံခါးပွင့်​သွားချင်းချင်း ကိုယ့်​အခန်းတံခါး
ရှေ့မှာ ဖုန်းကြည့်​​နေရင်း မတ်​တပ်​ရပ်​​နေတဲ့ စီနီယာကို
လှမ်းမြင်​လိုက်​ရတာနဲ့ ကြက်​သီး​တွေဖြန်းခနဲ ။ ဘယ်​ချိန်
ထဲက​ရောက်​​နေတာလဲမသိ ။ မင်​​ဆော့တ​ယောက်
အ​ပြေးတပိုင်း​လေးနဲ့ အခန်း​ရှေ့ကို​ပြေးသွားလိုက်​တယ်

" ကျွန်​​တော်​ နည်းနည်း ​နောက်​ကျ "

စီနီယာက မျက်​လုံးလှန်​ကြည့်​လာပြီး လက်​ထဲကဖုန်းကို
ဘောင်းဘီအိတ်​ထဲထိုးထည့်​လိုက်​ပြီး အခန်းတံခါးကိုမှီ
ထားသည်​ကို ​နေရာ​ရွေ့​ပေးလာတယ်​ ။ မင်​​ဆော့ချက်
ချင်းပဲ password ကို အ​သေအလဲစဉ်းစားရ
တော့သည်​ ။ တခုရိုက်​ထည့်​လိုက်​ ​ခေါင်းကုတ်​လိုက်​ ၊
ရိုက်​ထည့်​လိုက်​ နူတ်​ခမ်းကြီးစူထွက်​လာလိုက်​ ၊
စီနီယာက​တော့ အခန်းနံရံကို​ကျောမှီထားပြီး စိတ်​မရှည်
တော့သည့်​နှယ်​ မျက်​​မှောင်​ကြီးကြုတ်​​နေပြီ ။ စီနီယာ
မျက်​​မှောင်​ကြုတ်​​လေ ဂင်​မင်​​ဆော့တို့လက်​တုန်​​လေပဲ။

" အာ !! ရပြီ ရပြီ စီနီယာ ကျွန်​​တော်​​မေ့​နေတာရယ်
ကျွန်​​တော်​အကြိုက်​ဆုံးမင်းသမီးရဲ့ ​မွေး​နေ့နံပါတ်​ထား
နေကြပဲကို ဒါကကျွန်​​တော့်​​မွေး​နေ့နံပါတ်​ကို______"

စီနီယာကို အထဲကိုဝင်​သွားပြီဖြစ်​တယ်​ ။ မင်​​ဆော့
ပြောလက်​စ​စကား​လေးကိုရပ်​ကာ နှာ​ခေါင်းရှုံ့ ပစ်​လိုက်
တယ်​ ။

I Am Yours Where stories live. Discover now