ည ၁၀ နာရီ လောက်အချိန်အခါမှ အဆောင်အခန်းထဲ
က. ဟောင်းလောင်းဖြစ်နေတဲ့ ရေခဲသေတ္တာရဲ့အခြေ
အနေကို ဆယ်ဟွန်း သတိထားမိသွား၏ ။ အမြဲ
လိုလို သူထည့်ထားသမျှ လာလာစားသောက်နေ
တတ်တဲ့ မင်ဆော့ကြောင့် လွန်ခဲ့တဲ့သုံးလေးရက်
လောက်ကမှ ဖြည့်ထားတဲ့ ရေခဲသေတ္တာက အခု
ဟောင်းလောင်းအနေအထားသို့. ရောက်နေချေ၏ ။
ဆိုင်ကယ်သော့ဆွဲပြီး ညအချိန်အခါ သူ ဝယ်ခြမ်းဖို့
အပြင်ထွက်လာခဲ့ရတော့သည် ။သူ လိုအပ်သမျှ ပစ္စည်းတွေကို ဝယ်ခြမ်းသည်က
မင်ဆော့ကြိုက်တတ်တဲ့ အရာတွေ ခပ်များများ ။
အိတ်ထုတ်နှစ်ထုတ်ကို ဆွဲပီး ဆိုင်ထဲကနေ သူ
ပြန်ထွက်လာတော့ မိန်းကလေးတယောက်၏ခါးကို
ဖက်ပြီး ယိုင်ထိုးနေတဲ့ခြေလှမ်းတွေနှင့် လာနေတဲ့
ဂူထယ်ဂျွန်းကို တွေ့လိုက်ရသည် ။ ဂူထယ်ဂျွန်းနဲ့
ထိပ်တိုက်တွေ့ပြီး သတ်ချင်စိတ်တွေကရှိနေပေမဲ့
လူအများရှေ့မှာတော့ ပြသာနာမတက်ချင်တာနဲ့
ဆယ်ဟွန်း ဂရုမစိုက်ဘဲ ကျောခိုင်းလိုက်ကာ
ဆိုင်ကယ်ဆီ သွားဖို့ပြင်လိုက်သည် ။ ကံဆိုးချင်
သည့်ထယ်ဂျွန်းက သူ့အားတွေ့သွားပြန်တော့
အာလေးလျှာလေးအသံနှင့် သူ့အားရန်လှမ်းစ၏ ။" အိုး ! အိုဆယ်ဟွန်းပါလား တိုက်တိုက်ဆိုင်ဆိုင်
တွေ့ကြပြီ ။ အသဲလေး မင်း ကြည့်စမ်း သူက
ကိုယ်တို့ကျောင်းမှာ ယောက်ျားချင်းကြိုက်နေတဲ့သူ။"မူးရူးနေတဲ့ ဂူထယ်ဂျွန်းက. နဘေးက. မိန်းကလေး
အား ခါးကိုတင်းတင်းဆွဲဖက်ကာ သူ့အား ကျော
ပေးမတ်တပ်ရပ်နေတဲ့ ဆယ်ဟွန်းအား လှောင်ရယ်
လေသည် ။ ကျောခိုင်းထားတဲ့ ဆယ်ဟွန်းဟာ
လက်ထဲက. အိတ်ထုပ်တွေကို တင်းတင်းဆုပ်ကိုင်
ထားကာ ဒေါသတွေကြားကနေ. ဟက်ခနဲ တချက်
ရယ်သည်က. ခပ်မဲ့မဲ့အပြုံးတခုနှင့် ။ ရန်မဖြစ်ချင်
လို့. စိတ်ကို ချိုးနှိမ်ထားတာကို သေတွင်းထဲ
ခုန်ဝင်ချင်နေတဲ့ ထယ်ဂျွန်း ။

ESTÁS LEYENDO
I Am Yours
FanficDon't wait until it's too late to tell someone how much you youe, how much you care.