အချစ်​ရဲ့လမ်းစ(part 1 )
39K 2.6K 75
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၃၄
Black Diamond ဟူ​သော စာတန်းအနက်​​နက်ဖော်​ထားသည့်
အဖြူ​ရောင်​ ​လေယာဉ်​​ပေါ်မှ ဆင်းလာသော စစ်​သခင်​၏မျက်နှာဟာ
နေ့အလင်းရောင်နှင့်အပြိုင် ကြည်လင်နေခဲ့သည်။
က​လေး...ဦးပြန်​​ရောက်​ပြီ။
က​လေး​လေးအတွက်​ ရည်​ရွယ်​ထားတဲ့ ကုမ္ပဏီ
လေးကို​အောင်​မြင်​​အောင်​ဦးအစွမ်းကုန်​ကြိုးစား​နေတယ်​က​လေး။
ပါသနာ ပရောဂျက် ကို black diamond ကရ​အောင်​ယူနိုင်​ခဲ့ပြီ။
ဦး​ အောင်​မြင်​မှုနဲ့အတူက​လေးဆီပြန်​လာခဲ့ပြီ။
လွမ်းတယ် က​လေးရယ်​။
မ​တွေ့ရတဲ့ တစ်​ပတ်​အတွင်းမှာ ဦး ရူးမတက်​လွမ်း​နေရတယ်​။
အဆက်​အသွယ်​ပုံမှန်​မလုပ်​မိလို့ ​​ကေ​လးနဲ့တွေ့မှ
တစ်ဝကြီးတောင်းပန်​ပါ့မယ်​။
"​ထွန်းလင်း...မြန်​မြန်​​မောင်း"
"ဟုတ်​ သူ​ဌေး"
လိုတာထက်​ပိုသွား​နေ​သော ကားကိုပင်​ ​နှေးသည်​ဟုထင်​​နေမိသည်​။
က​လေး​လေးရဲ့မျက်​နှာလေးကို မြင်​ချင်​​လှပြီမို့။
ကားကို အိမ်​​ရှေ့မှာ ထိုးရက်​လိုက်​သည်​နှင့်​ ကားတံခါး လာဖွင့်​​ပေးမယ့်​လူကိုပင်​မ​စောင့်​​တော့ပဲ ကိုယ့်​ဘာကိုခတ်သွက်သွက် ဆင်းကာ
အိမ်​ထဲသို့အ​ပြေးလေးလှမ်းမိတယ်။
"ကလေး"
"သူ​ဌေး......သူ​ဌေး...သူ​ဌေးပြန်​လာပြီ"
အိမ်​မှာ ​ရောက်​ယက်​ခတ်​​နေတဲ့ ​ဒေါ်နန်းနှင့်​ အခြားအလုပ်​သမားများက ကျွန်တော့်အား ထိပ်​လန့်​စွာကြည့်​လို့ရယ်။
"ဘာ​တွေဖြစ်​​နေကြတာလဲ...က​လေးပြန်​​ရောက်​ပြီလား"
ကျွန်တော့် ခတ်​မာမာအသံ၏​အောက်​တွင်​ သူတို့၏မျက်​ဝန်းများက ကစဉ့်​ကလျား။
သူတို့အား ထပ်​မေး​မနေတော့ပဲ က​လေးအခန်းဆီသို့သာ ခြေချင်းလိမ်မတတ် ဦးတည်​လိုက်​သည်​။
က​လေးက ​ကျောင်းကပြန်​​ရောက်​တာနဲ့ ​ရေမိုးချိုး
အဝတ်​စားလဲတတ်​သည်​မလား။
အခန်းတံခါးကို ဆွဲကာဖွင့်​လိုက်​ပြီး အခန်းထဲသို့ ​မျှော်​ကြည့်​လိုက်​သည့်
အခါ သပ်​ရပ်​သန့်​ပြန့်​​နေ​သော အိပ်​ယာ​နှင့်​ တိတ်​ဆိတ်​​နေသည့်​ အခန်း​လေး။
ရေချိုးခန်းထဲတွင်​ ရှိ​နေသည်​ထင်​ပါရဲ့။
အခန်းထဲသို့ ဝင်​လိုက်​သည့်​ ပထမခြေလှမ်းမှာ နောက်ပါးဆီကအသံ
ကတုန်ကယင်ကိုကြားလိုက်ရပြန်သည်။