KyungWon ရှေ့ မှာ ခြေချင်းလိမ်နေတဲ့
သတင်းထောက်တွေ ။ တံခါးမဖွင့်ပေးသရွေ့  ခွာမည့်
ပုံ မပေါ် ။ ကျောင်းသားခေါင်းဆောင်တွေကလဲ
KyungWon ရဲ့ ကျောင်းအုပ်ကြီးနဲ့ သွားတွေ့
နေကြချိန်မို့ ဝတ်စုံအပြာတွေနဲ့စီနီယာတွေက ထိုလူ
အုပ်ကြီးကို တံခါးအတွင်းပိုင်းကနေ စောင့်ကြည့်နေကြ
ရသည် ။ မြင့်မားလှတဲ့သံဗန်းတံခါးချပ်ကြီး အပြင်
ဘက်ကနေ သတင်းထောက်တွေကစုအုံကာ သံတိုင်
တွေကြားကနေ ကင်မရာတွေအတင်းထွက်ကာ
KyungWon ရဲ့ အတွင်းပိုင်းကို ဓာက်ပုံတွေ
အဆက်မပြတ်ရိုက်ကြသေးသည် ။ စီနီယာတွေက
တော့ ဓာက်ပုံတွေရိုက်နေတာကို တားမြစ်ခြင်းမလုပ်ကြ
သလို တယောက်တပေါက်အော်ဟစ်မေးမြန်းနေကြ
သည်ကိုလဲ တစုံတရာပြန်ဖြေကြားခြင်းမရှိဘဲ ရေငုံနှုတ်
ပိတ်ကာမတ်တပ်ရပ်နေကြပြီး စောင့်ကြည့်နေကြသည်။" ယူဂျီယောင်း ဆိုတဲ့ကျောင်းသားက တကယ်ပဲ
ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခံရတာလား "" ____"
" ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောပြနိုင်မလား တကယ်ပဲ
KyungWon က ဒီလိုကျောင်းမျိုးလား ""____"
အပြင်ဘက်ကနေ ဘယ်လောက်ပဲ အော်ဟစ်ကာ
အုံအုံကြွကြွဖြစ်နေပါသော်လည်း စီနီယာတွေက ဖြေ
ကြားပေးခြင်းမရှိဘဲ ကျောင်းသားခေါင်းဆောင်တွေ
ကိုသာစောင့်ဆိုင်းနေကြလေသည် ။ အခုလိုဖြစ်ပျက်
နေတဲ့ကိစ္စတွေကိုကလဲ တီဗွီသတင်းမှာလဲပါလာနေပြီ။
စာသင်ခန်းထဲမှာ ရှိနေကြတဲ့ ကျောင်းသားတွေမှာလဲ
အိမ်ကဖုန်းဆက်မေးမြန်းနေကြသည်ကို 'မဟုတ်ပါ
ဘူး ´ လို့ဒိုင်ခံဖြေကြားပေးကြရသည် ။ကျောင်းသားခေါင်းဆောင် ငါးယောက် ထွက်လာသည်
နှင့် အပြင်ဘက်ကသတင်းထောက်တွေက ပွတ်လော
ရိုက်ဆူညံလာပြီး တံခါးကြီးပွင့်ထွက်သွားမတတ် တိုး
ကြိတ်ကုန်တော့သည် ။
YOU ARE READING
I Am Yours
FanfictionDon't wait until it's too late to tell someone how much you youe, how much you care.