ကတိတည်တဲ့စီနီယာကြီးဟာ ကျွန်တော့်ကိုအခန်းမ
ပြောင်းစေဘဲ သူကိုယ်တိုင်လဲမပျက်မကွက် ပြန်ပြန်လာ
တတ်ပြီး ကျွန်တော်နဲ့အမြဲအတူရှိနေပေးသည် ။ တနေ့
လုံးလွမ်းနေရသမျှ ညဘက်မှ စီနီယာရင်ခွင်ထဲတိုးကာ
အလွမ်းသယ်ရ၏ ။ " ခွဲနေရလို့လား မင်း ချွဲတတ်လာ
တယ်လို့ " စီနီယာ ပြောလေ့ရှိသည် ။ တယောက်က
အလုပ်ဝင်နေပြီး တယောက်ကျောင်းတက်နေရတုန်း
အခြေအနေက တကယ့်ကို မုန်းစရာကောင်းတဲ့ အခြေ
အနေပါပဲ ။ စောစောမွေးလာပြီး စီနီယာနဲ့တူတူ တနှစ်
ထဲ အတန်းတူတူတက်ရရင် ဘယ်လောက်ကောင်းလိမ့်
မလဲ ။" မားက စီနီယာကိုမေးနေတယ် အိမ်ကိုလာလည်ပါ
ဦးတဲ့ ၊ မလာတာကြာနေပြီတဲ့ "အလုပ်သွားခါနီး ဆယ်ဟွန်းရဲ့အင်္ကျီလက်က ကြယ်သီး
ကိုတပ်ပေးနေရင်း မင်ဆော့ခေါင်းမော့ကာ ပြောလိုက်
တော့ ဆယ်ဟွန်းကပြုံးပြရင်းခေါင်းညိတ်ပြလေ၏ ။ သူ
တို့နှစ်ယောက်ပုံစံက လက်ထပ်ထားတဲ့ လူတွေလိုလို ။
အလုပ်သွားတော့မဲ့ ဆယ်ဟွန်းရဲ့အင်္ကျီလက်ကကြယ်
သီးတွေကို သေသေချာချာဂရုတစိုက်လေး တပ်ပေးနေ
သည်က ။ ဆယ်ဟွန်းကသိပ်သဘောကျနေသည့်ဟန်။" ကျွန်တော်ပြောမယ် နေ့လည်နားချိန်ကျ မလာပါနဲ့
လား ၊ ခဏတဖြုတ်လောက်လို့လာလာတွေ့နေကြတာ
ပင်ပန်းတာပေါ့ အလုပ်လုပ်နေရတာတောင်ပင်ပန်းနေ
တာကို "" မင်းကမတွေ့ချင်လို့လား "
မကျေနပ်ဟန် မျက်လုံးလှန်ကာ မော့ကြည့်ပစ်လိုက်
သည် ။ ပြောပုံကိုက အချိုးမပြေလိုက်တာ ။ နေ့လည်
နားချိန်ဆို အလုပ်ကနေကျောင်းအထိ လာလာတွေ့
တတ်တဲ့ စီနီယာကို အားနာမိလို့ ။ ဒါကို သဘောမ
ပေါက်တဲ့ စီနီယာပါပဲ ။ လူကို နည်းနည်းလေးလောက်
ထေ့ငေါ့ပြောလိုက်ရမှ နေသာထိုင်သာရှိပုံပါပဲ ။" ဘယ်သူက မတွေ့ချင်ပဲနေမလဲ ပင်ပန်းမှာစိုးလို့လေ
ဗျာ ဒါတောင်သဘောမပေါက်ဘူးလား "
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.