ထမင်းစားခန်းမထဲမှာ ဖြစ်ခဲ့သည့်ကိစ္စအတွက် မင်ဆော့ဟာ ငြိမ်သက်နေခဲ့သည် ။ KyungWon
မှာ နေရသည်ကိုကြောက်ရှာပါသည်ဆိုမှ ပိုပြီးဖြဲ
ခြောက်နေသလားထင်မှတ်ရအောင် ကိစ္စတွေကဖြစ်
ခဲ့ပြန်သည် ။ စီနီယာ'အိုဆယ်ဟွန်း´ကိုအခန်းဖော်
အဖြစ်ကျထဲက ကံဆိုးတယ်လို့ထင်မှတ်မိခဲ့တယ် ။
ထပ်ပြီးဆိုးတာက နောက်ထပ်စီနီယာခပ်ဆိုးဆိုး
တယောက်နဲ့ပါထပ်ငြိပြန်တယ် ။ ဂင်မင်ဆော့တို့က
နေရာတနေရာကိုရောက်ရင် ပြသာနာတခုခုကတော့
တက်လိုက်ရမှကျေနပ်နိုင်သည်ထင်၏ ။"စီနီယာထယ်ဂျွန်းက မင်းကိုသဘောကျနေတာ "
မင်ဆော့ဟာလေးလေးပင်ပင်သက်ပြင်းရှည်တခုချ
လိုက်ကာ 'ရူးချင်လိုက်တာ´လို့ညည်းတွားလိုက်တယ်
ဂျင်ဝူးကလဲနောက်ပြောနေပုံမပေါ်သလို မင်ဆော့မှာ
လဲ ဟာသလုပ်မနေနိုင်ခဲ့ ။ စီနီယာတွေနဲ့ဝေးဝေးရှောင်
ပါသည်ဆိုမှ တည့်တည့်ကိုတိုးသည် ။ မပတ်သတ်ချင်
ပါဘူးဆိုခါမှ ပက်ပင်းတိုးသည် ။ တော်ပြီပေါ့
ဂင်မင်ဆော့တို့ကံကောင်းချက်တွေက ။" မင်ဆော့ စီနီယာထယ်ဂျွန်းကို တတ်နိုင်သမျှဝေးဝေး
ကရှောင် သူနဲ့မပတ်သတ်တာအကောင်းဆုံးပဲ ငါတို့်က
ဂျုနီယာတွေ စိတ်တိုရင်တောင်သူ့ကိုဘာမှပြန်လုပ်လို့
မရဘူး ငါတို့လုပ်နိုင်တာကရှောင်ဖို့ပဲ "'ငါကျမှ ဘာလို့လဲ ဘာလို့လဲ ´ လို့သာအော်ဟစ်ပစ်
ချင်လိုက်တယ် ။ အထုပ်ဆွဲပြီးအိမ်ပြန်ပစ်လိုက်ရ
မကောင်းရှိတော့မယ်ကွာ ။ တကယ်ပါပဲ တခါတလေ
တော့ကံကောင်းပေးစမ်းပါ ။ တကယ့် တကယ့် ထိပ်တန်းစီနီယာအကြီးစားတွေနဲ့မှ ပတ်သတ်မိရတယ်
လို့ ။ ဖြစ်မဲ့ဖြစ်တော့လဲ ကျားရှေ့မှောက်ယက်လဲသလိုပဲ" ခဏ နားချင်ရင် နားဦး နောက်ထပ်ဆယ်မိနစ်လောက်နေမှအတန်းထဲပြန်ဝင်
လာခဲ့ ငါတော့သွားနှင့်ဦး မင်ဆော့ စီနီယာနဲ့မတိုးစေ
နဲ့ဦးနော် ကြားလား "
![](https://img.wattpad.com/cover/154567745-288-k288463.jpg)
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.