I Am Yours [ 31 ]

7.5K 1K 65
                                    


မား ရဲ့ ​​ဒေါသတကြီး  ​အော်​​ဟောက်​လိုက်​သည့်​ အသံ ။
ခန္ဓာကိုယ်​ တခုလုံး ​အေးစက်​​တောင့်​တင်းသွားသည့်
နှယ်​  ခံစားလိုက်​ရသည်​  ။  ​ခေါင်း​ပေါ်တည့်​တည့်
မိုးခြိမ်းသံသည်​  ကျယ်​​ကျယ်​​လောင်​​လောင်​ဖြစ်​ထွန်း
လာပြီး   ပစ်​ခွင်းသွားသည့်​နှယ်​ ။ လန့်​ဖြန့်​သွားမိသည်​။
လက်​ထဲက ဖုန်းကိုတလှည့်​ ၊ သူ့ကိုတလှည့်​ကြည့်​ကာ
မားက မျက်​လုံးအစုံပြူးကျယ်​ကာ အံ့သြထိတ်​လန့်​​နေ
တယ်​  ။

"   မား   "

"  မင်း !  မဟုတ်​တာ​တွေ  လုပ်​​နေခဲ့တာလား  "

မားရဲ့ခန္ဓာကိုယ်​  တချက်​ယိုင်​ထိုးသွားသည်​  ။ သူ
အံကိုတင်းတင်းကြိတ်​ကာ   စိတ်​ကိုအတတ်​နိုင်​ဆုံး
လျော့ချဖို့ကြိုးစား​နေရသည်​ ။ မားက​တော့အဆင်
မ​ပြေ ။မားက သူ့ခန္ဓာကိုယ်​ကိုမထိန်းနိုင်​စွာ  ခုံ​ပေါ်
ထိုင်​ချပစ်​လိုက်​တယ်​  ။ မားက မယုံကြည်​နိုင်​​အောင်
ဖြစ်​ပျက်​​နေသည်​ကို  သူ နားလည်​သည်​   ။

"  ဒီ​တောအတွင်း  မင်းကမဟုတ်​တာ​တွေကို လုပ်​​နေ
ခဲ့တယ်​​ပေါ့  ၊  မင်းကို ​ကျောင်းထား​ပေးထားတာ ဒီလို
မဟုတ်​တာ​တွေလုပ်​ဖို့်မဟုတ်​ဘူး​လေ ၊ အနည်းဆုံး
တော့  မိန်းက​လေးတ​ယောက်​နဲ့ပဲဖြစ်​ဖြစ်​  "

"   စီနီယာက သားကိုတကယ်​ချစ်​တာပါ  မား "

သူ အရဲစွန့်​စွာ  ပါးစပ်​ကဆိုမိသွားသည်​  ။

"​တော်​စမ်း  ဂင်​မင်​​ဆော့ ၊  မင်း မင်းဘာ​တွေလုပ်​​နေ
တာလဲဆိုတာ  ကိုယ့်​ကိုကိုယ်​ပြန်​​တွေးကြည့်​စမ်း ၊
ငါ မင်းကိုအမြဲတမ်းသွန်​သင်​ဆုံးမ​နေခဲ့တာပါ   "

မားက ဒါကို သူ့နည်းသူဟန်​နဲ့ တမျိုး​တွေ​တွေး​နေတာ။
မားက သူ့ကိုလမ်းမှား​ရောက်​သွားတယ်​လို့ ​ပြော​နေတာ၊

"  မင်း  မင်းကိုငါ ဘယ်​လိုထိန်းသိမ်း​စောင့်​​ရှောက်​လာ
မိခဲ့တာပါလိမ့်​ ။   ငါ့အပြစ်​​တွေလား ငါအသုံးမကျခဲ့
လို့လား   "

I Am Yours Where stories live. Discover now