ကျောင်းဝန်းနဲ့တဆက်ထဲ ရှိနေသည့် ၇ထပ်တိုက်
အဆောင်ကြီးက ထင်ထားတာထက်အဆပေါင်းများစွာ
ကြီးကျယ်နေပြန်တယ် ။ KyungWon ထဲက
အဆောက်အဦးတွေက တကယ့် ကြီးကျယ်လှပါတယ်။
ဓာက်လှေကားနဲ့တက်သွားရင်ရပါလျက်နဲ့ နှစ်ယောက်
သား လှေကားအတိုင်သားတက်လာခဲ့လိုက်တယ် ။
ဒုတိယအထပ်မှာလား တတိယအထပ်မှာလားမသိသေး
တဲ့အခန်းနံပါတ်ကိုလိုက်ရှာရင်း နှစ်ယောက်သားအူ
လည်လည်ဖြစ်နေရတယ် ။ အဆောင်ကိုပြောင်းလာ
တဲ့လူလဲသိပ်မရှိသေးတာမို့ တိတ်ဆိတ်ကာခြေသံတွေ
ကိုပင်အတိုင်းသားကြားနေရတယ်။" တတိယအထပ်မှာ ထင်တယ် မင်ဆော့ရ"
နှစ်ယောက်သား အခန်းနံပါတ်ကိုလိုက်စစ်ရှာရင်း
တတိယထပ်ရဲ့ ဘယ်ဘက်ဘေးအစွန်ကအခန်းကို
ရောက်လာတော့တယ် ။" ဒီမှာပဲ မင်ဆော့ မဆိုးဘူးကွ ဘေးအစွန်ဘက်အခန်း
ရတာ ! "ဂျင်ဝူးက အခန်းတံခါးကိုမှာကပ်ထားတဲ့ နာမည်နှစ်ခု
ကို ကြည့်ရင်း သက်ပြင်းမောချလိုက်တယ်။ မင်ဆော့
က စီနီယာဆယ်ဟွန်းနဲ့နေရမှာပါလားလို့တွေးရင်း
ပူပန်မိလာတယ် ။ မင်ဆော့ ကံဆိုးတယ်လို့ပဲပြောရ
မလား ။" မသိတော့ဘူးကွာ စီနီယာအိုဆယ်ဟွန်းက ဘယ်လို
လူမျိုးလဲကွာ တကယ့်အပြာဝတ်စုံနဲ့လူနဲ့မှတခန်းထဲ
အတူကျရတယ်လို့ ငါတော့သေပြီထင်တယ် သူက
မင်းအစ်ကိုစီနီယာချန်းယောလ်ထက်ဆိုးလား "အခန်းနံရံကိုကျောမှီကာ မင်ဆော့ကညည်းညူပြန်
တယ် ။ ဒီတနေ့ထဲနဲ့တင်သူညည်းညူနေတာဘယ်နှခါ
လောက်တောင်ရှိနေပြီလဲ ။ သူကိုကကံဆိုးတာပါ ။မျက်နှာချင်းဆိုင်အခန်းက တံခါးပွင့်လာပြီး စီနီယာရန်
ထွက်လာတာကြောင့် နှစ်ယောက်သားကျောမှီထားရာ
ကနေခွာပြီးမတ်တပ်ရပ်လိုက်ကြတယ် ။ ခပ်တည်
တည်မျက်နှာထားနဲ့တောင် စီနီယာရန်ကမိန်းမရှုံး
အောင်ချောနေတုန်းပဲ ။ ရွှေဝါရောင်ဆံပင်တွေကို
ခေါင်းစည်းကွင်းအမည်းလေးနဲ့စုချည်ထားပေမဲ့
နားထင်နားမှာကျနေတဲ့ဆံပင်စလေးတွေကိုနားရွက်
နောက်ကိုသိမ်းကာညှပ်ထားတယ် ။
أنت تقرأ
I Am Yours
أدب الهواةDon't wait until it's too late to tell someone how much you youe, how much you care.