ချစ်မိခြင်းအစ(part1)
99.5K 4.7K 63
စစ်​သခင်​ရဲ့ချစ်​ဘုရင်
အပိုင်း ၁
သဲသဲမဲမဲရွာသွန်း​နေသည့်​ မိုးပြင်း​လေပြင်းတို့ကြား
တွင်​ အား​ပျော့စွာ​ပြေးလွှား​နေသည့်​ ​လူငယ်​​လေးတစ်​ဦး။
မိုး​ရေတို့နှင့်​ ​ရောယှက်​စီး​မျောသွားသည့်​ ထိုလူငယ်​၏
ကိုယ်​မှ စိမ့်​ထွက်​​နေ​သော သွေးတချို့ဟာ လမ်းပြင်တစ်လျှောက်ရဲရဲ
နီလျက်။
ထိုက​လေးအား အမိအရလိုက်​လံရှာ​ဖွေ​နေ​သော လူတို့လိုက်​ပါလာသည့်​ အနက်​​ရောင်​ ကားသုံးစီးထံမှ မီးရောင်ရှိန်
ရှိန်သည်လည်း မိုးစက်မိုးပေါက်များအကြား ထိုးထွင်းဖြာထွက်လျက်
ရှိသည်။
ဝေဝါးလာသည့်​မျက်​လုံးအစုံနှင့်​အတူ ထိုလူငယ်​ဟာ
ရောက်ရှိ​ဆဲ​နေရာမှာတင်​ ခွေယိုင်ညွှတ်ကာလဲကျသွားလေပြီးနောက်
အ​မှောင်​ကမ္ဘာထဲသို့...........။
ဆယ့်ခြောက်နှစ်ကြာလေပြီးနောက်။
၂၀၀၉ ခုနှစ်။
*တီတီ...တီတီ...တီတီ...တီတီ.......*
နားစည်​သို့ ဒုက္ခအပြင်းအထန်​လာ​ပေး​သော ကုတင်
ခေါင်းရင်းမှ နှိုးစက်​နာရီကို ခတ်​ပြင်းပြင်း ​ဆောင့်​ပိတ်​လိုက်​သည်​။
မပွင့်​​သေး​သော မျက်​လုံးတို့ကို လက်​ခုံဖြင့်ဖိပွတ်​ကာ
အညောင်းဆန့်ရင်း အိပ်​ယာမှထ၍​လျော့ရဲရဲပုဆိုးကိုပြင်​ဝတ်​လိုက်​သည်​။
ဝတ်​ထားသည့်​ စွတ်​ကျယ်​ဂျိုင်းပြတ်​ကိုချွတ်​ကာ ပုခုံး
ပေါ်တင်​လိုက်​၍ အိမ်​​နောက်​​ဘေးရှိ ​ရေအုတ်​ကန်​ဆီသို့ ဦးတည်​လိုက်​သည်​။
အုတ်​ကန်ပေါ်ရှိ သွားတိုက်​တံနှင့်​ဆပ်​ပြာခွက်​တို့ထည့်​ထား​သော ခတ်​ပိန်​ပိန်​ ဒန်​ဖလားကိုယူကာ မျက်​နှာသစ်​၊​ရေမိုးချိုးခြင်းအလုပ်​ကို စတင်​လိုက်​၏။
အဝတ်​လဲပြင်​ဆင်​ပြီးသည်​နှင့်​လွယ်အိတ်​ဆွဲကာ ​ကျောင်း
သွားရန်​အိပ်ခန်းထဲမှထွက်​ခဲ့သည်​။
မသွားခင်​မီးဖို​ချောင်​သို့ဝင်ကာ မိခင်​ဖြစ်​သူချက်ပြုတ်
ပေးခဲ့သည့်​ ထမင်းဆီစမ်းနှင့်​ ပဲပြုတ်​ကို အဝတွယ်​လိုက်​သည်​။
ဤသည်​မှာ စိုင်း၏မနက်​စာ။
စားပြီးသည်​နှင့်​ပန်းကန်​​ကိုဆေးကြောကာစင်ပေါ်
တွင်​ပြန်​​မှောက်​၍ အိမ်မှထွက်ခဲ့တော့သည်။