တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် မင်ဆော့ ခေါင်း
ကို ခါယမ်းလိုက်ကာ ဟင်းခနဲ သက်ပြင်းချလိုက်သည် ။
တသက်မှာ တခါတောင်မတွေ့ဖူးတဲ့ခပ်တည်တည်မျက်
နှာ နဲ့ ထိုင်နေတဲ့ ဂျင်ဝူးဟာ စိတ်လဲ သိပ်ရှည်နေပုံမရ ။
ဖုန်းမျက်နှာပြင်ပေါ် ထိကပ်ရွေ့ နေတဲ့ လက်ထိပ်တွေက
ဆောင့်အောင့်တကြီးနိုင်လှသည် ။သူတို့တွေ စကားများထားကြပြန်ပြီ သေလိုက်ပါတော့ !
မေးလဲမေးမကြည့်ချင် ။ ဂျင်ဝူးလိုကောင်က စကားတစ်
ခွန်း ဟကြည့်လိုက်တာနဲ့ အဆပေါင်းများစွာ ပို ပြောနိုင်
သည့် လူစားမျိုးမဟုတ်လား ။ နားညည်းမခံနိုင်သေးပါ။
ဂျင်ဝူး နား ကနေ မသိမသာလေး ထွက်လာခဲ့ပြီး ခပ်
သုတ်သုတ် ခြေလှမ်းတွေနဲ့ သူ စာသင်ခန်းတွေဘက်ကို
ထွက်လာခဲ့လိုက်၏ ။" ဟေး ! ကလေးလေး "
ဒီအသံကြားတာနဲ့ လာရာလမ်းအတိုင်း နောက်ကြောင်း
ပြန်ခေါက်လို့ ပြေးချင်သွားမိသည် ။ တခြားသူတော့ မ
ဟုတ် ။ စီနီယာဗြောင်ဘတ်ဟျွန်းပါပဲ ။ ပထမနှစ် ဂျူနီ
ယာတွေကြားမှာ စီနီယာမင်ဆော့က ကလေးလေး နဲ့
တူတယ်ဆိုတဲ့ စကား ရေပန်းစားနေလေတော့ စ စရာ
ဖြစ်လာလေရဲ့ ။ ထုံးစံအတိုင်း စီနီယာဗြောင်ဘတ်ဟျွန်း
သာလျှင် အခုလို အော်ကျယ်အော်ကျယ် နဲ့ စနိုင်ဆုံးလူ။" စီနီယာဗျာ ! မခေါ်စမ်းပါနဲ့ဗျာ "
သူ ခပ်လှမ်းလှမ်းမှာ လာနေတဲ့ ဆရာ့ကို မြင်တာနဲ့ စာ
သင်ခန်းထဲ ဝင်ဖို့လုပ်တုန်း အနောက်ကနေ အင်္ကျီကော်
လံစကို ဖမ်းဆွဲထားတဲ့ စီနီယာဘတ်ဟျွန်းကြောင့်လူက
ရှေ့ဆက်သွားမရ ဖြစ်ပြီး ယက်ကန်ယက်ကန် ဘဝ
ရောက်သွားရှာသည် ။" ကလေးလေးရဲ့ဆယ်ဟွန်းက ဖုန်းခေါ်နေတာ မကိုင်
လို့တဲ့ အခြေမနေမကောင်းဘူးတဲ့ ယောလ် ကလှမ်း
ပြောခိုင်းလို့ လာပြောပေးတာ "ဟာ သေစမ်း ။ ကပြာကယာ လွယ်အိတ်ထဲ ဖုန်းကို ပြန်
စမ်းတော့ မရှိ ။ သေလိုက်စမ်း ဖုန်းက အခန်းထဲမှာ
ကျန်ခဲ့ပြီ ။ ညက အဖျားနည်းနည်းရှိပြီးနေမကောင်းဖြစ်
တာနဲ့ စီနီယာက စိတ်ပူပြီး ဖုန်းဆက်တာ ဖြစ်မယ် ။ သူ
ချက်ချင်းပဲ စာသင်ခန်းအဝကနေ လှည့်ပြေးဖို့ ပြင်တုန်း
အနားရောက်လာတဲ့ ဆရာ့ကြောင့် ခြေလှမ်းကတန့်ခနဲ။
![](https://img.wattpad.com/cover/154567745-288-k288463.jpg)
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.