အချစ်ရဲ့လမ်းစ(part 6)
35.9K 2.3K 20
စစ်သခင်ရဲ့ ချစ်ဘုရင်
အပိုင်း ၃၉
"မင်းအ​ကြောင်းကို အလဟတ်​သက်​စိတ်​ဝင်​စား​နေတာ
မဟုတ်​ဘူး......ငါ့သားက အဲ့ဒီ​ကောင်​​လေးအ​ပေါ်ခံစား
ချက်​ရှိ​နေတယ်​....ငါ့သားအတွက်​ ငါလုပ်​​ပေးနိုင်​တာ
ရှိမလားလို့ ဒီကိုလာခဲ့တာ..."
ခများက​တော့ ဆီထည့်​ရုံတင်​မကဘူး...မီးတုတ်​ပါ
ကိုင်​လာတာ။
"ခများက ကျုပ်​အိမ်​ထိလာပြီး ကျုပ်​ကို​စော်​ကား​နေတာပဲ"
လေသံဟာ အတော်လေးကို မာကြောသွားမှာမလွဲပေ။
မိမိအိမ်လာတဲ့ ဧည့်သည်ဖြစ်သော်ငြား ဧည့်ဝတ်ကျေပြွန်ဖို့ စိတ်ကူးမ
ရှိတာမို့။
"မင်းအနားမှာ မ​ပျော်​တဲ့ လူတစ်​​ယောက်​ကို မင်းဘယ်​အချိန်​ထိဆွဲထားမလို့လဲ"
ဒီအဖိုးကြီးဟာ အသက်ကြီးသလောက် ဉာဏ်ရည်တိုးတက်လာရဲ့
လား သံသယဝင်ဖွယ်ကောင်းလောက်အောင် စကားအဆန်းတွေသိပ်
ပြောတယ်။
"ခများ ဘာသ​ဘောနဲ့ ကျုပ်​ကိုအဲ့ဒီစကား​တွေလာ
ပြော​နေတာလဲ...ဘာလဲ ခများရဲ့နှ​စ်​​ယောက်​မရှိတဲ့
ပြဿနာ​ကောင်​ သ​င်္ကေတ ကသူကိုယ်​တိုင်​ယူလို့
မရနိုင်​တဲ့အရာကို ခများအာဏာနဲ့သိမ်းခိုင်းလိုက်​လို့လား...."
"ငါ့သားက ငါ့ကို​တောင်းဆိုတာဘာမှမရှိပါဘူး...ငါ့
ဘက်​ကလုပ်​​ပေးချင်​ရုံသက်​သက်​ပဲ"
တစ်သက်လုံး လုပ်ချင်တာတွေလုပ်ခဲ့ပြီးလို့ ဝကာမှ သားအပေါ်ပြန်
ငဲ့နေတဲ့သဘောလား။
"သိပ်​ရယ်​ရတယ်​ ဦးမာန်​ဟိန်​...အိမ်​​ထောင်​ရှိပြီးသား
ကောင်​​လေးတစ်​​ယောက်​ကို ခံစားချက်​ရှိတဲ့သားအတွက်​ သက်​ဆိုင်​တဲ့ကျုပ်​ဆီမှာလာ​တောင်း​နေတာ ခများဇာတ်​လမ်း​ရေး​နေတာ
တော့မဟုတ်​ပါဘူး​နော်​...."
"............."
"ဒီလိုကိစ္စမျိုး ကျန်​စစ်​သား​ခေတ်​မှာ​တောင်​မရှိခဲ့သလို
ကျုပ်​တစ်​သက်​နဲ့တစ်​ကိုယ်​ မကြားဖူးတဲ့ အဖြစ်​မျိုး....
ရာဇဝင်​တွင်​​အောင်​ မလုပ်​ချင်​စမ်းပါနဲ့​ဗျာ...."