I Am Yours [ 20 ]

8.7K 1K 104
                                    


အေးစိမ့်​စိမ့်​ ည​လေက ​နေထိုင်​လို့​ကောင်း​နေတာ​နဲ့ပဲ
အ​ဆောင်​အပြင်​မှာ သူထွက်​ထိုင်​​နေသည်​မှာ တစ်​နာရီ
နီးပါး​လောက်​​တော့ ကြာ​လောက်​ပြီထင်​တယ်​ ။ 'မင်း
သ​ဘောပဲ ​နေချင်​သ​လောက်​​နေ ´ ဆိုပြီးအခန်းထဲ
ပြန်​ဝင်​သွားတဲ့ စီနီယာကိုလဲ  ရွဲ့​စောင်းချင်​တာကခပ်
များများရယ်​ ။ ည​လေ​အေး​အေးကတချက်​တိုက်​သွား
တိုင်း  ကြက်​သီးပါထတဲ့အထိ​အေး​ပေမဲ့ ​နေလို့ထိုင်​လို့
တော့  အ​တော်​​ကောင်းသည်​  ။ ​ကျောင်းဝတ်​စုံရှပ်​အဖြူ
ပါးလပ်​လပ်​တထည်​နှင့်​ သူအ​တော်​​လေး အချိန်​ကြာ
အောင်​ ထိုင်​​နေမိ​တော့သည်​။

" အီးယား   ချမ်းလိုက်​တာ   ချမ်းလိုက်​တာ  "

အခန်းထဲပြန်​​ရောက်​​တော့လဲ  ​ရေချိုးတဲ့အပြင်​​ခေါင်းပါ
လျှော်​ပစ်​လိုက်​​သေး​တော့ ​ရေချိုးခန်းထဲဝယ်​တစ်​နာရီ
နီးပါးကြာသွားပြန်​​တော့ ချမ်းစိမ့်​လာပြီး နှာတရှုံ့ရှုံ့ဖြစ်
လာရပြီ။ ​ရေစို​နေ​သေးတဲ့​ခေါင်းကိုသဘတ်​နဲ့ဟိုသုတ်
ဒီသုတ်​နည်းနည်းပါသုတ်​ပြီး အ​နွေးထည်​ထူထူတထည်
ထပ်​ဝတ်​ထားလိုက်​ရသည်​။ နှာရှုံ့သံဘယ်​​လောက်​ပဲ
ထွက်​လာလာ တချက်​က​လေးမှလှည့်​မကြည့်​​သော
စီနီယာဟာ laptop ထဲ ဒိုင်​ပင်​ပစ်​ထိုးဝင်​​တော့မဲ့
အတိုင်းပဲ ။ ​စိတ်​ဝင်​တစားနဲ့ကိုအာရုံစိုက်​ပြီး တိတ်​ဆိတ်
နေသည်​က mouse ကို နှိပ်​​နေတဲ့အသံ​တွေသာ
ကျယ်​ကျယ်​​လေးထွက်​​ပေါ်​နေလို့ ။

" အာ     ​နေလို့ထိုင်​လို့မ​ကောင်း​တော့ဘူး  "

တ​ဖြေး​ဖြေးချင်းပူပူတက်​လာတဲ့ ခန္ဓာကိုယ်​ရဲ့အပူချိန်​က
နေထိုင်​လို့မ​ကောင်း​တော့။ နှာ​ခေါင်းကရှူထုတ်​လိုက်
တဲ့​လေ​တွေက​လေပူ​တွေဖြစ်​လို့ အာ​ခေါင်​​တွေက
ခြောက်​​သွေ့လာပြီ ။ တံ​တွေးမြိုချဖို့​တောင်​အဆင်​မ​ပြေ
တော့တဲ့အထိ လည်​​ချောင်း​တွေနာ​နေပြန်​ပြီ ။ ခန္ဓာကိုယ်​ရဲ့အပူ​ချိန်​က ​နေထိုင်​လို့မ​ကောင်းပြန်​​တော့
အ​နွေးထည်​ကို ​ဒေါသထွက်​ထွက်​နဲ့ဆွဲချွတ်​ပစ်​လိုက်
တယ်​ ။ သို့​ပေမဲ့သိပ်​မကြာ  ချမ်းစိမ့်​စိမ့်​ကထပ်​ဖြစ်​လာ
ပြန်​​တော့ အ​နွေးထည်​​ကောက်​ဝတ်​ပြန်​၊ချွတ်​လိုက်​ဝတ်
လိုက်​နဲ့ ပတ်​လည်​ရိုက်​​နေတာကကြာလာ​တော့
ဘယ်​လိုမှမ​နေနိုင်​​တော့ဘဲ စီနီယာကြား​အောင်
ညည်းတွားပြရ​တော့​လေသည်​ ။

I Am Yours Where stories live. Discover now