အမုန်းမာန်​တိုင်​(part 15)
34.2K 2.3K 13
*စစ်သခင်ရဲ့ ချစ်ဘုရင်*
အပိုင်း ၂၁
မိုးဖွဲ​လေးများ တပေါက်​​ပေါက်​ကျ​နေသည့်​ အိမ်​အပြင်
ဘက်​သို့​ငေးကာ ထိုင်​​နေမိတဲ့အခိုက်အတန့်။
ခြံ​ရှေ့သို့ဆိုက်​​ရောက်​လာသည့်​ ခဲ​ရောင်​ ကား​လေးတစ်​စီး။
ထိုကား​ပေါ်မှ ဆင်းလာသူ​ကြောင့်
ပြတင်းတံခါးနှင့်​ကပ်​လျက်​ထားထား​သော ထိုင်​ခုံ​လေး
ပေါ်မှ ​ငေါက်​ခနဲထရပ်​လိုက်​မိသည်​။
ရင်​ထဲမှ အမည်​မ​ဖော်​တတ်​​သော ပူ​လောင်​မှုတစ်​ခုက အ​ရည်​ပျော်​သွားသလိုခံစားရသည်​​ကြောင့်​ ကိုယ့်​ကိုယ်ကိုအလိုမကျဖြစ်​မိ၏။
ကျောင်းသွားရန်​ ပြင်​ဆင်​ပြီး​သော်​ငြား သွားချင်​စိတ်​မ
ရှိ​တော့သည်​​ကြောင့်​ ရှင်းသန့်​အား မလာ​တော့
ကြောင်းလှမ်း​ပြောကာ မုန်းရပါ​သော လူသား၏
ပြန်​အလာကို ​​စောင့်​​နေသည်​ဆိုရမလား....။
တစ်​ညလုံး ဘယ်​သွား​နေလို့ ဒီအချိန်​မှ ပြန်​လာသည်​မသိ။
အိမ်​ထဲသို့ တရိပ်​​ရိပ်​လျှောက်​လှမ်းလာသည့်​ သူ့အား
အိမ်​အဝင်​အကွယ်​တွင်​​ပျောက်​သွားသည့်​တိုင်​ ငေး
ကြည့်​​နေမိရင်း....။
ကုတင်​​ပေါ်သို့သွား၍ လှဲကာအိပ်​​နေလိုက်​သည်​။
သူပြန်​​ရောက်​လာသည်​နှင့်​ ကျွန်တော့် ထံလာမည်​မဟုတ်လား...။
+++++++++++++++++++
"သူ​ဌေး.....သူ​ဌေးပြန်​လာပြီ..​.အန်တီနန်း"
နှင်းမြ က​အော်​လိုက်​သည်​​ကြောင့်​ မီးဖိုခန်းထဲရှိ ​ဒေါ်နန်းက အ​ပြေးလေးထွက်​လာသည်​။
"သူေ​ဌး ပြန်​လာပြီလား.....​မောင်​မာန်​ထက်​ သူ​ဌေးကိုလိုက်​ရှာ​နေတယ်​"
ဟန်​မပျက်​​လှေကား​ပေါ်တက်​သွားသည့်​ စစ်​သခင်​က ​လှေကား တစ်​ဝက်​ခန့်​တွင်​ရပ်​ကာ။
"သူ့ကို ဖုန်းဆက်​လိုက်​...ပြန်​​ရောက်​ပြီလို့ ဒီ​နေ့အလုပ်​​တွေ တစ်​ခုမှ မဖျက်​ဘူး"
"ဟုတ်​ကဲ့ပါ သူ​ဌေး"
ခတ်​ထန်​လွန်းမက ခတ်​ထန်​​နေသည့်​ စစ်​သခင်​၏ မျက်​နှာထား။
ပြောင်းလဲသွားပြီဟု ထင်​ခဲ့ရ​သော်​ငြားအရင်​ကဲ့သို့
မာ​ကျောခက်​ထန်​ဆဲ...။